RSS
Facebook
Twitter
Showing posts with label Browser. Show all posts
Showing posts with label Browser. Show all posts
Wednesday, 5 March 2014
4.3.2014 ရက်နေ့နောက်ဆုံးထွက်ရှိလာတဲ့ Google Chrome လေးကိုတင်ပေးလိုက်ပါတယ်ဗျာဒီGoogle Chrome browser လေးရဲ့အကြောင်းကိုတော့မပြောပြတော့ပါဘူး။နောက်ဆုံးထွက်ဘားရှင်းတွေကိုကြိုက်သူများအောက်မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ
Google’s game changing browser Chrome combines sophisticated technology with a simple UI, to create a faster, safer and easier browsing experience. Launched in 2008, Google Chrome quickly dominated the browser market to become the most used browser globally within 4 years of its public release. Google’s rapid and continuous development cycle ensures the browser continues to compete with the other most popular and advanced web browsers available.
Speed
Perhaps the area Google invested most of its development time to differentiate from other browsers. Google Chrome launches extremely quickly from your desktop, runs applications at speed thanks to a powerful JavaScript engine and loads pages rapidly using the WebKit open source rendering engine. Add to this quicker search and navigation options from the simplified UI and you have a browser that is pretty hard to beat on speed.
Clean, simple UI
Google Chrome’s most striking feature and a substantial factor in its popularity - the simple UI hasn’t changed much since the beta launch in 2008. Google focused on trimming down unnecessary toolbar space to maximise browsing real estate. The browser is made up of 3 rows of tools, the top layer horizontally stacks automatically adjusting tabs, next to a simple new tabs icon and the standard minimize, expand & close windows controls. The middle row includes 3 navigation controls (Back, Forward & Stop/Refresh), a URL box which also allows direct Google web searching and a star bookmarking icon. Extensions and browser settings icons line up to the right of the URL box. The third row is made up of bookmark folders and installed apps. Easily overlooked now, this clean UI was a breath of fresh air compared to the overcrowded toolbars of popular browsers pre-2008.
Privacy
Another hugely popular feature, Incognito mode allows you to browse privately by disabling history recording, reducing traceable breadcrumbs and removing tracking cookies on shutdown. Chrome’s settings also allow you to customize regular browsing privacy preferences.
Security
Chrome’s Sandboxing prevents malware automatically installing on your computer or affecting other browser tabs. Chrome also has Safe Browsing technology built in with malware and phishing protection that warns you if you encounter a website suspected of containing malicious software/activity. Regular automatic updates ensure security features are up to date and effective.
Customization
A vast selection of apps, extensions, themes and settings make your browsing experience unique to you. Improve productivity, security, navigation speed, pretty much anything you can think of with apps and extensions from the Google Chrome Store. Install themes created by top artists or make your own using mychrometheme.com. Sign in with your Google Account to back up your contacts, preferences, history as well as access all your Google tools with a single login.
http://www.aungkyawthyu.com/
Saturday, 1 March 2014
Download Internet Explorer 9 ( For PC )
PC မှာ အသုံးပြုဖို့အတွက်  Internet Explorer 9 လေးတင်ပေးလိုက်ပါတယ်။
Internet Explorer ကိုစွဲစွဲ မြဲမြဲ သုံးနေကျတဲ့ သူငယ်ချင်းများရှိရင် ဆောင်ထားနိုင်ပါတယ်။
အောက်မှာ မူရင်း ဆိုဒ်နဲ့ ပြန်ချိတ်ပေးထားပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်။
                    ဒီမှာယူပါ
Thursday, 27 February 2014
ဒီကောင်လေးကိုသားသားမိတ်မဆက်ပေးတော့ပါဘူးနော် ၂၆.၂.၂၀၁၄ရက်နေ့ကိအသစ်ထွက်ရှိလာတဲ့ အင်တာနက် browser Chromeလေးတစ်ပါ ကဲအောက်မှာဒေါင်းယူသွားလိုက်နော်
http://www.aungkyawthyu.com/
Photoshop &Techniques 
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Download
Tuesday, 11 February 2014
Mozilla Firefox ထက် ပိုတဲ့ Google Chrome ၏ ထူးခြားချက်များ
အများစုကတော့ Mozilla Firefox ကို အသုံးပြုကြမယ် ထင်ပါတယ်။ သို့ပေမယ့်လည်း Google Chrome ကို သုံးစွဲသူတွေလည်း ရှိကြပါတယ်။
 Google Chrome မှာ Mozilla Firefox ထက် ပိုတဲ့ ထူးခြားချက်များတွေ ရှိပါတယ်။
အဲဒါတွေကတော့
(၁) အင်တာနက်လိုင်း ကြနေလို့ Mozilla Firefox က အလုပ်မလုပ်ဘူးဆိုရင် Google Chrome က အလုပ်လုပ်ပါတယ်။
(၂) Mozilla Firefox က New Tab တွေများရင် ဟန်းပါတယ်။ သို့သော် Google Chrome ကမဟန်းပါဘူး။
(၃) အင်တာနက်လိုင်း မကောင်းလို့ Mozilla Firefox မှာ ဆွဲထားတဲ့ download ကြသွား ရင်တောင်Google Chrome က မကြပါဘူး။
(၄) Mozilla Firefox က History တွေမရှင်းပဲထားရင် စက်လေးတယ်။ Google Chrome က မလေးဘူး။
(၅) လိုချင်သော အရာကို Mozilla Firefox ထက် ပိုမြန်အောင် Google Chrome ရှာပေးနိုင်ပါတယ်။
Monday, 10 February 2014
Mozilla Firefox Setup 28.0 Beta 1
Mozilla Firefox ရဲ့ နောက်ဆုံး update အသစ်လေး ပါ
update မလုပ်ရသေးတဲ့ သူငယ်ချင်းများအတွက်
 ဒီနေရာကနေပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ
DOWNLOAD
Monday, 9 December 2013
IM-Magic Partition Resizer 1.1.0 Full Unlimited Edition 
သူငယ်ချင်းတို့ကို partition tool လေးနဲ့ဖိတ်ဆက်ပေးလိုက်ပါတယ်၊
partition ကို data တွေမပျက်စီးဘဲ တိုးချဲ့နိုင်မှာဖြစ်ပါတယ်
၊ပြီးတော့ partition တွေကို data တွေမထိခိုက်ဘဲ ကျုံ့ခြင်း၊ ပိုင်းခြားခြင်း၊ ပြောင်းရွေ့ခြင်းနှင့် ပေါင်းစည်းနိုင်ဖို့ ကူညီပေးပါတယ်။
လွယ်ကူပြီး ပုံစံရိုးရှင်းတာကြောင့် အသုံးပြုရတာအဆင်ပြေပါလိမ့်မယ်၊
Windows XP / Vista / 7 / 8 (x86-x64) တင်ထားတဲ့စက်မှာအသုံးပြုနိုင်ပါတယ်၊
ဒီဆော့လ်ဝဲရဲ့လုပ်ဆောင်ချက်အပြည့်အစုံနဲ့ ဘာကြောင့်ဒီဆော့လ်ဝဲကိုသုံးသင့်လဲဆိုတာကိုအောက်မှာဖတ်နိုင်ပါတယ်၊
အားလုံးအဆင်ပြေပါစေ။
Download >> Link 1 / Link 2
Monday, 2 December 2013
Firefox အသုံးပြုသူများအတွက် Firefox browser ကို စိတ်ကြိုက်ကလိလို့ရအောင် ၄င်းရဲ့ နောက်ကွယ်မှ လျှို့ ၀ှက်ချက်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...။ Firefox browser ဟာ အသုံးပြုရ အဆင်ပြေတဲ့ browser ဆိုတာ သုံးစွဲသူတိုင်း သိကြပါတယ်...။ ဒါပေမယ့် version အသစ်တွေ ခဏခဏထွက်လို့ upgrade ပေးပြီးတဲ့ အခါမှာ page loading ဟာ ကြာတတ်ပါတယ်...။ ဒါကြောင့်...
Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု
၁။ Pipelining ကို Enable ပြုလုပ်ခြင်း
ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။
၂။ Content switch threshold ကို လျှော့ချခြင်း
အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။
၃။ Flash ကို Block ခြင်း
Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။
၎။ cache အရွယ်အစားကို တိုးစေခြင်း
သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။
၅။ Render မြန်စေခြင်း
ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။
Password Hacking
အကယ်၍ သင်က သင့်ရဲ့ browser မှာရှိတဲ့ Tools > Options > Security ထဲမှာ Remember password for sites ကို check ပေးထားမယ်ဆိုရင် site တစ်ခုကို ၀င်တဲ့ အခါတိုင်းမှာ notification bar တစ်ခု ပေါ်လာပြီး username နဲ့ password ကို save လုပ် မလုပ်ဆိုတာ မေးပါလိမ့်မယ်။ အကယ်၍ uncheck လုပ်ထားရင်တော့ မေးမှာမဟုတ်ပါဘူး။ check မပေးထားလည်းပဲ အလိုအလျှောက် save လို့ရအောင် javascrpit ဖိုင် တချို့ ကို ပြုပြင်လိုက်ရင်လည်း အလိုအလျှောက် save လုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို တချို့ Social Site တွေမှာလည်း ဖော်ပြထားတာတွေ့တဲ့အတွက် မဖော်ပြပေးတော့ပါ။ နောက်တစ်ခုက Bookmoark Sync ကို သုံးပြီးတော့လည်း Firefox မှာ username နဲ့ password တွေကို save လို့ရပါသေးတယ်။
အခုလို save လုပ်ထားတဲ့ password တွေကို ဘယ်လို hack လို့ရနိုင်သလဲ ဆိုတာကို ဖော်ပြပေးပါမယ်။ hacking လို့ ခေါင်းစဉ်တပ်ထားပေမယ့် ဒါဟာ အမှန်တကယ် hacking တစ်ခုတော့ မဟုတ်ပါဘူး ။ Firefox ဟာ သင့်ရဲ့ computer ပေါ်မှာ အမျိုးအမျိုးသော သတင်းအချက်အလက်တွေကို သိမ်းဆည်းနိုင်တဲ့ bookmarks, plugins နဲ့ history ကဲ့သို့ profile directory တစ်ခုကို ဖန်တီးပါတယ်။ အဲဒီမှာ ဖိုင် နှစ်ခုဟာ password တွေကို သိမ်းထားဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။
၁။ key3.db - ဒီဖိုင်က save ထားတဲ့ passwordတွေကို encrypt လုပ်ပြီး encryption key ရဲ့ copy တစ်ခုကို သိမ်းထားပါတယ်။
၂။ signons.txt, stgnons2.txt (သို့) stgnons3.txt - ဒီဖိုင်တွေက save လုပ်ထားတဲ့ passwords တွေကို သိမ်းထားပါတယ်။ ၄င်းတို့ဟာ encrypt လုပ်ထားတဲ့ passwords နဲ့ Logonတွေပါဝင်တဲ့ ရိုးရိုး text file တွေဖြစ်ပါတယ်။ signons.txt file ကတော့ Firefox version 2 အစောပိုင်း version တွေမှာ အသုံးပြုပြီး signons2.txt ကတော့ Firefox version 2.0.0.2 နဲ့ နောက်ပိုင်း version တွေမှာ အသုံးပြုပါတယ်။ Firefox 3 နဲ့ နောက်ပိုင်း Version အသုံးပြုသူတွေကတော့ signons3.txt file ကိုရှာရပါမယ်။ signons3.txt file ကို signons.sqlite နဲ့ ဖုံးအုပ်ထားပါတယ်။
ဒီ file တွေကို ဘယ်မှာ ရှာရမလဲဆိုတော့ Profile directory ထဲမှာ ၄င်း fileတွေကို သိမ်းထားပါတယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်း Run ထဲမှာ ရိုက်ထည့်လိုက်ရင် operating system ပေါ်မှာ ပြုလုပ်ထားတဲ့ profile folder ထဲကို browsing လုပ်ခြင်းအားဖြင့် ၀င်ရောက်နိုင်ပါတယ်...
Windows 7/Vista/ XP : %APPDATA%\Mozilla\Firefox\Profiles\
Mac OS : ~/Library/Application Support/Firefox/Pofiles/
အကယ်၍ သင့်ရဲ့ Profile directory ကိုမတွေ့ဘူးဆိုရင်တော့ Mozila support page မှာ သွားကြည့်ပါ။
၎င်း file နှစ်ခုကို တစ်ခြားcomputer တစ်ခုဆီသို့ copy ကူးပြီးပို့လိုက်လို့ရပါတယ်...။ သင်ဟာ password တွေကို save လုပ်မိမယ်ဆိုရင် အဲဒီဖိုင်တွေထဲမှာ သင့်ရဲ့ password ပါသွားပါပြီ။ encrypt လုပ်ထားတဲ့ password တွေကို ရှာဖို့အတွက်က Fire Password Viewer ကို အသုံးပြုနိုင်ပါတယ်။
Hacking Network Connection
၁။ server ပေါင်းစုံမှ connection ကို ရနိုင်သမျှရအောင်...
about:config ထဲမှာ network.http.max-connection ဆိုတာရှိပါတယ်။ ၄င်းက များစွာသော network connection တွေကို ထိန်းချုပ်ပြီး Firefox က Web servers အရေအတွက် ဘယ်လောက်များများ တကြိမ်ချင်း ပြုလုပ်ပါတယ်။ အကယ်၍ သင်ဟာ tabတွေ အများကြီးနဲ့ home page အမျိုးမျိုးကိုဖွင့်လို့အဆင်ပြေစေဖို့ (သို့) အမျိုးမျိုးသော server တွေနဲ့ ချိတ်ထားတဲ့ pageတွေကို ၀င်ရောက်ချင်တယ် ဆိုရင် network.http.max-connection ပေါ်မှာ double click လုပ်ပြီး value ကို 32လို့ထည့်ပေးလိုက်ပါ။
၂။ တူညီတဲ့ server မှ connection ကို ရနိုင်သမျှရအောင်...
about:config ထဲမှာရှိတဲ့ network.http.max-connections-per-server ကတော့ သီးခြား connection တွေအတွက် ထိန်းချုပ်ပါတယ်။ page တစ်ခုထဲမှာရှိတဲ့ element မျိုးစုံကို အပြိုင်download ချနိုင်ဖို့ ခွင့်ပြုတဲ့ တူညီတဲ့ server အတွက်ပဲ အလုပ်လုပ်ပါတယ်။ network.http.max-connections-per-server ကို double-click လုပ်ပြီးရင် value ကို 16 လို့ထည့်လိုက်ပါ။ ဒီထက်တော့ ထက်မမြှင့်ပါနဲ့တော့ ဘာလို့လဲ ဆိုတော့ အချို့ site တွေက bandwidth-protection (သို့) antileeching measure အတွက် သင့်ကို block ပါလိမ့်မယ်။
Hacking Addon
Hacking Addon တွေကို အသုံးပြုချင်ရင် https://addons.mozilla.org/en-US/firefox/tag/hacking မှာ ရယူနိုင်ပါတယ်။
အခုအပေါ်မှာ ပြောခဲ့တာတွေက Firefox ကို hack နိုင်တဲ့ နည်းလမ်းတွေထဲက အနည်းငယ်ကိုသာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အပြည့်စုံဆုံး နဲ့ အများကြီးသိချင်တယ် .... ကလိချင်တယ် ဆိုရင်တော့ အောက်မှာ ပေးထားတဲ့စာအုပ်ကို ဖတ်ဖို့အကြံပြုပါရစေ...
Wednesday, 6 November 2013
Firefox 21.0
File Name :Firefox Setup 21.0.exe
 File Size :20.3 MB
 Requirements :Windows XP |Server 2003 | Vista |Server 2008 | Win 7
 Languages :English | …..
 License : Freeware
 Date Add :05-15-2013
 Homepage :
www.mozilla.com/firefox
Download    
  ကိုယ်ပိုင် browser ပြုလုပ်နည်းလေးကို တင်ပေးပါ့ မယ်ဗျာ။
OK တယ်ဆိုရင် စမယ်နော်။ ဘာမှ မခက်ပါဘူး။ အောင်ကိုထက်ကို အထင်ကြီးနေတဲ့ သူတွေကတော့ အန်.... ဆိုပြီးဖြစ်သွားမှာ ကျိမ်းသေပါတယ်။ေိေိ :D ။ ကျွန်တော်ပြောထားသလို ဘာ language မှ မလိုသလို programmer ကြီးလဲ ဖြစ်ဖို့မလိုပါဘူး။ အဓိကက နည်းလမ်းလေးသိရင်ရပါပြီ။
အရင်ဆုံး  ဒီနေရာလေးကိုနှိပ်ပြီး  browser ပြုလုပ်ဖို့ website လေးကို သွားလိုက်ပါ။ ပြီးသွားရင် Start Now ဆိုတာကို နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာကို ရောက်သွားပါလိမ့်မယ်။
အဲ့ဒီထဲမှာ စာကြောင်းနှစ်ကြောင်းတွေ့ရပါလိမ့်မယ်။ ပထမဦးဆုံးစာကြောင်းမှာ ကိုယ့် browser ရဲ့ နာမည်ကိုရေးလိုက်ပါ။ နောက်ထပ်အောက်က တစ်ကြောင်းမှာကတော့ ကိုယ့် browser ရဲ့ ပုံလေးကို Browse ကနေပြီးရွေးပေးလိုက်ပါ။
ပြီးသွားရင် Select Theme ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် themes တွေကိုရွေးခိုင်းပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ themes ပုံလေးကို ရွေးပေးလိုက်ပါ။အဲ့ဒါတွေအကုန်ပြီးသွားရင် ညာ ဘက်အောက် ဆုံးနားမှာရှိတဲ့ I agree to the term of use ဆိုတာကို အမှန်ခြစ်ပေးပြီးရင် Finish and download ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် browser လေးနဲ့ ကိုယ့်ကွန်ပျူတာမှ လန်းနိုင်ပါပြီဗျာ။ေိေိ သိသွားတော့လည်း ဘာမှမဟုတ်သလိုပဲနော်။
From ; http://saithu102.blogspot.com/
Tuesday, 5 November 2013
IT Studier Broswer EXE (for PC)
မင်္ဂလာပါ မိတ်ဆွေတို့ဆိုတာထက် ပိုပြီးရင်းနှီးမှုရှိသွားအောင် မင်္ဂလာပါသူငယ်ချင်း တို့လို့ နှုတ်ဆက် ပါရစေဗျာ။ ဖန်တီးထားတဲ့ browser လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဖန်တီးထားတယ်ဆိုလို့လည်း အထင်ကြီးမသွားပါနဲ့အုံးနော်။ ဘာ language နဲ့မှ မရေးထားသလို ကျွန်တော်က programmer လည်းမဟုတ်သေးပါဘူး။ ကျွန်တော်ပြုလုပ်နည်းကို တော့ နောက်ထပ် post တစ်ခု အသစ်ရေးပေါ့မယ်။
အခုလောလောဆယ်တာ့ ကျွန်တော့်ရဲ့ browser လေးကို အရင် မိတ်ဆက်ပေးလိုက်ပါတယ်။ သုံးရတာ ကြိုက်တယ် သူငယ်ချင်းတို့လည်း ကိုယ်တိုင် browser လေးနဲ့ကိုယ့် computer မှာ လန်းချင်တယ် ဆိုရင်တော့ ပြုလုပ်နည်းကို ထပ်လေ့လာပေါ့နော်။ အရင်ဆုံး IT Studier Browser ကို အောက်က link ကနေ download လုပ် လိုက်ပါ။ ပြီးရင် double click နှိပ်လိုက်တာနဲ့ သူ့ဘာသာသူ download လုပ်ပါလိမ့် မယ်။ အဲ့ဒါလေးကို ခဏစောင့်ပေးလိုက်ပါ။ ပြီးသွားရင် တော့ အသုံးပြုလို့ရပါပြီ။
အဆင်ပြေတယ်မပြေဘူးဆိုတာလေးကိုတော့ comment ပေးခဲ့စေချင်ပါတယ်။ အဲ့ဒါမှ ကျွန်တော် ပြုလုပ် နည်းကို တင်ပေးသင့် မတင်ပေးသင့် ဆုံးဖြတ်ရမှာမို့လို့ပါ။ 
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 
အားလုံးအဆင်ပြေကြပါစေ.... 
 Credit ; Software မြို့တော်
Monday, 4 November 2013
Browser Error အကြောင့်
မင်္ဂလာပါဗျာ..အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါဒါက ကျွန်တော်လေ့လာမိသလောက် မှတ်စုများထဲက ပြန်လည်ကူးယူဝေမျှတာပါ  Browser ဆိုတာကတော့
Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browser ကိုပြောတာပါ။ဥပမာ ... Internet
Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ
ဖြစ်တက်တဲ့ Error လေးတွေ အကြောင်းကိုပြောပြချင်ပါတယ်။Browser Error တွေကတော့
Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status
Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။
အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
400: Bad Request Error
400 Bad Request browser error ကတော့ Website Server ဆီကို web page တွေ Load လုပ်ဖို့
Request တွေပေးပို့တဲ့အခါမှာ ၎င်း Server ကနေ request ကိုprocess မလုပ်တဲ့အခါ ၊ Request
ကိုနားမလည်တဲ့အခါတွေမှာ တွေ့ရလေ့ရှိတဲ့ Error ပါ။ ဒီ Error ဖြစ်ပြီဆိုရင်တော့
" 400: Bad Request " (or)
" HTTP Error 400 - Bad Request "
ဆိုပြီးခေါ်လေ့ရှိပါတယ်။ 400 Bad request Error က URL ကို မှားရိုက်လို့သော်လည်းကောင်း ၊ URL
ကို Point လုပ်ထားတဲ့ Link က မှားနေ၍သော်လည်းကောင်းဖြစ်တက်ပါတယ်။ ဆိုလိုတာက Web
Site မှားရိုက်လို့ (or) Web Site Link ကို Point လုပ်ထားတာ မှားနေလို့ ဖြစ်တက်ပါတယ်။ ဒါကြောင့်
မိမိကြည့်လိုတဲ့ Web Site ကိုသေချာမှန်ကန်စွာ ရိုက်ထည့်ပါ။
401: Unauthorized Error
401 Unauthorized Error ကတော့ Website တွေကို ၀င်ရောက်သုံးစွဲတဲ့အခါတွေမှာ ပထမဦးဆုံး
Log on ၀င်တဲ့အခါတွေမှာ ဖြစ်တက်တဲ့ Error မျိုးပါ။ အကယ်လို့ Log on၀င်ဝင်ချင်း 401 Error
ကိုရရှိတာဆိုရင်တော့ မိမိဝင်လိုက်တဲ့ Credential (မည်သူမည်ဝါဖြစ်ကြောင်း)
ကအကြောင်းတစ်ခုခုကြောင့် လွဲမှားနေလို့ပါ။ ဒါကြောင့် User name နဲ့Password ကို
သေချာစွာရိုက်ထည့်ပါ။ URL က Valid ဖြစ်တာသေချာတယ်ဆိုရင်တော့ Website ရဲ့ Main page
ကိုသွားပြီး Login (or) Secure Accessအကြောင်းကိုပေးထားတဲ့ Link ကိုရှာဖွေပါက ၎င်းနောက်
မိမိရဲ့ Credential နဲ့ တဖန်ပြန် try ကြည့်ပါ။
403: Forbidden Error
403: Forbidden Browser Error ကတော့ URL က Web page အစား directory ကို Point
လုပ်ထားတဲ့အခါမှာ ဖြစ်တက်ပါတယ်။ အကယ်၍ မိမိရောက်ရှိဖို့ ကြိုးစားနေတဲ့page က
မှန်ကန်တယ်ဆိုရင်တော့ ဒီ Error က အခြား mistake ဖြစ်ပါလိမ့်မယ်။
404: Not Found Error
ဒီ Error က တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ Error မျိုးပါ။ 404 Error တွေ့ပြီဆိုရင်တော့
အောက်ပါအတိုင်း Error တွေပေါ်တက်ပါတယ်။
404 Error ကတော့ မိမိဝင်ရောက်အသုံးပြုဖို့ ကြိုးစားတဲ့ Web page က Website ရဲ့ Server
မှာမတွေ့လို့ပါ။ 404 Error တွေ့လို့ရှိရင်တော့ Refresh / Reload buttonကိုနှိပ်ပြီး web page ကို
Retry လုပ်ပါ။ ၎င်းနောက် address bar မှာ URL ကို ထပ်ရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ ဥပမာ “
www.w.com/a/b/c.htm ဆိုပြီးဝင်လိုက်လို့ 404 Errornot found လို့ပြနေတယ်ဆိုရင်
www.w.com/a/b လို့ရိုက်ထည့်ပါ။ အဲဒါမှမရသေးရင် တစ်ဆင့်ပြန်လျော့ပြီး www.w.com/a
လို့ရိုက်ထည့်ပြီးပြန်ဝင်ကြည့်ပါ။
408: Request Timeout Error
408 Error ကတော့ web page တွေကို Loading လုပ်တဲ့အခါမှာ website ရဲ့ Server က
ပြင်ဖို့စောင့်ရတဲ့အချိန်ထက် အချိန်ကြာမြင့်စွာပိုယူလို့ဖြစ်ပေါ်တက်တဲ့ Error ပါ။ဆိုလိုတာက မိမိ
Website ရဲ့ Connection က timeout ဖြစ်သွားတာပါ။ Error ဖြေရှင်းဖို့ဆိုရင်တော့ Refresh ပြီးပြန်
try ပါ။ Address bar မှာ address ကို ပြန်ရိုက်ပြီးပြန်စစ်ကြည့်ပါ။ Slow connection
ခဏခဏဖြစ်ရင်လည်းပဲ တစ်ရံတစ်ခါမှာ ဒီလို Error မျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် connection
ကိုလည်းစစ်ဆေးသင့်ပါတယ်။
500: Internal Server Error
500 Bad Server Error ကတော့ ယေဘုယျအားဖြင့် အတွေ့ရများပါတယ်။ ဒီ Error မျိုးကတော့
Website ရဲ့ Server က ချွတ်ယွင်းသွားတဲ့အခါတွေမှာ တွေရှိရပါတယ်။
Server ဘက်က Error ပါ။ မိမိရဲ့ PC (or) Internet Connection နဲ့မဆိုင်ပါဘူး။ ဒါကြောင့်
မကြာခဏ Refresh လုပ်ကြည့်ပြီးသုံးပါ။
502: Bad Gateway Error
502 Bad Gateway Error ကတော့ Server တစ်ခုကနေ web page တွေကို accessing
လုပ်ဖို့ကြိုးစားတဲ့အခါ အခြား Server ကနေ invalid response ကိုလက်ခံရရှိချိန်(or) Browser
ကအခြား request တွေကို ဖြည့်တဲ့အခါတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ 502 Error က Internet
ပေါ်မှာရှိတဲ့ Server တွေကြားက network ဖြစ်တာကြောင့် မိမိ PCတွေ ၊ Internet connection
တွေနဲ့မဆိုင်ပါဘူး။ ဒါက Server ဘက်ကဖြေရှင်းရမယ့် ကိစ္စပါ။ ဒါကြောင့်ခဏလောက်စောင့်ပြီး
မိမိလုပ်လို့ရတာကတော့ Refresh button ကိုခဏခဏနှိပ်ပြီး web page ကို ပြန် try ဖို့ပါ။
503: Service Unavailable Error
503 Error ကတော့ ခဏလောက်ပဲ Web Site Server ကိုမတွေ့ရှိခြင်းပါ။ ဒီ Error မျိုးဖြစ်ပါက
Server ကို Maintenance လုပ်နေချိန် (or) temporary overloading တွေကြောင့်ဖြစ်တာပါ။ ကဲ
အခုတော့ ဒီလောက်နှင့်ပဲကျေနပ်ပါဦးနော်။
မင်္ဂလာပါဗျာဒီနေ.ကျွန်တော်တင်ဆက်ပေးချင်တာကတော့ ကွန်ပြူတာမှာ 
အင်တာနက်မြန်နှုန်းနည်းနည်းမြှင့်ကြည်ခြင်းပဲဖြစ်ပါတယ်
 တကယ်ဆိုရင်တော့မူရင်းကောင်းမှပုံထွက်ကောင်းမှာပါ ဒါ့ကြောင့်လဲ 
အရမ်းမမျှော်လင့်ဖို.ကြိုပြောထားပါရစေ 
ကျွန်တော်တို.သိသလောက်အနည်းငယ်လေးကိုမျှဝေတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိခဲ့ရင်လဲ 
နားလည်ပေးကြဖို.မျှော်လင့်ပါတယ် ကဲ့စလိုက်ရအောင်ဗျာ…
ပထမဆုံး Run box ကိုခေါ်ဖို.အတွက် 
window key နဲ. R ကို တွဲနှိပ်ပါ Run box ထဲမှာ gpedit.msc လို.ရိုက်ထည်.လိုက်ပါ…
ပုံမှာပါတဲ့ အတိုင်းကျလာမယ် ဒါဆိုရင် Local Computer Policy>Computer 
Configuration>Administrative Templates>Network>QoS Packet Scheduler.
အထိအဆင့်ဆင့်သွားလိုက်ပါ
အိုကေ Limit reservable bandwidth ကို double နှိပ်ပြီး run 
ဖွင့်လိုက်ပါ ပြီးသွားရင်တော့အောက်ကပုံလေးလို...
Enable လုပ်ပေးပြီး reservable bandwidth 20% ကို 0%မှာထားပေးလိုက်ပါ…..ပြီးရင်တော့ Apply , OK ပေါ့…
ပြီးသွားရင် browser မှာရှိတဲ့ cookies တွေ cache နဲ. History တွေကို ရှင်းလင်းပြီး restart လုပ်ပေးလိုက်ပါ..
               အားလုံးပဲအဆင်ပြေပါစေဗျာ…………….
Monday, 28 October 2013
မင်္ဂလာပါဗျာ browser တွေထဲမှာ နာမည်ကြီး လူသုံးများလှတဲ့ Google Chrome Update လေးကို တင်ပေးလိုက်ပါတယ်။
 Install ပြုလုပ်တဲ့အခါ Nextတို့ ဘာတို့ ပေါ်မှာမဟုတ်ပါဘူး Winrar ထဲက "exe" ကို နှိပ်လိုက်တာနဲ့ တန်းဝင်သွားမယ် ဖြစ်ပါတယ်။
 File Size ကတော့ (32MB) ရှိပါတယ်....................။
                                                  >>>Download Now<<<
Sunday, 27 October 2013
Firefox 25.0 Beta 11 (for computer)
October 24 ရက်နေ.ကမှ ထွက်တဲ့ Firefox version အသစ်လေး တင်ပေးလိုက်ပါတယ်။ Update လေးဆိုတော့ အတော်သုံးလို.မြန်တယ်။ ပီးတော့facebookသုံးတဲ့အချိန်မှာ Script error လဲ ရှင်းပါတယ်။Update ကြိုက်တဲ့ဘော်ဒါတွေ အောက်ကလင့်မှာ ဒေါင်းလော့ခ်ရယူ အသုံးပြုနိုင်ပါတယ်ခင်ဗျ
I found firefox lastest version(Firefox 25.0 Beta 11) . This version is very nice and very fast at browsing web pages. If you use, download following link------- enjoy  !!!!
Download Here        
အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့  တင်ပေးလိုက်တာပါ။
ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့ မြင်ရမှာဖြစ်ပါတယ်။
 Internet ကိုလန်းလန်းလေးသုံးချင်သူများအတွက်ပေါ့။
 Link ကိုတော့ တိုက်ရိုက်ဘဲ ကျွန်တော်ပြန်တင်ပေးထားပါတယ်။
 စမ်းကြည့်ချင်တဲ့သူငယ်ချင်းများအောက်က Link မှာ စမ်းသပ်နိုင်ပါတယ်။
အားလုံးဘဲအဆင်ပြေကြပါစေ....
Add-ons
လိုချင်ရင်တော့အောက်ကလင့်ကိုနိုပ်ပြီးဒေါင်းယူလိုက်နော်။
Enjoy!
HNGET NGAI
Saturday, 26 October 2013
အခုတော့ Android ဖုန်းအတွက် ဟူးဟူးထမြန်မယ့် Browser လေးပေးပါဦးမယ်။ မြန်လည်းမြန်သလို ၊ လွယ်လည်းလွယ်တယ်။ နောက်ပြီးသူက မ hang နိုင်ဘူး။ နာမည်ကျော်တော့ မဟုတ်ပေမယ့် အရမ်းကောင်းပါတယ်။ October 21 2013 နောက်ဆုံးထုတ်ပါ။ ပိုပြီးသိချင်ရင် http://adf.ly/YEdu4 မှာဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။
Description
Turbo Browser is an extremely fast mobile browser! This browser is wholly aimed at fast and effective internet surfing using TURBO MODE!USE: Turbo Browser doesn't suits for slow websites downloading - that's why it enables the processor to run above its base operating frequency via dynamic control. This option is called TURBO MODE!
Enjoy your favorite online activities withour annoying waiting!
NICE DETAILS: Speed Up Internet Browser has a very useful feature - TURBO MODE. It provides an opportunity to make your browser faster than ever!
DISTRIBUTION: Turbo Browser is super fast mobile internet browser with great number of users across more than 130 countries and regions. This product is currently available on all major operating platforms.
OUR COMPANY: Speed UP Net (Subdivision of BESTTOOLBARS) is a keeping-up-with-a-time company. Our young and ambitious staff is setting goals and achieving it for five years. Speed UP Net’s deals with different types of internet software technologies and application services, but our main passion is BROWSERS! Since its inception Speed UP Net gets it on providing better mobile internet connection to our users around the world. Speed UP Net is totally devoted to its users and permanently does it's best to meet their requirements.
Turbo Browser provides better, faster, more effective searching experience.
Turbo Browser - screenshot
Turbo Browser - screenshot
Turbo Browser - screenshot
Turbo Browser - screenshot
Turbo Browser - screenshot
Download => Link 1 / Link 2 / Link 3
Wednesday, 23 October 2013
Puffin Web Browser apk
Pufffin Web Browser ဟာ အရမ်းကောင်းမွန်ပြီး မြန်ဆန်တိကျမှုရှိတဲ့ web browser app တစ်ခုဖြစ် ပါတယ်။ ဒီ app ထဲမှာ Incridible Load Speed ၊Fasttest JavaScript Engine ၊Full Web Experience ၊ Adobe Flash Support နဲ့ Ingenious Virtual Mouse ဆိုပြီး ကောင်းမွန်ပြည့်စုံမှုရှိတဲ့အဆင့်မြင့် features ၅ မျိုးကိုထောက်ပံ့ပေးထားတာကြောင့် အလွန်ထူးခြားဆန်းသစ်မှုရှိပါတယ်။ Remote-Browser နည်းပညာကို အသုံးပြုထားတာကြောင့် mobile-connection မကောင်းတဲ့အချိန်တွေမှာတောင် အချက်အလက်ရှာဖွေမှုတွေ နဲ့လုပ်ဆောင်ချက်တွေကို တိတိကျကျမြန်မြန်ဆန်ဆန်ပြုလုပ်နိုင်ပါတယ်။ 32 cores နဲ့ 768 GB memory ပါဝင်တဲ့ အလွန်ကောင်းမွန်မြန်ဆန်မှုရှိတဲ့ Server ဖြစ်တဲ့အတွက် iPad 3 မှာပါရှိတဲ့ browser ထက်လုပ် ဆောင်ချက်တွေဟာ ၅၅၀ ရာခိုင်နှုန်းပိုမြန်ပြီး Chrome ထက် ရာခိုင်နှုန်း ၁၆၀၀ လောက်ပိုမိုမြန်ဆန်မှုရှိပါ တယ်။ Website နဲ့ Gmail features တွေကိုလည်းအပြည့်အ၀ထောက်ပံ့ပေး
ထားပြီး Flash နည်းပညာကိုထည့်သွင်းပေးထားတာကြောင့် flash videos တွေနဲ့ Flash games တွေကိုလုပ်
ဆောင်နိုင်ပါတယ်။ တီထွင် အားကောင်းတဲ့ Virtual Mouse ပါရှိတဲ့အတွက် desktop ပေါ်မှာအသုံးပြုရသလိုပဲ လုပ်ဆောင်ချက်တွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ ဒီ Puffin Web Browser app ကိုအသုံးပြုချင်
တယ်ဆိုရင်တော့ Android OS 2.2 နဲ့အထက်လိုအပ်ပါတယ်။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Monday, 21 October 2013
Firefox နောက်ဆုံးထွက်ပါ။ 22mb ရှိပြီး Offline install လုပ်လို့ရအောင် ပေးထားပါတယ်။ http://adf.ly/XuDp7 မှာဝင်ဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေဗျာ။ PC အတွက်ပေးထားခြင်းဖြစ်ပါတယ်။
Description
The Web is all about innovation, and Firefox sets the pace with dozens of new features to deliver a faster, more secure and customizable Web browsing experience for all.
User Experience. The enhancements to Firefox provide the best possible browsing experience on the Web. The new Firefox smart location bar, affectionately known as the "Awesome Bar," learns as people use it, adapting to user preferences and offering better fitting matches over time.
Performance. Firefox is built on top of the powerful new Gecko platform, resulting in a safer, easier to use and more personal product.
Security. Firefox raises the bar for security. The new malware and phishing protection helps protect from viruses, worms, trojans and spyware to keep people safe on the Web.
Customization. Everyone uses the Web differently, and Firefox lets users customize their browser with more than 5,000 add-ons.
Download => Link 1 / Link 2
 Enjoy!
HNGET NGAI
Wednesday, 9 October 2013
19.09.2013 ရက်နေ့ကထွက်လာတဲ့ pc အတွက် Firefox browser beta အသစ်လေးပါ
Firefox ချစ်သူတို့အတွက် ပြန်လည် မျှဝေလိုက်ပါတယ်
အောက်က မူရင်းလင့်မှာလည်းဝင်ရောက်ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ
download
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက  သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့ Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။
Mozilla Firefox
Firefox မှာ Browser Extensions တွေ ရဲ့ Memory Usage ကိုသိနိုင်ဖို့  အတွက် နည်းလမ်းမရှိပါဘူး။ Extension တစ်ခု ကို ထပ်ပြီးအသုံးပြုမှသာသိနိုင်ပါတယ်။ about:addons-memory extension ကို Firefox မှာ အင်စတောလုပ်ပါ။ပြီးရင် Address Bar ကနေ about:addons-memory လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် အင်စတောလုပ်ထားတဲ့ Extensions တွေကို တွေ့ မြင်ရမှာဖြစ်ပြီး Memory အသုံးပြုမှုအလိုက် စီထားတာတွေ့ ရမှာပါ။ Memory အသုံးပြုမှုများတဲ့ Extension တွေ ကို သိရှိနိုင်ပြီး Disable လုပ်နိုင်ပါပြီ။
clip_image002
Google Chrome
Task Manager ကိုဖွင့်ဖို့ အတွက် Chrome’s Menu Button ကိုနှိပ်ပါ။Tools>Task Manager ကိုနှိပ်ပါ။ Ctrl+Escape ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်။
ဒါဆိုရင် Extensions,Web Apps တွေ ရဲ့  Memory Usage တွေကိုတွေ့ မြင်နိုင်ပြီးသင့် Browser ကိုနှေးကွေးစေတဲ့ Extension တွေကို Disable လုပ်နိုင်ပါပြီ။
clip_image004
Browser’s Safe Mode ကိုအသုံးပြုပါ။
Mozilla Firefox
Firefox button ကိုနှိပ်ပြီး Help>Restart with Add-ons Disabled ကိုနှိပ်ပါ။
clip_image006
Google  Chrome
Chrome icon ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut tab ကိုသွားပါ။ Target မှာ အောက်ကပုံမှာလို --disable extensions ဆိုတဲ့စာသားကို နောက်ဆုံးမှာဖြည့်ပေးပြီး Ok နှိပ်ပါ။ Chrome Browser ကိုပိတ်ပါ။ System Tray က အိုင်ကွန်ကိုလည်းပိတ်ပါ။ ပြီးရင် Shortcut ကိုအသုံးပြုပြီး Chrome ကိုဖွင့်ပါ။ Safe Mode ကို Disable လုပ်ဖို့  Shortcut မှာ Edit ပြန်လုပ်ပြီး Chrome ကို Restart လုပ်ပါ။
clip_image008
Browser Extensions တွေ ဟာ အသုံးဝင်ပေမယ့် တစ်ခြား Software တွေလို ပဲ သင့်ကွန်ပြူတာမှာ Run နေတာပါ။ Extension တွေ အများအပြားအသုံးပြုခြင်းဟာ Browser ကိုလေးစေပါတယ်။အဲဒီအတွက် တကယ်အသုံးလို တဲ့ Extension တွေကို ပဲအင်စတောလုပ်သင့်သလို ၊ Memory အသုံးပြုမှုနည်းပါးတဲ့ Extension တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Enjoy!
HNGET NGAI