ဓါတ်ပုံတွေကို ပြင်ဆင် တည်းဖြတ်လို့ ရတဲ့ ဒီဆော့ဝဲလ်လေးကတော့ Photoshop
လိုပဲ Tool တွေ Effects တွေကို စုံလင်စွာ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။
ဒီကောင်လေးမှာ ဂျာမန်စာသားတွေနဲ့ ပေါ်နေမှာ ဖြစ်ပြီး E-လို ပြန်ပေါ်အောင်
Install ထည့်ပြီးမှ သွားပြောင်းပေးရမယ့် နေရာလေးတွေကို အောက်မှာ
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
ဒေါင်းလော့ဖိုင်လေးထဲမှာလည်း Notepad လေးနဲ့
ကီးတွေအပြင် E-လိုပြောင်းပေးရမယ့် ဖိုင်နာမည်လေးကိုပါ ရေးထည့်ပေးထားလို့
စာဖတ်နိုင်တဲ့သူများအတွက်ပါ အဆင်ပြေစေပါတယ်..။
ဒီဆော့ဝဲလ်လေးမှာ
ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ Tool တွေ အတော်စုံတဲ့အတွက် ဓါတ်ပုံပြင်ဆင်၊
ဖြတ်ဆက် ပြုလုပ်လိုတဲ့ သူများအတွက် ဆောင်ထားသင့်တဲ့
ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ..။
အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ
ဒေါင်းယူလိုက်ပါဗျာ..။
ဖိုင်ဆိုဒ်ကတော့ 73 MB ရှိပါတယ်..။
ဒီကောင်လေးကို အောက်ကပုံလေးတွေအတိုင်း Install ထည့်ပါတယ်..။
Notepad ထဲမှ ကီးတွေကို အောက်ကပုံလေးအတိုင်း copy-paste နဲ့ ထည့်ပြီး ဆက်သွားလိုက်ပါ..။
Install ပြီးသွားလို့ OK ပေးလိုက်ရင်တော့
ဒီဆော့ဝဲလ်ကို Register လုပ်ရမယ့်
ဘောက်စ်လေးပေါ်နေမှာ ဖြစ်ပြီး
အရင်ပိတ်ရမှာ ဖြစ်လို့.. အောက်ကပုံလေးအတိုင်း
Taskbar မှာ Right Click ထောက်ပြီး
Task Manager ကို ခေါ်ပြီး
ဒီဆော့ဝဲလ်ကို ပိတ်ပစ်ရပါတယ်..။
အောက်ကပုံလေးတွေ အတိုင်းပါ..။
အပေါ်ပုံအတိုင်း End task ကနေ ဒီဆော့ဝဲလ်ကို ပိတ်ပစ်ပြီးရင်တော့ Notepad
လေးနဲ့ ရေးထည့်ပေးထားတဲ့အတိုင်း C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးမှာ "de"
ဖိုင်လေးကို "en" လို့ ပြောင်းပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ
အတိုင်းပါ..။
အပေါ်ပုံကတော့ ဂျာမန်စာသားတွေနဲ့ ပေါ်နေတာဖြစ်လို့ အောက်ကပုံလေးအတိုင်း de
ဖိုင်လေးကို C: ထဲမှာ သွားရှာပြီး en လို့ ပြောင်းပေးလိုက်ပါ..။
Enter နှိပ်ပြီး Continue စာသားကို ဆက်နှိပ်ပေးလိုက်ပါ..။
ပြီးရင်တော့ အဲ့ဒီ ဖိုဒါလေးထဲမှာပဲ အောက်ဆုံးကို ဆွဲချပြီး အောက်ကပုံမှာ
ပြထားတဲ့ ပုံလေးကို ကလစ်ပြီး ဖွင့်သုံးလို့ ရပါပြီ..။
မိမိတို့ရဲ့ Desktop
မှာ ဒီဆော့ဝဲလ်ရဲ့ Icon လေး ပေါ်မနေရင်တော့ အောက်ကပုံမှာ ပြထားတဲ့
အဲ့ဒီပုံလေးပေါ်မှာ Right Click >> Send to desktop ကို ကလစ်ပြီး
ပုံလေးရဲ့ ရှော့ကပ်ကို ထုတ်ထားလို့ ရပါတယ်..။
အပေါ်ပုံအတိုင်း ဖိုင်နာမည်လေး ပြောင်းပြီးသွားရင်တော့ ဖွင့်လိုက်တဲ့အခါ
အောက်ကပုံလေးအတိုင်း E-လို စာသားတွေနဲ့ ပြောင်းလဲပေါ်နေတာကို မြင်ရပါပြီ..။
အောက်ကပုံမှာ ပြထားတဲ့ Tool နေရာတွေကနေ ဓါတ်ပုံတွေရဲ့ Effects တွေကို
ရွေးယူပြီး ပုံတွေကို စိတ်တိုင်းကျ ပြုပြင် ဖြတ်ဆက် ယူလို့ ရသွားပါပြီ..။
အားလုံးပဲ အဆင်ပြေပါစေ..။
























0 comments:
Post a Comment