
ကျွန်တော်ဆော့ဖူးတဲ့ Game လေးတွေကတော့…
1. Pirate (The Treasure Hunter)

ဒီဂိမ်းလေးဟာဆိုရင်ဖြင့် Rival Edge ရဲ့ မနေ့ တစ်နေ့ ကမှ ထုတ်လုပ်လိုက်တဲ့ Game အသစ်လေးဖြစ်ပါတယ်။
Pirate လေးဟာဆိုရင်ဖြင့် လှေကလေးစီးပြီး ပင်လယ်ထဲမှာ ရတနာတွေရှာဖွေရတဲ့ Game လေးပါ။
App Store Link : https://itunes.apple.com/sg/app/pirate-the-treasure-hunter/id709019887?mt=8
2. Candy Pop Saga

ဒီဂိမ်းလေးကတော့ သကြားလုံးတွေနဲ့ ဆော့ကစားရတဲ့ ဂိမ်းလေးပါ။
အရောင်အသွေးတူတဲ့ သကြားလုံးလေးကို ရွေးချယ်ပြီး ဖောက်ပေးရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
App Store Link : https://itunes.apple.com/sg/app/candy-pop-saga/id644750677?mt=8
3. Tank War 3D Heavy Armor

ဒီဂိမ်းလေးကတော့ တင့်ကားလေးနဲ့ ဆော့ကစားရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
ကိုယ်တိုင်တင့်ကားလေးကို မောင်းပြီး ရန်သူ တင့်ကားတွေကို အမြှောက်နဲ့ လိုက်လံ ပစ်ခတ်နှိမ်နင်းရတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့တင့်ကားလေးက သွေးအတော်နည်းတဲ့ အတွက် သတိထားပြီး သေချာကစားရမဲ့ ဂိမ်းလေးပါ။
App Store Link : https://itunes.apple.com/sg/app/tank-war-3d-heavy-armor/id675465038?mt=8
4. ငတက်ပြား 2

ဒီဂိမ်းလေးကတော့ အားလုံးသိပြီးတဲ့အတိုင်းပါပဲ။
သူခိုးကြီး ငတက်ပြားအနေနဲ့ ဆော့ကစားပြီးတော့ လေပေါ်မှာပျံဝဲပြီး ရွှေတွေ ငွေတွေကို အခက်ခဲတွေကြားထဲကနေ လိုက်လံစုဆောင်းရမှာဖြစ်ပါတယ်။
App Store Link : https://itunes.apple.com/sg/app/ngatatpyartwo/id629862460?mt=8
5. Jet Stund 3D

ဒီဂိမ်းလေးကတော့ လေယျာဉ်လေးကို စတန့် ထွင်မောင်းပြီး ပုံစံမတူတဲ့ နေရာမတူတဲ့ ကွင်းလေးထဲကို ဖြတ်ကျော်ပြီး ကစားရတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။
App Store Link : https://itunes.apple.com/sg/app/jet-stunt-3d/id699420355?mt=8
6. Fruit Dash Epic

ဒီဂိမ်းလေးကတော့ အရောင်သွေးတူတဲ့ အသီးလေးတွေကို နင်ဂျာလေးက ဓားလေးနဲ့ Slash လုပ်ပြီး ခွဲပေးရတဲ့ ဂိမ်းလေးပါ။ အချိန်အတိုင်းအတာ တစ်ခုအတွင်း သတ်မှတ်ထားတဲ့ Score ရအောင် ကြိုးစားပြီးခွဲရတဲ့ ဂိမ်းလေးပါ။
App Store Link : https://itunes.apple.com/sg/app/fruits-dash-epic/id660528247?mt=8
7. BubbleWrapping Challenges

ဒီဂိမ်းလေးကတော့ ပူစီပေါင်းလေးတွေကို ဖောက်ပေးရတဲ့ ဂိမ်းလေးပါ။ အချိန်တစ်ခုအတွင်း သတ်မှတ်ပြီး ဖောက်လို့ ရသလို.. အရေအတွက်ကို မှတ်ပြီးလည်း ပူစီပေါင်းလေးတွေကို ဖောက်လို့ ရပါတယ်။
App Store Link : https://itunes.apple.com/sg/app/bubblewrapping-challenges/id588253643?mt=8
ကဲ.. မြန်မာတွေရေးထားတဲ့ iOS Game လေးတွေကို အားပေးလိုက်ကြပါဦး.။
0 comments:
Post a Comment