RSS
Facebook
Twitter

Monday 30 September 2013




မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website ဒီနေ့အားလုံးကို Website လေးတစ်ခု ညွှန်းပေးစရာ ရှိပါတယ်။

သူ့ရဲ့ လုပ်ဆောင် ချက်က သင်လိုအပ်နေတဲ့ File ကို သတ်မှတ်ထားတဲ့ Host ကနေ သွားပြီးတော့ ကူရှာပေးပါတယ်။

ဥပမာ - သင်က Google Talk လေး လိုချင်တယ်ဆိုပါစို့။
သင့် အနေနဲ့ ပုံမှန်ဆိုရင် Google မှာ Download Google Talk ဆိုပြီး ရိုက်ထည့်ပြီးရှာရပါလိမ့်မယ်။

နောက်ပြီးတော့ Website ထဲဝင်ရမယ်။ သင့် က Download လေးရှာ ပြီး နှိပ်ပေးရပါဦးမယ်။ တစ်ခါတစ်ခါ Like to Download တို့၊ စာဖတ်ပြီးမှ Like ပါတို့၊ နောက်ပြီး

Download Link သို့မဟုတ် Buttom ကို နှိပ်လိုက်တယ် ဆိုရင်လဲ Adfly , Adfocus စတဲ့ Ads Website တွေကို ကျော်ခွနေရဦးမှာ ဖြစ်ပါတယ်။

5 sec ကနေ့ 10 sec လောက်ထိ စောင့် ပြီး ကျော်ခွနေရဦးမှာဖြစ်ပါတယ်။


သင့် အနေနဲ့ Internet လိုင်း မကောင်းတာက တစ်မှောင့် Ads စောင့်ရတာက တစ်မှောင့် အဆင်ပြေမှာ မဟုတ်ပါဘူး။

အဲ့အတွက် ဒီ Website လေးက သင့် အချိန်တွေမကုန်စေဖို့ ကူညီပေးပါလိမ့်မယ်။

Site နာမည်က   http://www.filecrop.com    ပါ။



Website ထဲမှာ မိမိ Download လုပ်ချင်တဲ့ File Name ကို ရိုက်ထည့်လိုက် ရုံ ပါပဲ။

ရိုက်ထည့်လိုက်တာနဲ့ သူက Website တွေကိုလိုက်ရှာပြီး Mediafire, Hotfile, Rapidshare, 4shared စသည်တို့မှာ တင်ထားတဲ့ မိမိလိုချင်တဲ့ File တွေထဲကို သွားရှာပေးပါလိမ့်မယ်။

ပြီးတော့ Result ကို ဖော်ပြပေးမှာ ဖြစ်လို့ သင့်အနေနဲ့ မိမိလိုချင်တဲ့ G Talk ဆို G Talk စသည်ဖြင့် မိမိလိုချင်တဲ့ ကောင် ရဲ့ Download Link ကိုတန်းရလာပါလိမ့်မယ်။ နောက်ပြီး ဘယ်ဆိုဒ်ကနေ ရှာတွေ့လာတယ်ဆိုတာရော ဖော်ပြပေးပါလိမ့်မယ်။


သင့်အနေနဲ့ က သူပေးတာလေးကို နှိပ်ပြီး လွယ်ကူစွာ ဒေါင်းလုပ် ပြုလုပ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ သူက ရှာပေးတာပဲ ဖြစ်လို့ သင့် အနေနဲ့ Visus ဟုတ်မဟုတ်ကို သတိထားဖို့ လိုပါလိမ့်မယ်။

Download Link ကို   http://www.virustotal.com   မှာထည့်ပြီး Scan ဖတ်ကြည့်နိုင်ပါတယ်။

မိမိကွန်ပျူတာနဲ့က Antivirus နဲ့ လည်း Scan ဖတ်ကြည့်ဖို့ လိုပါတယ်။



သူ့ကို သုံးခြင်းရဲ့ အကျိုးကျေးဇူးကတော့ အချိန်ကုန်တာ သက်သာတာပါပဲ၊
ဒါပေမဲ့ သူက Rapidshare , Hotfile, Mediafire, Depositfiles,Mega, 4shared Host မှာ တင်ထားတဲ့ File တွေကို ပဲ ရှာ ပေးပါတယ်။

အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
Ejoy!
 
HNGET NGAI

0 comments:

Post a Comment