Internet
မှာဖိုင်တွေ ကို share လုပ်ဖို့ email, file hosting sites တွေကို
အသုံးပြုကြပါတယ်။BitTorrent ဆိုတာကတော့အဲဒီနည်းတွေနဲ့ မတူတဲ့ peer-to-peer
file sharing (p2p) နည်းပညာတစ်ခုပါ။ဖိုင်တွေကို အင်တာနက် ပေါ် upload
လုပ်ပြီး share လုပ်တာမဟုတ်ဘဲ ကွန်ပြူတာတွေကနေ အခြားကွန်ပြူတာတွေဆီကို
တိုက်ရိုက် share လုပ်ပေးပါတယ်။တစ်ခြားနည်းတွေလို server
တစ်ခုတည်းကနေပဲဒေါင်းလုပ်လုပ်စရာမလိုဘဲ bittorrent network အတွင်းမှာ
အပြန်အလှန် file တွေ share လုပ်ပေးပါတယ်။ Torrent တွေ အကြောင်းနဲ့ 
Download လုပ်နည်းတွေအကြောင်းရေးပေးထားတဲ့ဆောင်းပါးတွေကို
ဒီဆောင်းပါးအောက်ဆုံးမှာ လင့်တွေ ပြန်ပေးထားပါ့မယ်။အခုဆောင်းပါးမှာတော့
Torrent တွေကို Android Device တွေကနေ
ဒေါင်းလုပ်လုပ်နည်းကိုရေးမှာပါ။Torrent ဆိုက်တွေ မှာ
နောက်ဆုံးထွက်ရုပ်ရှင်တွေ၊သီချင်းတွေ၊ဆော့ဝဲတွေ ၊ Ebook တွေ ၊ Android /
iOS App တွေ စုံလင်စွာရှိတဲ့အတွက် Torrent တွေကို
ဒေါင်းလုပ်လုပ်တတ်အောင်လေ့လာထားသင့်ပါတယ်။ Torrent တွေကို
ကွန်ပြူတာအချင်းချင်းဖိုင်တွေ တိုက်ရိုက် Share လုပ်တဲ့အတွက် Download ကန်
့သတ်ချက်တွေမရှိပါဘူး။အဲဒီအတွက် ဆိုက်ကြီးတဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ရင်
အချိန်မရွေး Resume လုပ်နိုင်ပါတယ်။
Kickass Torrents App ကနေဒေါင်းလုပ်လုပ်ခြင်း။
Android
Device မှာ Torrent တွေကို ဒေါင်းလုပ်လုပ်ဖို့  Torrent Client App
ကိုအသုံးပြုပါတယ်။ Android အတွက် Torrent Client
တွေအများအပြားရှိပြီးအခုဆောင်းပါးမှာတော့ နာမည်ကြီး Torrent Site
တစ်ခုဖြစ်တဲ့ Kickass Torrents App ကိုအသုံးပြုနည်းကိုရေးပါမယ်။
Kisstorrents App ကို အင်စတောလုပ်ပြီးရင် ဒေါင်းချင်တဲ့
ရုပ်ရှင်၊သီချင်း၊ဆော့ဝဲ စသဖြင့် နာမည်ရိုက်ရှာပါ။ဒီဆောင်းပါးမှာတော့
ထွက်တာသိပ်မကြာသေးတဲ့ the croods ဆိုတဲ့ ရုပ်ရှင်ကို ရှာလိုက်ပါတယ်။ The
Croods ရုပ်ရှင်တွေကျလာမှာဖြစ်ပြီး ရုပ်ရှင်ရဲ့  Quality , File Size ,
Seed/Leech Ratioပေါ်မူတည်ပြီးနှစ်သက်ရာ Download လုပ်နိုင်ပါတယ်။
Seed/Leech Ratio ကလည်းအရေးကြီးပါတယ်။ Seed or Seeder ဆိုတာကတော့
ဖိုင်ကိုဒေါင်းလုပ်လုပ်ပြီးသူဖြစ်ပြီး တစ်ခြားသူတွေ အတွက်ပြန်ပြီး Upload
လုပ်ပေးနေတဲ့သူဖြစ်ပါတယ်။Leech or Leecher
ကတော့ဖိုင်ကိုဒေါင်းလုပ်လုပ်ပြီးသူဖြစ်ပြီးပြန်ပြီး Upload
လုပ်မပေးတဲ့သူဖြစ်ပါတယ်။အဲဒီအတွက် Seed အရေအတွက် က Leech
အရေအတွက်ထက်ပိုများတဲ့ဖိုင်ကိုဒေါင်းရင် Download Speed ပိုမြန်မှာပါ။
Download Speed က Seed/Leech Ratio နဲ့ ဆိုင်သလို သင့် ကွန်နက်ရှင်နဲ
့လည်းဆိုင်ပါတယ်။ အဲဒီအချက်တွေကို လေ့လာပြီး လို ချင်တဲ့ဖိုင်ကို
တစ်ချက်နှိပ်ပါ။
ဒါဆိုရင်
အဲဒီဖိုင်ရဲ့ သတင်းအချက်အလက်တွေကို ပိုမိုပြည့်စုံစွာတွေ့ ရပါပြီ။ Torrent
Community မှာ Fake Torrent or Virus တွေလည်းရှိတတ်တဲ့အတွက် Torrent
တွေကို ဒေါင်းလုပ်ဆွဲရင် Comments , Files , Rating တွေကို လည်းလေ့လာသင့်ပါတယ်။ရုပ်ရှင်တွေဆိုရင်လည်း
သူ ရဲ့  Quality ကောင်းမကောင်းကွန်းမန့် မှာတွေ့ နိုင်ပါတယ်။ Files
ကိုနှိပ်ကြည့်ရင် အဲဒီ Torrent မှာပါတဲ့ဖိုင်တွေကိုတွေ့ မြင်နိုင်ပါတယ်။
Zip ဖိုင်တွေပဲတွေ့ ရရင်တော့ အဲဒီဖိုင်ဟာ Fake ဖြစ်နိုင်ပြီး ကွန်းမန်
့တွေကို ထပ်လေ့လာပါ။
လေ့လာပြီးရင်တော့
အရင်ဝင်းဒိုးကိုပြန်ထွက်ပြီး Download Torrent ကိုနှိပ်ပါ။ဒါဆိုရင် Box
တစ်ခုကျလာပြီး Add ကိုနှိပ်ပါ။ Pause
လည်းလုပ်နိုင်ပြီးဖိုင်ဆိုက်အချိန်မရွေး App ကိုပြန်ဖွင့်ပြီး Resume
လုပ်နိုင်ပါတယ်။
Browser ကနေ ဒေါင်းလုပ်လုပ်ခြင်း။
Torrent
တွေကို ဒေါင်းလုပ်လုပ်နိုင်တဲ့အခြားနည်းတွေလည်းရှိပါတယ်။ Browser ကနေပြီး
Torrent
ဆိုက်တွေကိုဖွင့်ပြီးလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။နာမည်ကြီးဆိုက်တစ်ချို
့ကတော့ Kickass , Extratorrents , Piratebay စတာတို့ ဖြစ်ပါတယ်။နောက်ပြီး Torrent Search Engine တွေလည်းရှိပြီး Isohunt , Torrentz.eu
တို့ မှာရှာနိုင်ပါတယ်။ Browser ကနေ Kickass ဆိုက်ကိုသွားပြီး Torrent
တစ်ခုကိုနှိပ်ကြည့်ရင် သတင်းအချက်အလက်တွေကိုတွေ
့မြင်နိုင်ပြီးဒေါင်းလုပ်လုပ်ချင်ရင် Magnet Link or Download Torrent
ဆိုတာ ကိုနှိပ်ပါ။ဒါဆိုရင် App ကိုရွေးခိုင်းတဲ့ Popup ပေါ်လာမှာဖြစ်ပြီး
Kickass Torrents ကိုရွေးပေးရင် ဒေါင်းလုပ်စဆွဲပါပြီ။
Setting များကိုပြုပြင်ခြင်း။
ညာဘက်အပေါ်ထောင့်က
Dropdown Menu ကိုနှိပ်ပြီး Settings ထဲကိုဝင်ပါ။ Settings ထဲမှာ Download
Folder ကိုကြိုက်တဲ့နေရာပြောင်းနိုင်သလို Startup မှာ Autorun ဖို့ 
ရွေးချယ်နိုင်ပါတယ်။အောက်ကို ဆက်ဆင်းရင် Upload limit ကိုတွေ့ နိုင်ပါတယ်။
Bittorrent System အရ သင်ဟာဖိုင်ကိုဒေါင်းလုပ်လုပ်နေတဲ့အချိန်မှာပဲ
ရပြီးသားဖိုင်အစိတ်အပိုင်းကို ပြန်ပြီး Upload လုပ်နေပါတယ်။
ကွန်နက်ရှင်မကောင်းတဲ့သူတွေ အတွက် Upload Speed ကိုသတ်မှတ်ထားလို့ ရပါတယ်။
Upload limit ကိုနှိပ်ပြီး 10 kB/s သတ်မှတ်ပေးပါ။10 kB/s ထက်တော့
လျှော့ပြီးသတ်မှတ်လို့ မရပါ။Wifi only မှ ဒေါင်းလုပ်လုပ်ဖို့ ၊ Auto Resume
လုပ်ဖို့ တွေလည်းပြုလုပ်နိုင်ပါတယ်။နောက်အရေးကြီးတာတစ်ခုက Seed proceed
ဆိုတဲ့ Check Box မှာအမှန်ခြစ်ဖြုတ်ပေးပါ။မဟုတ်ရင်
ဒေါင်းလုပ်ဆွဲပြီးတဲ့အချိန်မှာ Upload လုပ်နေပါလိမ့်မယ်။
Torrent
ဖိုင်တွေ ရဲ့  ကျန်းမာရေး ဟာ Seeder တွေ အပေါ်မှာအများကြီးမူတည်ပါတယ်။Seeder
မရှိရင် အဲဒီ Torrent ဖိုင်ကိုဒေါင်းလုပ်လုပ်လို့ မရပါဘူး။ကိုယ်က ရယူသလို
သူများတွေ အတွက်လည်းပြန် ပြီး ပေးဆပ်မယ်ဆိုရင် Torrents လောကကြီးက
ပိုမိုကောင်းမွန်မှာပါ။အဲဒီအတွက် သင့်ကွန်နက်ရှင်ကောင်းတယ်ဆိုရင်
ဒေါင်းလုပ်လုပ်ပြီးရင်ပြန်ပြီး Seed လုပ်သင့်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း
Seed လုပ်ချင်ပေမယ့် ကွန်နက်ရှင်မကောင်းတဲ့အတွက် တစ်ခါတစ်လေမှသာ Seed
လုပ်နိုင်ပါတယ်။ Torrent တွေကို ဒေါင်းလုပ်လုပ်တတ်စေချင်တဲ့ စေတနာနဲ
့ဒီဆောင်းပါးကိုရေးပါတယ်။
Download Kickass Torrents App from Play Store or Dropbox (3) mb
Torrent ဖိုင်တွေ အကြောင်းကျွန်တော်ရေးထားပြီးသားဆောင်းပါးတွေကိုလည်းဖတ်ကြည့်ပါအုံး။
Credit; IT Helper
Enjoy !
Hnget Ngai







0 comments:
Post a Comment