Pages - Menu

Tuesday, 26 November 2013

Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။



myanmar-blogger


Myanmar နိုင်ငံက လူငယ်တွေ တော်တော်များများ blog လေးတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တစ်ချို့လည်း စမ်းသပ်တဲ့အနေနဲ့ တင်ကြည့်၊ လုပ်ကြည့်ကြပါတယ်။

နည်းပညာ blog တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နည်းပညာ အကြောင်းအရာ မဟုတ်တဲ့ blog တွေလည်း တော်တော်များပါတယ်။ လိုက်ကြည့်မိသလောက် တစ်ချို့တွေ ကိုယ်ပိုင် blog တွေကို ပြင်ရင်း ပြင်ရင်းနဲ့ ပုံစံပျက်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။

တစ်ချို့လည်း နဂို blogger template မဟုတ်ဘဲ တစ်ခြား အပြင်က download လုပ်ထားတဲ့ template ကို width ချဲ့ချင်တာတို့၊ dropdown menu လုပ်ချင်တာတို့၊ လုပ်ချင်တဲ့အခါကျတော့ blogger dashboard ကနေ လုပ်လို့မရတော့ပါဘူး။

 အဲဒီအခါ မေးလ်ပို့ပြီးတော့ အကူအညီတောင်းတာတို့၊ chat ကနေ အကူအညီတောင်းတာတို့ ကြုံလာတဲ့အခါကျတော့ ဒီ post လေးတင်ပြီး အခက်အခဲရှိနေသူတွေကို ကူညီပေးဖို့ စိတ်ကူးရလိုက်ပါတယ်။

အတိုချုပ်ပြောရရင်တော့ အခက်အခဲရှိသမျှ ဆက်သွယ်လာရင် ကူညီဖြေရှင်းပေးမယ်လို့ ပြောတာပါ။
ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက blogger ညီအစ်ကို၊ မောင်နှမများ မိမိရဲ့ blog နဲ့ ပတ်သတ်ပြီး တစ်ခုခုအခက်အခဲရှိရင် gtu.myowin@gmail.com ကို မေးလ်ပို့ပြီး အခက်အခဲများအတွက် မေးမြန် အကူအညီတောင်းနိုင်ပါတယ်။




No comments:

Post a Comment