ဒီကောင်လေးကတော့ မိမိတို့ရဲ့ Data တွေကို copy ကူးယူတဲ့အခါ မြန်မြန်ဆန်ဆန်
ကူးယူနိုင်အောင် အသုံးပြုနိုင်သလို အခွေကူးတဲ့အခါမှာလည်း အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးအလိုက် 32-bit (or) 64-bit ကို ရွေးပြီး
ဒေါင်းယူ အသုံးပြုရမှာပါ..။ Install ထည့်တဲ့အခါမှာ တခါတည်း ကီးတွေကို
ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုတတ်အောင်
အနည်းငယ် ပုံလေးတွေနဲ့ လုပ်ပြပေးထားပြီး.. လိုအပ်တဲ့ သူများကတော့
မိမိတို့ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် အောက်ကလင့်ကနေ ရွေးပြီး
ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 14 MB ရှိပြီး..
64-bit အတွက်ကတော့ 16 MB ရှိပါတယ်..။
SpeedCommander pro 15.00.7340 Final
အောက်ကပုံလေးတွေကတော့ Install ထည့်တဲ့အခါ keys တွေထည့်ပေးပြီး လုပ်ပေးရမှာပါ..။
အောက်ကပုံလေးအတိုင်း ကီးတွေထည့်ပြီး OK ပေးလိုက်ပါ..
အသုံးပြုတဲ့အခါမှာတော့ အောက်မျှားပြထားတဲ့ နေရာတွေကနေ ဖိုင်တွေကို ဝင်ယူပေးရမှာ ဖြစ်ပါတယ်..။
ဒီပိုစ့်မှာတော့ ဖိုင်တခုကို copy ကူးတတ်အောင် လုပ်ပြပေးထားတာမို့
အောက်ပုံအတိုင်း ဘယ်ဘက်အခြမ်းမှ မိမိ copy ယူလိုတဲ့ဖိုင်ကို ဝင်ယူပြီး ..
ညာဘက်အခြမ်းမှာလည်း မိမိထားလိုတဲ့ နေရာကို သွားယူပေးရမှာပါ..။ ကျနော်ကတော့
Windows 7 ISO ဖိုင်ကို Desktop ပေါ်ကို ရောက်အောင် Move နဲ့
ရွှေ့ပြပေးထားပါတယ်..။ အနီရောင် ဝိုင်းပြထားတဲ့ နေရာကတော့ Move ရွှေ့ရမယ့်
နေရာဖြစ်ပြီး.. အပြာရောင် အဝိုင်းနေရာကတော့ copy နဲ့ အသုံးပြုရမယ့် နေရာပဲ
ဖြစ်ပါတယ်..။ ဒီမှာတော့ ကျနော် move နဲ့ လုပ်ပြထားပါတယ်..။
အောက်ကပုံလေးတွေအတိုင်းပါ..။
တကယ်လို့ ဖိုင်လမ်းကြောင်း မရွေးရသေးတဲ့ သူများကတော့ ဒီအဆင့်ရောက်မှ
အပြာရောင် အဝိုင်းနေရာမှာ ဝင်ယူပေးရင်လည်း ရပါတယ်..။ ရွေးပေးပြီးရင်တော့ OK
ပေးလိုက်ပါ..။
အပေါ်ပုံအတိုင်း အလုပ်လုပ်ပေးနေတာ ဖြစ်ပြီး အောက်ကပုံကတော့ ဖိုင်ရွှေ့ move
လို့ ပြီးသွားတဲ့ ပုံလေးပါ..။ 3 GB နီးပါးရှိတဲ့ဖိုင်ကို စက္ကန့်ပိုင်းနဲ့
ပြီးအောင် ပြောင်းပေးနိုင်ပါတယ်..။ ဒါကြောင့် တခြားဆော့ဝဲလ်တွေထက်
ပိုမြန်တယ်လို့ ပြောရမှာပါ..။
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးနဲ့ ဖိုင်တွေ copy ကူးယူတတ်သွားပါပြီ..။ တခြား
အသုံးဝင်တဲ့ အခွေကူးနည်းတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ
လေ့လာကြည့်ပေးပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။
Credit - လွင်မင်းဗိုလ်

















0 comments:
Post a Comment