RSS
Facebook
Twitter

Sunday 29 September 2013

/
Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ် မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာ လိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခု တွင်ပြောကြားခဲ့သည်။

" ဒီ ကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့ စိတ်ဖိစီးမှု ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊ ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ် ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။ " မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံး ပိတ်ပါပြီ " ဟု Facebook မှ နည်းပညာရေးရာ ဒုတိယ ဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့  ကိုယ့်ပုံ ကိုယ် ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက် ကနေ ဖယ်လိုက်တော့၊ Facebook လုပ်ငန်း ရပ်ဆိုင်း သွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthi က ဆက်လက်ပြောကြားခဲ့သည်။ ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့ သော် ပြည်သူများ မကျေမလည် ကသိ အအောင့် ဖြစ်လိမ့် မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။

 
ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြ မယ်။ တကယ့်လူသား မိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ဒီထတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebook သုံးစွဲသူ တစ်ချို့ ဟာ ဒေါသတကြီး ပေါက်ကွဲကြတယ်၊ Facebook မှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲ လို့  အင်ဒီယာနာ မှ အထက်တန်း ကျောင်းသား တစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှော က ပြောသည်။
 
Enjoy!
 
Hnget Ngai

0 comments:

Post a Comment