Pages - Menu

Thursday, 5 December 2013

ဖုန်းရဲ့ ဘက်ထရီအားတွေကို ထိန်းသိမ်းပေးမဲ့ Battery HD Pro v 1.31 APK



 
Phone နဲ့ Tablet တွေရဲ့ battery အားတွေကို ထိန်းသိမ်းရာမှာ ကောင်းမွန်တဲ့ application တစ်ခုလည်းဖြစ်ပါတယ်။ 
 
Application လေးက  လှပတဲ့ ဒီဇိုင်းလေးနဲ့ battery အသုံးပြုမှုကိုလည်း
အကောင်းဆုံး ပြသပေးနိုင်တာကတော့ battery saver application တိုင်းမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Batteryအသုံးပြုမှုအချိန်ကိုတိုင်းတာရာမှာလဲsystemပိုင်းတစ်ခုချင်းဆီအလိုက်ကို ဖော်ပြပေးတဲ့အတွက်ကြောင့် phone ရဲ့ battery အသုံးပြုမှုပမာဏနဲ့ အချိန်ကို သိနိုင်ပါတယ်။ 
 
Battery အသုံးပြုမှုကို ဖော်ပြပေးတဲ့ system ပိုင်းတွေကတော့ သီချင်းနားထောင်ရင်အသုံးပြုတဲ့ battery ပမာဏ၊ Video ကြည့်တဲ့အခါမှာ အသုံးပြုတဲ့ battery ပမာဏ၊ ဖုန်းပြောရင် အသုံးပြုတဲ့battery ပမာဏ၊ Internet အသုံးပြုတဲ့အခါ (Wifi/ Edge / 3G/ 4G) တိုတွေမှာ ဘယ်လောက်တွေအသုံးပြုထားတယ်ဆိုတာကို သီးခြားစီ ခွဲပြီးဖော်ပြပေးပါတယ်။ 
 
 ဖုန်းကို ဘာမှ အသုံးမပြုပဲ Standby အနေအထားဆိုရင် battery ပမာဏကို ဘယ်လော်အသုံးပြုတယ်၊cahrgingပြန်သွင်းဖို့အတွက်အချိန်ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာတွေကိုလည်း ဖော်ပြပေးပါတယ်။ LED Flashlight အသုံးပြုရင် battery ပမာဏ ဘယ်လောက်ကုန်တယ်၊ 2D Game , 3D Game တွေကစားတဲ့အခါ battery ဘယ်လောက်ကုန်တယ်၊ စာအုပ်ဖတ်တဲ့အခါ battery အားဘယ်လောက်ကုန်တယ်၊ GPS အသုံးပြုတာတွေ၊Vedio Chat လုပ်တာတွေ၊ ဓါတ်ပုံရိုက်တာတွေ နဲ့ ဗီဒီယိုရိုက်တာတွေ စတာတွေအားလုံးရဲ့ Battery အသုံးပြုမှုတွေကို ပြသပေးတဲ့အတွက်ကြောင့် ဒီ application လေးရှိရုံနဲ့ ကိုယ်ဖုန်းရဲ့ battery life ကို သေးစိတ်သိရှိနိုင်ပါပြီ။

ဒီ application လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ android version 2.0 နဲ့အထက်မှာ အသုံးပြုလို့ရပါပြီ။ 
 
 အောက်က link ကနေ download လုပ်နိုင်ပါတယ်။

Download Here




No comments:

Post a Comment