Pages - Menu
▼
▼
Sunday, 3 November 2013
Bitstrips
အခုတလော facebook မှာ comic ပုံလေးတွေနဲ့status လေးတွေတင် တာခေတ်စားနေ တယ်ဆိုတော့ သယ်ရင်းတွေကိုလည်း အဲဒီလိုလေးတင်လို့ရမယ့် application တစ်ခုကိုမိတ်ဆက်ပေးပါ့မယ်ရှင်။ ဒီ Bitstrips ဆိုတဲ့ application လေးက ကိုယ့်ကိုတိုင်သာမက ကိုယ့်သူငယ်ချင်းတွေကိုပါ comic အဖြစ်ဖန်တီးနိုင်ပါတယ်။ Comic ရဲ့ design ကိုလည်းအမျိုးမျိုးပြောင်းနိုင်ပါတယ်။ Design ဆိုတာမှာ ဆံပင်ပုံစံ၊ မျက်လုံးပုံစံ ၊ မျက်နှာပုံစံ၊ အ၀တ်အစားဒီဇိုင်းသာမက နောက်ထပ်အများကြီးပြောင်းနိုင်ပါသေးတယ်။ Comic အမျိုးအစားပေါင်း (၁၀၀၀) ကျော်ပါပြီးတော့ တစ်နေ့ကိုတစ်ပုံဆီအသစ်တိုးပါတယ်။ ဒီ application လေးက Facebook account နဲ့ join သုံးရတာလေးပါ။ Bitstrips ပဲသက်သက်သုံးလို့ရသလို comic တွေကိုလည်း facebook ကို share လို့ရပါတယ်။ သူ့မှာပါတဲ့ effect တွေကအခု ပြောပြထားတာထက်မကများပါတယ်ရှင်။Bitstrips ကိုသုံးမယ်ဆိုရင် Internet တော့လိုပါတယ်ရှင်။ Android version 2.2. နှင့်အထက်ဖုန်းများသုံးလို့ရပါတယ်။
Size - Bitstrips (49.61 MB)

No comments:
Post a Comment