Pages - Menu

Saturday, 5 October 2013

သစ်ရွက်ခြောက် တောက်တဲ့


Facebook မှာတွေ့လို့ ပြန်ရှယ်လိုက်တာ။ တောက်တဲ့တော့ ငယ်ငယ်ကတည်းကကြောက်တယ်။ ကပ်မိရင် ခွာလို့ရဘူးတဲ့ ။ လူကြီးတွေပြောတာ။ မိုးကြိးပစ်မှ ကွာတာတဲ့။ နောက်တာနော်...အတည်။
ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာ
မှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ်တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Satanic_Leaf-Tailed_Gecko
Source: International news for myanmar 
 
သုတတိုးပါစေ..
 
ENJOY!
 
HNGET NGAI

No comments:

Post a Comment