RSS
Facebook
Twitter

Friday, 11 October 2013







Huawei Y511 ကိုမြန်မာဖောင့်ထည့်သွင်းချင်သူတွေအတွက်ပါ။

 Y111 မှာဇော်ဂျီဖောင့်ထည့်သွင်းဖို့အဆင်မပြေတဲ့အတွက် မြန်မာစာထည့်ဖို့တော်တော်လေးအခက်ကြုံရပါတယ်။

 ဖြစ်နိုင်ရင် တခြားဖုန်းတွေပြောင်းသုံးပါ။ 

ဒီဖုန်းက ဘာမှစွမ်းဆောင်ရည်ထူးခြားနေတာတော့မဟုတ်ပါဘူး ။ 

ဒါပေမယ့် ဒီဖုန်းကိုပဲမြန်မာစာမြင်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် လတ်တလောအဆင်ပြေစေဖို့ Developer KST ပေးထားတဲ့နည်းကိုပြန်လည်ဝေမျှဝေးလိုက်ပါတယ်။ 

ဒီနည်းက မြန်မာစာလုံးဝအဆင်အပြေကြီးတော့မဟုတ်သေးပေမယ့် ဖတ်လို့ရေးလို့တော့ရပါတယ်။ 

လိုအပ်မယ့် Tool ကတော့ Root Explorer ရှိရပါမယ်။ Root Explorer မရှိရင်အောက်က link ကနေရယူပါ။

Root Explorer အားရယူရန် 


ဖုန်းကို Root လုပ်ထားရပါမယ်။
အရင်ဆုံးအောက်က link မှာပေးထားတဲ့ဖိုင်ကို download ရယူပါ။

 
Download file


ရယူပြီးပြီဆိုရင်တော့ ဇစ်ဖိုင်ထဲမှာပါတဲ့ ဖောင့်ကို Roboto-Regular.ttf လို့နာမည်ပြောင်းပြီး ဖုန်းရဲ့ sd card ထဲကော်ပီကူးပါ။

 ပြီးရင် ဖုန်းကို root explorer ထဲဝင်ပြီး ခုနက ကော်ပီကူးထားတဲ့ဖောင့်ကို System/fonts/ ထဲကိုဝင်ပြီး နဂိုရှိပြီးသား Roboto-Regular.ttf နဲ့ချိန်းလိုက်ပါ။

 မြန်မာစာမြင်ရပါပြီ။ ရေးရဖတ်ရတာ သိပ်တော့အဆင်အပြေကြီးမဟုတ်ပါဘူး။ 

ဒါပေမယ့် မြန်မာစာသုံးမရတဲ့ဒုက္ခကနေတော့ ကင်းဝေးသွားပါလိမ့်မယ်။

0 comments:

Post a Comment