RSS
Facebook
Twitter

Showing posts with label iphone အတွက် မြန်မာ Font. Show all posts
Showing posts with label iphone အတွက် မြန်မာ Font. Show all posts

Friday, 22 November 2013




မြန်မာ Font များစုစည်းမှု
 
 
 
 
 
ပုံမှာပြထားတဲ့အတိုင်း Font အမျိုးပေါင်း ၁၀၀၀ ကျော်စုစည်းထားပါတယ်...
 
လိုချင်သူများ  ဒီမှာ သွားဒေါင်းလိုက်ပါနော်...အဆင်မပြေမှုများရှိပါက 
ကွန်မန့်ရေးခဲ့ကြပါခင်ဗျာ...

အဆင်ပြေကြပါစေ...





Monday, 18 November 2013

WriteMyanmar v1.0 for iPhone/Pad/Pod touch






iOS 7 အသုံးပြုသူ iPhone/Pad Users တွေအတွက် မြန်မာစာရိုက်ရတဲ့နေရာမှာအခက်အခဲရှိနေကြမှာပါ။ အခု အသစ်ထွက်ရှိလာတဲ့ WriteMyanmar လို့ခေါ်တဲ့ iOS application လေးတစ်ခုနဲ့မိတ် ဆက်ပေး ချင်ပါတယ်။ ဒီဆော့ဝဲလေးထဲမှာ Built-in မြန်မာကီးဘုတ်ပါဝင်ပြီး ကိုယ်ရိုက်လိုတဲ့စာတွေကို Write Myanmar ဆော့ဝဲလေးထဲမှာဝင်ရိုက်ပြီး facebook,twitter ပေါ်ကိုတိုက်ရိုက် စာတင်နိုင်တဲ့ feature, ကိုယ်ရိုက်လိုတဲ့စာတွေကို WriteMyanmar ဆော့ဝဲလေးထဲမှာဝင်ရိုက်ပြီး copy လုပ် ၊ ကိုယ်စာရိုက်ချင်တဲ့ application ထဲမှာဝင်ပြီး paste လုပ်လို့ရတဲ့ feature တွေပါဝင်ပါတယ်။ iOS 7 နှင့်အထက်ရှိတဲ့ iPhone/Pad/Pod touch တိုင်းမှာအသုံးပြုနိုင်ပါတယ်။ WriteMyanmar v1.0 for iPhone/Pad/Pod touch ကိုအောက်က Link မှာရယူနိုင်ပါတယ်။


WriteMyanmar v1.0 for iPhone/Pad/Pod touch အားရယူရန် (iTunes Store Link)

Wednesday, 13 November 2013




 
 
iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...



ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...

  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...

  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..

Safari Browser တွင်ပြင်ဆင်နည်း
  • ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် Add Bookmark ကို နှိပ်ပြီး Bookmark ပုံကို ရွေးလိုက်ပါ။

  • Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။



  • Bookmark icon Bookmark ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။



  • "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။

    javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();


  • "Save" လုပ်ပါ။

  • အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။



    အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။
 
 





မည်သည့် Android Version ကိုမဆို မြန်မာစာ 100% မှန်အောင်ထည့်ပေးမည့် Smart Zawgyi Pro ထွက်ရှိ...

Jelly Bean တွေမှာ သဝေထိုးနဲ့ အသတ်တွေ ရှေ့နောက်လွဲနေတာတွေကို... 100% ပြင်ပေးနိုင်ပါမယ်... နောင်ထွက်မည့် Version တွင် ညာဘက်ထောင့်မှစာများ ပြတ်နေတာတွေကိုပါ ရှင်းပေးပါ့မယ်...

Orient Myanmar လို Huawei တစ်မျိုးတည်းရတာမဟုတ်ပဲ... မည်သည့် ဖုန်းကိုမဆိုရပါမယ်...

Sony, Huawei အားလုံးမှာစမ်းပြီးပါပြီခင်ဗျား... Samsung တွေဆိုရင် မြန်မာပြည်ကို တရားဝင်သွင်းတဲ့ အလုံးတွေအားလုံး စမ်းသပ်ပြီးသားဖြစ်ပါတယ်... လွတ်လပ်စွာရှယ်နိုင်သလို... အခမဲ့သုံးဆွဲနိုင်ပါတယ်... သင်တို့ App များတွင်အသုံးပြုလိုပါက ခွင့်တောင်းပါ...

အားလုံးကိုကျေးဇူးတင်ပါတယ်...



>>> DOWNLOAD <<<

Download

Download Form MF
 
 
 

Tuesday, 5 November 2013





iOS 7 တွင် jailbreak မလုပ်ပဲ မြန်မာဖောင့်သွင်းနိုင်ပါပြီ 
ဒါပေမယ့် Safari browser တစ်ခုတော့ အဆင်မပြေသေးပါဘူး ။
ကျန်တဲ့ Music , Video , Facebook , Viber , Contact စတဲ့ 
app တွေကိုတော့ လုံးဝ မြန်မာဇော်ဂျီလေး မြန်ရပါပြီ
ဒီ နည်းလမ်းလေးကို လုပ်ပေးခဲ့တဲ့ ကိုသန့်သက်နဲ့ ကိုစေတန်ကို
ကျေးဇူး တင်ကြပါခင်ဗျာ အရမ်း အဆင်ပြေပါတယ်
လုပ်နည်းကတော့ ။။။။ မိမိရဲ့ iOS 7 Device လေးနဲ့
Safari browser ကိုဖွင့်လိုက်ပြီးတော့ အခု အောက်က လင့်လေးကို 
နှိပ်လိုက်ရင် Auto ဒေါင်းပါလိမ့်မယ် ပြီးရင်တော့
 Zawgyi-One Font ဆိုတာလေးတက်လာရင်
install လုပ်ပေးလိုက်ပါ ဒါဆိုရင်တော့
မြန်မာလိုတွေ အဆင်ပြေသွားပါပြီ 
 
  သန်းတိုးအောင် ဆိုဒ်မှ

Wednesday, 30 October 2013








iPhone/iPod/iPad မှ iOS 7 နဲ့ Jailbreak မရသေးတဲ့ iOS တွေအတွက် Web Browser လေးပါ ... မြန်မာ Font မလိုပဲ မြန်မာလို ကောင်းကောင်း ရေး/ဖတ်နိုင်ပါတယ်... အသေးစိတ်ကို ဒီနေရာ မှာ လေ့လာနိုင်ပါတယ်.. ။


Description The 1st and the one yet that supports reading/writing Burmese Language (Unicode/Zawgyi) and fully working on iTouch/iPhone and iPad.

Features:
• Bookmarks
• History
• Tab Restoration
• Private Mode
• Clear Cookies
• Clear History
• Save bookmarks in Burmese
• Surf unicode domain
• HTTP Authentication support
• Proxy Authentication support
• Support Landscape and Portrait Mode
• Myanmar Font Tagger is added for allowing to display Zawgyi and Unicode font
• KeyMagic smart IME is embedded and following layouts are included:
▪ MyanSan (Smart)
▪ Mon
▪ PangLongSHAN
▪ Zawgyi L - Unicode
▪ Zawgyi L


 Download>>> (MOGOK WEB BROWSER)
 Download>>> (MOGOK WEB BROWSER)
 
 
 
 
 

Tuesday, 22 October 2013



မြန်မာဖောင့်တွေကို iDevice တွေပေါ်မှာ ဖတ်ရှုရန် ရေးသာရန် အစဉ်ကြိုးပန်းပေးနေသော ကိုစေတန် ကအခုလဲ MM unicode ကို iOS တွေပေါ်မှာ သုံးလို့ ရအောင် ရေးသားပေးလိုက်ပြန်ပါပြီ...
ဒီ MM unicode ကိုနိုင်ငံတစ်ကာ ကလက်ခံပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့  မြန်မာတွေအတွက် စံတစ်ခုရပြီပေါ့ဗျာ
ကျွန်တော်လဲ MM unicode စပေါ်ကထဲက ကျွန်တော့် Site ကို unicode font ပြောင်းပြီးရေးချင်ပေမယ့် ဇော်ဂျီလက်ကွက် က ကျွန်တော့ အတွက် ကျင့်သားရနေတာရယ် နေတာရယ်၊ စာဖတ်မိတ်ဆွေ တော်တော်များများမှာလဲ ဇော်ဂျီက ပိုအဆင်ပြေနေတာရယ် iOS အတွက် MM unicode font မရသေးတာရယ်ကြောင့် ကျွန်တော် မပြောင်းဖြစ်ခဲ့တာပါ။

ဒါပေမယ့် သိပ်မကြာခင်နောက်ပိုင်းမှာ ကျွန်တော် Site ကို MM unicode ပြောင်းတော့မှာ ဖြစ်ပါကြောင်း ကြိုတင်အသိပေး ပါရစေ။

ကိုစေတန်ရေးထားတဲ့ iOS အတွက် MM unicode ထည့်သွင်းနည်းကို ကျွန်တော် ဒီမှာ မတင်ပြပေးတော့ပါဘူး ကိုစေတန်ကို လေးစားတဲ့ အနေနဲ့  မိတ်ဆွေမှာ ကိုယ်တိုင် "Saturngod" မှာဝင်ရောက်ဖတ်ကြည့်စေချင်ပါတယ်။

MM unicode နဲ့ ပက်သက်သော Link များကိုလည်း အောက်မှာ တစ်ပါတည်းညွှန်ပေးလိုက်ပါရစေ..
အောက်ပါ link များကို "အိမ်မက်ရှင်" ထံမှ တစ်ဆင့်ဝေမျှလိုက်ရပါတယ်..

www.myanmarlanguage.org

Myanmar unicode rules table

Keyman-Myanmar3 Keyboard Download


Download and installing myanmar unicode

မိုးသိကြား



ကူးဖော်ပြသည်..။

iphone,ipad ,ipod  ios 5+ အတွက် Myanmar font  နဲ  Myanmar keyboard သွင်းနည်း

 

Cydia ကို ဖွင့် ->manage ->sources ->Edit ->add နှိပ်လိုက်ရင် enter cydia/APT URL ထဲမှာ  http://cydia.macforus.com လို့ ရိုက်လိုက်…

ပြီးရင် search ထဲမှာ zawgyi ios 4.3 font ကို run လိုက် ပြီ၇င် MMkeyboard for ios 5+ ကို ထက် run…လိုက်ပြီရင်


Cydia ကို ပိတ်လိုက်။

မြန်မာဖောင့် ကတော့ ok ….. ဒါပေမယ် keyboard တော့ changr ပေးရအုံးမယ်
Setting ကိုဖွင့် -> General ->keyboard-> international keyboards ->add new keyboard နှပ်လိုက်ပြီး Czech ကိုရွေးလိုက်  ပါ။ဒါ ဆိုရင်တော့ မြန်မာ လိုသုံးလို ရပါပြီ။
ဖုန်းအတွက် မြန်မာဖောင့်များ Posted by Htet Myint Oo at 1:44 PM iPhoneအတွက် မြန်မာunicode Font i-mobile အတွက် မြန်မာဖောင့် Samsung Galaxy မြန်မာဖောင့် Nokia, Sony ဖုန်းအတွက်Games Nokiaဖုန်းအတွက် မြန်မာဖောင့် Android ဖုန်းအတွက် မြန်မာဖောင့် IPhone အတွက် မြန်မာဖောင့် ဖုန်းပြုပြင်မှုဆိုင်ရာနည်းလမ်းစုံ ဖုန်းအမျိုးမျိုးအတွက် မြန်မာဖောင့်များ မျိုးမြန်မာ မြန်မာဖုန်း ဖောင့်များ မောင်စွယ်စုံကျမ်း blog မှာ တစ်ဆင့်

Original from: http://htetmyintoo.blogspot.com/2013/05/blog-post_7594.html
မူလစာရေးသူ -->>Htet Myint Oo

Monday, 21 October 2013

 

 

(supports (devices with A4 chips and lower) plus iPhone 2G, iPhone 3G and iPod Touch 1G. ) sharing

iphone 5/iphone 4s/ipad mini တို့တွင်မပြုလုပ်ရသေးပါ:)

iphone 4 iOS 6.1.3 ကို Jailbreak  မလုပ်ဘဲ Myanmarfontသွင်းနည်းကို Windows မှာ ကျွန်တော်သိသလောက်လေးပြန်လည်ဝေမျှလိုက်ပါတယ်.

လိုအပ်မယ့်  software   များဖြစ်တဲ့ ssh_rd_rev04b  / putty.exe/winscp522setup/tinyumbrella-6.14.00/Font ပြီးတော့ ကျွန်တော်ပြုလုပ်ပုံ movie file  လေးကိုပါ .software    တွေနဲ့တစ်ခါထဲ zip folder တစ်ခုထဲမှာထည့်ပေးထားပါတယ်.

 (ssh_rd_rev04b  / putty.exe/winscp522setup/tinyumbrella-6.14.00/Font) 47 MB

youtube  မှာလဲ software download စလုပ်တဲ့အချိန်ကစပြီး Font iPhone သို့သွင်းပြီးသည့်အချိန်ထိပြုလုပ်ပုံကိုတင်ပေးထားပါတယ်.

youtube တွင်ကြည့်ရန်
 

ပထမအနေနဲ့ ဖုန်းက battery 100%  နဲ့  iTune ကနောက်ဆုံး version ဖြစ်ဖို့လိုအပ်ပါတယ်.

1…Download ရယူထားတဲ့ zip file ထဲမှ  ssh_rd_rev04b.jar  File လေးကိုအရင် RUN ပေးပါ
Jar file လေးကို run ပြီးရင် Box  တစ်ခုကျလာတာတွေ့ရမှာပါ.  ပြီးတော့ iphone ကို DFU MODE ပြုလုပ်ပေးပါ.

iphone DFU MODE 
 
 


 
 
iphone မှာ DFU MODE ဝင်သွားရင်တော့ Box အတွင်းမှာ စာတန်းတွေ အများကြီးကျလာပြီး
login:root
password:alpine
စာလုံးပေါ်လာတဲ့အထိစောင့်ပေးပါ.
iPhone4  ကတော့ အောက်က ပုံကအနေအထားအတိုင်း ရှိနေမှာပါ .
 
 
 
 
2..     login:root
password:alpine
တွေ့ရင် putty.exe ကို run ပေးပါ.
ပြီးတော့ putty မှာ Host Name မှာ localhost  ကိုထည့်ပေးပါ. port မှာ 2022 ထည့်ပေးပါ. ပြီးတော့ open
နေရာလေးကို click လုပ်ပေးပါ.အောက်ကပုံလေးအတိုင်း

open  ပြီးရင်တော့ Terminal Box  လေးတစ်ခုကျလာပါလိမ့်မယ်. Terminal Box  မှာဘာမှမလုပ်ပါနဲ့ 

ပြီးတော့ winscp ကို run  ပေးပါ . ပြီးတော့ winscp မှာ

Host name နေရာမှာ localhost ..
post  နေရာမှာ2022 ..
username =root .
password= alpine  အားလုံးထည့်ပြီးသွားရင် login ကို click ပေးပါ.
.အောက်ကပုံလေးအတိုင်း
 
 
 
ပြီးရင် box တစ်ခုကျလာပါ့မယ်။ box    လေးကို  ခဏဖယ်ထားပြီး ခုနက putty terminal box မှာ
ကျွန်တော်လုပ်သလို တစ်ခုပြီးတစ်ခု ဖြည့်ပေးရင်ရပါတယ်
putty terminal box မှာ
login as:  နောရာမှာ root     ပြီးတော့ enter
root@localhost’s password:   မှာ alpine   ပြီးတော့ enter
-sh-4.0# နေရာမှာ mount.sh  ပြီးတော့ enter
Mounting /dev/disk0slsl on /mnt1
Mounting /dev/disk0slsl on /mnt2
တွေ့ရမှာပါ .
ပြီးတော့ ဖယ်ထားတဲ့ WinSCP Box ညာဘက်  မှာ Font ကို အစားသွင်းရမှာပါ.
Font သွင်းဖို့ နေရာက  mnt1/System/Library/Fonts/Cache/ Folder  ထဲမှာ Fallback.ttf…
LastResort.ttf   …  tuf file နှစ်ခုကိုအစားသွင်းပေးပါ.   video file တွင်ကြည့်လို့ရပါတယ်
အစားသွင်းပြီးရင်တော့ putty  Terminal Box သို့ ပြန်သွားပေးပါ. iphone    ကို mount   ထားတာကနေ
recovery mode သို့ ပြန်ထွက်ဖို့   putty  Terminal Box မှာ
-sh-4.0#  နောက်မှာ halt ကိုထည့်ပြီး enter  ခေါက်ပြီးရင်
Network error:software caused connection abort   စိုပြီး box တစ်ခုကျလာပြီးရင်   iPhone
က recovery mode   ကိုပြန်ထွက်သွားပါလိမ့် မယ် recovery mode ကိုပြန်မထွက်ပဲ  iphone  က Black
screen   မှာပဲရှိမယ်စို ရင်   usb cable  ကိုဖြုတ်ပြီးပြန်တတ်ပေးရင် recovery mode  တတ်လာပါလိမ့်မယ်.
3.    recovery mode က နေ  iPhone Home screen သို့အပြီးအတိုင်ရောက်ဖို့  Tinyumbrella   ကိုသုံးပြီး
Exit Recovery လုပ်ပြီး iphone ပြန်တတ်လာရင် myanmar font   သွင်းပြီးပါပြီ……….
 
 
 
 
 ကူးဖော်ပြသည်..။
Enjoy!
 
HNGET NGAI

Friday, 11 October 2013


                            

 iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး  မေးလာတဲ့အတွက် ဒီ Post လေးကိုတင် လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။


1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေcydia.macforus.com ကို add လိုက်ပါ။




2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ။



3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ။



4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ။



5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ။


6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.......