RSS
Facebook
Twitter

Monday, 21 October 2013





             

လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်
းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန
်းကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ တက်တူးထိုးရာတွင် အသုံးပြုသောဆေးရည် သည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများပါဝင်နေသည်ဟု သိရသည်။ အထူးသဖြင့်အပြာရောင် ခြယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများအကြိုက်အရောင်တစ်မျိုးဖြစ်ပြီးကို ဘော့သတ္ထု နှင့်အလူမီနီယမ်များ ပါဝင်နေသည်။နယူးဒေလီမြို့ BLK ဆေးရုံ၊ အရေပြားအထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာအ ပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှတစ်ဆင့် ကူးစက်သော ရောဂါများရရှိနိုင်ချေများကြောင်း၊ သွေးမှတစ်ဆင့်ကူးစက်တတ်သော HIV၊ အသည်းရောင်အသားဝါ B,Cနှင့် အရေပြားကင်ဆာရောဂါ အချို့ ကို ရရှိနိုင်ကြောင်း၊ အရေပြားကင်ဆာများတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ပါဝင်ကြောင်း၊တက်တူးထိုးသူတိုင်း အဆိုပါရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူးမင်အမျိုးအစား၊ တက်တူးထိုးသောကိရိယာ၊ လုပ်ငန်းစဉ်များ၏ ပိုးသတ်ထားမှုရှိမရှိက အဓိကကျ ကြောင်းကိုရှင်းပြထားသည်။


“တက်တူးထိုးတဲ့မင်မှာ တစ်ခါတလေ အာဆင်းနစ်တွေ ထည့်သွင်းထားတတ်ပါတယ်။ထိုးနှံသူကတော့ မသိတဲ့အတွက် အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများနေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့နေရာတွေနားမှာ လည်းတက်တူးမထိုးသင့်ပါဘူး တကယ်လို့တက်တူးထိုးထားတဲ့နေရာ အနီးတ၀ိုက်မှာပုံမှန်မဟုတ်ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အနားသတ်ပုံစံတွေကို သေချာ စစ်ဆေးဖို့လိုပါတယ်။ 

တကယ်လို့သေချာမကြည့်ဘဲ ပေါ့ပေါ့ဆဆပဲထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြားအရေပြားကင်ဆာတွေကို အချိန်လွန်မှ သိတာမျိုးဖြစ်သွားနိုင်ပါတယ်”ဟု ကင်ဆာရောဂါအထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။ထို့ပြင်တက်တူးဖျက်ခြင်းတွင်လည်း ဆိုးကျိုးများရှိနေကြောင်း၊အရေပြားအရောင်ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation)များရလာနိုင်ကြောင်းသိရသည်။ ကျွမ်းကျင်သောတက်တူးထိုးပေးသူများထံသာ သွားသင့်ကြောင်း၊ progessionaltattooistသည် အော်ဂဲနစ်မင်ကိုသာ အသုံးပြုကြကြောင်း၊ ဈေးပေါပေါသုံးထားသောတက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြားကင်ဆာဖြစ်စေနိုင် သည့်ဓာတ်များပါဝင်နေကြောင်းကို ယခုလေ့လာမှုတွင် ဖော်ပြထားသည်။

သန့်စင်
Ref: IANS
Health Updates



Enjoy!

HNGET NGAI

0 comments:

Post a Comment