Pages - Menu

Tuesday, 26 November 2013

Warring:Unresponsive script error in Firefox !! ပြဿနာဖြေရှင်းနည်း !!



အခုဆိုဒ်တော်တော်များများမှာ လာလည်တဲ့လူတွေအများဆုံးကြုံတွေနေရတဲ့ ပြဿနာကတော့
Warring:Unresponsive script error in Firefox  ဆိုတဲ့ ပြဿနာပါပဲ ဒီစာတန်းဝင်လာရင် ဘာမှကို
ဆက်လုပ်လို့မရတော့ပါဘူး။ စက်တစ်ခုလုံးရပ်ထားရတဲ့အနေအထားပါပဲ။ ကျွန်တော်ဘလော့စ်မှာလည်း
မကြာသေးခင်ကပဲ လာရောက်ပြောဆိုသွားပါတယ်။ လာလည်တိုင်းဒီလိုအမြဲဖြစ်နေတဲ့အကြောင်း
ဒီပြဿနာကိုဖြေရှင်းပေးဖို့အောက်မှာဘယ်လိုလုပ်ရလဲဆိုတာ ပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်။
အရင်ဆုံးမိမိအသုံးပြုနေတဲ့ Firefox ကနေပြထားတဲ့အတိုင်း about:config  လို့ထည့်ပြီးရိုက်လိုက်ပါ။
(without quotes)..ကော်ပီကူးပြီးထည့်လဲရပါတယ်။စာလုံးမခြားပါနဲ့...


ပြီးရင် Firefox ရဲ့ သတိပေးတဲ့စာတန်းပေါ်လာပါမယ်။ ဘာမှမကြောက်ပါနဲ့ "I"II be careful,I promise!
ဆိုတဲ့ စာပေါ်လာရင် နှိပ်လိုက်ပါ။
ပြီးရင်အောက်မှာပြထားတဲ့ ပုံပေါ်လာပါမယ်။

dom.max_script_run_time ဆိုတာကို Search ထဲမှာထည့်ပြီး Enter ခေါက်လိုက်ပါ။
 Search ဘောက်ထဲမှာထည့်လိုက်တာနဲ့ အခုလိုပေါ်လာပါမယ်။  အောက်မှာစာတန်းတစ်ခုပေါ်လာရင်
အဲ့ဒီ့စာတန်းပေါ်မှာ  double click နှိပ်ပြီး Enter ခေါက်လိုက်ပါ။ နောက်ထပ်ဘောက်တစ်ခုကျလာပါမယ်။

ကျလာတဲ့ဘောက်ကနေ ပုံမှန်အားဖြင့် 10 Value ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကျွံန်တော်တို့က 20 လို့ပြောင်းပေးလိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။

 ပြီးရင် ကျွန်တော်တို့ new tab ဖွင့်လိုက်ပါ။
ရှိနေတဲ့ tab တွေကိုအကုန်ပိတ်လိုက်ပါ။


 ပြီးရင် Firefox ဘောက်ကို Restart လုပ်လိုက်ပါ။
ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ ပြီးရင်ကျွန်တော်တိတို့  Warring:Unresponsive script error ဆိုတဲ့
ပေါ်တဲ့ဆိုဒ်ကို သွားကြည့်ပါ။ ပေါ်သေးလားဆိုတာ လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။


အရင်လိုမပေါ်တော့ဘူးဆိုတာ လက်တွေ့တွေ့ရမှာပါ။


 Flash error ပြတဲ့ဘောက်ကတော့ ပိတ်လိုက်ရင်
ပြောက်သွားမှာပါ။ Warring:Unresponsive script error ဆိုတဲ့ဘောက်ကြီးကတော့ ပေါ်လာစရာ
အကြောင်းမရှိတော့ပါဘူး။  အားလုံးပဲ ကျေးဇူးတင်ပါတယ်။



နည်းပညာမြို့တော်မှ ကူးဖော်ပြပါသည်..။

No comments:

Post a Comment