Pages - Menu

Saturday, 5 October 2013

Iso burner နှင့် burn နည်း


ကဲဒီတစ်ခါတော့ Iso burner ဆော့ဝဲလ်လေး တင်ပေးလိုက်တယ်။ အသုံးလို မည့်သူများ အောက်မှာဒေါင်းသွားလိုက်နော်။ အသုံးပြုပုံလေးကလည်းရိုးရှင်းပါတယ်။ မသိသေးသောသူများအတွက်ပါ။  တစ်ခါတစ်လေပါ့ သူများချည်းလိုက်မေးနေရတာ မကောင်ဘူးပေါ့။ ကိုယ်တိုင်လေးလုပ်တက်ထားတော့ ပိုကောင်းတာပေါ့ဗျာ။ ဥပမာ -ဆိုဒ်တွေကနေ window ခွေတွေ၊ Iso  ဖိုင်တွေတော့ ဒေါင်းထားပါရဲ့။ အသုံးမပြုတက်ပဲဖြစ်နေမှာစိုးလို့ပါ။ အရင်ဆုံး ဒီဆော့ဝဲလ်လေးကို run လိုက်ပါ။ ပြီးရင် shortcut လေးကိုကလစ်ပေးပါ ။
အဆင့်(၁)
 အဲလိုလေးပေါ်လာမှာဖြစ်ပါတယ်။ အဲလိုပေါ်လာပြီဆိုရင် အပေါင်းပုံစံ Folder လေးကိုတွေ့တယ်ဟုတ်။ အဲဒီကောင်လေးကိုကလစ်ပေးပါ။ 
အဆင့်(၂)
 အဲဒီမှာ Add ဆိုတာကို ကလစ်ပေးပါ။ ပြီးရင် မိမိ burn လိုသော Iso ဖိုင်လေးကိုရွေးပါ။ ရွေးပြီရင် close ကိုကလစ်ပေးပါ။

အဆင့်(၃)
Burn ဖို့အခွေထည့်ထားပါ။ ထည့်ပြီးပြီဆိုရင် အပေါ်ပုံက အောက်ဆုံးနားလေးကိုကြည့်ပါ။ DVD ပုံစံလေးနှစ်ခုက အရောင်တွေတောက်နေပါလိမ့်မယ်။ အဲဒါလေးကို ကလစ်ပေးလိုက်ပါ။ စပြီး burn ပါပြီး ။ ငါးမိနစ် ဆယ်မိနစ်လောက်စောင့်ပါ။ ပြီးရင် complete ဆိုတဲ့စာတန်းလေးပေါ်လာပါ့မယ် ။ ပြီးပါပြီ။ အဆင်မပြေဘူးဆိုရင် ကွန်မန့်လေးပေးခဲ့ပါ။ ဖိုင်ဆိုဒ်က သေးသေးလေးပါ။ 
ဒေါင်းရန် >> minus@ 

ဒေါင်းရန် >> Mediafire
အဆင်ပြေပါစေ...

No comments:

Post a Comment