Pages - Menu

Monday, 17 February 2014

အဆင်သင့်သုံး PSD Template 99 Frames for Adobe Photoshop


Photoshop မှာ အဆင်သင့် အသုံးပြုရန် PSD Template ဖိုင်များနဲ့ ဓါတ်ပုံနောက်ခံ ဖရိန်များပဲ ဖြစ်ပါတယ်..။ ဒီအကိုလိုမျိုး ကျနော့်သူငယ်ချင်း တစ်ယောက်လည်း ဒီ Background လေးတွေ တင်ပေးဖို့ ကျန်ခဲ့တဲ့ တပါတ်က တောင်းထားတာ ရှိပါတယ်..။
 
 ဒီနေ့တော့ ရှာလို့ရလာတဲ့ထဲက အဆင်ပြေတာလေးတွေကို စုပြီး တင်ပေးလိုက်ပါတယ်..။ အပေါ်ကပုံမှာ ပြထားသလိုမျိုး နောက်ခံဒီဇိုင်းမျိုးစုံကို မိမိတို့စိတ်ကြိုက် ရွေးယူ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။
 
 PSD ဖိုင်လေးတွေကို အသုံးပြုတတ်အောင်နဲ့ Sample ပုံလေးတွေ ကြည့်လို့ရအောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပြီး.. အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
 ဖိုင်ဆိုဒ်ကတော့ 82 MB ရှိပါတယ်..။



Photoshop ဆော့ဝဲလ် Install ထည့်ထားတဲ့ စက်တွေမှာ ဆိုရင်တော့ ဒီ PSD ဖိုင်လေးတွေကို ဒီအောက်ကပုံလိုမျိုး လေးတွေနဲ့ မြင်ရမှာ ဖြစ်ပြီး.. Photoshop Portable လေးတွေပဲ သုံးသူများကတော့ ရိုးရိုးပုံလေးတွေပဲ မြင်ရမှာပါ..။
 
 ဘာပဲဖြစ်ဖြစ် Portable တွေမှာလည်း ဒီ ဒီဇိုင်းဖရိန်တွေကို ယူသုံးလို့ ရမှာပါပဲ..။


ကျနော်ကတော့ Photoshop CS3 နဲ့ပဲ အသုံပြုပြထားဖြစ်ပြီး အောက်ကပုံလေးအတိုင်း PSD ဖိုင်တွေကို ထုတ်ယူသုံးလို့ ရပါပြီ..။




အပေါ်ပုံအတိုင်း PSD ဖရိန်တခုကို ယူလိုက်ပါတယ်..။ ပြီးရင်တော့ ဒီဖရိန်ထဲမှာ ထည့်ပြီး အသုံးပြုလိုတဲ့ ပုံကို အပေါ်ကတိုင်း ယူလိုက်ပါတယ်..။ ပြီးရင်တော့ အောက်ကပုံလေးတွေ အတိုင်း ဖရိန်ကို ဓါတ်ပုံပေါ် ဆွဲတင်လိုက်တာနဲ့ အောက်ဆုံးပုံလေးတွေအတိုင်း မြင်ရပါပြီ..။



Ctrl+T နဲ့ လိုသလို ချိန်ယူယုံပါပဲ..။ စိတ်ကြိုက်ဖြစ်ရင် Enter ခေါက်ပြီး File >> Save as ကနေ JPEG ဖေါ်မတ်နဲ့ သိမ်းယူလိုက်လို့ ရသွားပါပြီ..။


အောက်ကတော့ ဓါတ်ပုံ ဖေါ်မတ်နဲ့ ထည့်ပေးထားတဲ့ ဖရိန်အလှလေးတွေကို ပြပေးလိုက်တာပါ..။ မိမိတို့ စိတ်ကြိုက်ပါတာလေးတွေ ဆိုရင် အပေါ်ကလင့်မှာ အမြန်သာ ဒေါင်းယူလိုက်ပါ..။

No comments:

Post a Comment