ငှက်ငယ် ( မြိုခမိသမိုင်း )
Home
Thursday, 26 September 2013
မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးကျော်ထွန်းခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ(၁၂) ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ခဲ့ပါသည်။
Posted by Unknown on 04:33 with
No comments
လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ(၁၂) ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ
ဟောပြောတင်ခဲ့ပါသည်။
အဆိုပါဟောပြော တင်ပြချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်----------
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံခညောင်းပြီး ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း တည်းဟူသော
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။
ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ မြို (ခေါ်)
ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ကိုယ်စားပြု၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်မြိုင်မည့် အဖွဲ့ပါတီရဲ့ ဒုတိယဥက္ကဌ
ဦးကျော်ထွန်းခိုင် ဖြစ်ပါတယ်။
ကျွန်တော်တို့ အဖွဲ့အနေဖြင့်ရခိုင်ပြည်နယ်မှ (၇)ဦးနှင့် ချင်းပြည်နယ်
ပလက်ဝမြို့နယ်မှ (၂)ဦး ပေါင်း (၉)ဦး၊ လွှတ်တော်(၃)ရပ်တွင် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမယ်ဖြစ်ပါတယ်။
ခုလို နိုင်ငံတော်ပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ
တင်ပြ ဟောပြောခွင့်ရရှိတဲ့အတွက် နိုင်ငံတော်နှင့် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ကို ကျေးဇူးတင်ရှိပါတယ်။
များစွာလည်း ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-------
ကျွန်တော်တို့ မြို (ခေါ်) ခမိတိုင်းရင်းသား၊ လူမျိုးသမိုင်းကြောင်းကိုအချို့ပြည်သူ အများအပြားတို့က
မသိရှိကြသေးဘဲ ရှိနေဦးမှာဖြစ်တဲ့အတွက် အနည်းငယ် မိတ်ဆက်တင်ပြလိုပါတယ်။ ရှေးဘိုးဘေး၊ ဘီဘင်တို့ရဲ့
နှုတ်ဆင့်ကမ်းစကားအရ လည်းကောင်း၊ မိမိတို့ ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း။
အနောက်မဇ္စိုမမှ စစ်ဘေးဒဏ်ကြောင့် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော် လျက် တိဗက်ကုန်းပြင်မြင့်သို့
ရောက်ရှိခဲ့ကြပါတယ်၊ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ၄င်းအာသံ၊
မဏိပူရမှတစ်ဆင့် ခြေဦး တည့်ရာ သွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့အရှေ့ဘက် (၁၀)
မိုင်ကျော်ခန့်အကွာ မိမိတို့ရဲ့ ဘာသာစကားဖြင့် “ကီမာ” ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာ
ပန်းတောင်သို့ရောက်ရှိ အခြေချနေထိုင်ခဲ့ ကြပါတယ်။ ယင်းမှတစ်ဆင့် အချို့တွေဟာဂစ္ဆပနဒီ (ကုလားတန်မြစ်) ရဲ့
အထက်အောက်နှင့် လေးမြို့မြစ်တလျှောက်ပျံ့နှံ့စွာ ဆင်းသက် နေထိုင်ခဲ့ကြပါတယ်။ အချို့မှာ
အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေရှ့် )အထိ ရောက်ရှိ ပျံ့နှံ့ ခဲ့ကြပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-----------
ရှေးလူကြီး၊ သူမတို့၏ သက်ကြီးစကား၊ သက်ငယ်ကြားဆိုတဲ့စကားအရ က္မန်တော်တို့ဟာ မိမိတို့ဘာသာစကားဖြင့်
“ခေါ်မှုန့်” မှ လာသည်ဟု ပြောလေ့ရှိကြပါတယ်။ “ခေါ်မှုန့်” အဓိပ္ပာယ်ကတော့ ဂူထဲမှ (သို့) မှောင်မိုက် သည့်
နရာမှ(သို့) မိုး ကောင်းကင် အောက်ဟု အဓပ္ပာယ်ရပါတယ်။ နောင်အခါ “ခေါ်မှုန့်” မှ “ခေါ်မီ”၊ “ခမီ” “ခမိ”
ဖြစ်လာပါတယ်။ ဂူထဲမှလူ မနုသာလူသားဟူသော အဓိပ္ပာယ် ရပါတယ်။ က္မျန်တော်တို့ ရှေးဦးလူသားတွေဟာ ဂူထဲ၌
အနေကြာလာကြပြီးနောက် လူဦးရေတဖြည်းဖြည်း တိုးပွားလာကြရာမှ ဂူထအဲ နေမဆံ့၍လည်းကောင်း၊ အနာ၊
ရောဂါဘယများပြား၍လည်းကောင်း။ အချင်းချင်း ပြသာနာရှိလာကြ၍ လည်းကောင်း၊
အကြီးအကဲတို့၏ခွင့်ပြုချက်အရ သဘာဝ ကျောက်ခေါင်းထဲမှ အပြင်ထွက် ကြပြီး ခြံစည်းရိုးခုနစ်ထပ်ဖြင့်
ကာရံလျက် နေထိုင် ကြပါတယ်။ ယင်းသို့ ခြံစည်းရိုး ခုနစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ
ကာကွယ်နေထိုင်ခြင်းကို မြို (ခေါ် ) ခမိဘာသာစကားဖြင့် “မရူဆရီကာအဲဒတ်”ဟူ၍ ခေါ်ဆိုကြပါတယ်။ နောင်တွင်
“မရူ”မှ “မရို” ၊ “မြို” ဖြစ်လာပါတယ်။ ရှေးပညာရှိများက က္မျန်တော်တို့ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် “မြို”
ကို အခြေခံပြု၍ ခြံစည်းရိုးအတွင်းနေထိုင်လူ (လူမျိုး)၊မြိုလူမျိုးဟူ၍ သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါတယ်။
ယင်းမှတစ်ဖန် “ခေါ်မှုန့်”ကို အစွဲပြီး မိမိ တိုဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွန်းပြောဆိုလေ့ ရှိကြတဲ့
“ခမီ”(လူသား)ကိုလည်း အမည်နာမ ပညတ်ပြီး ခေါ်ကြပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား----------
ခရစ်သက္ကရာဇ်(၁၈၂၄)ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နှင့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့်
ဦးဆုံးနယ်ချဲ့တို့က ဖိနှိပ်အုပ်ချုပ် ခြင်းကို ရခိုင်တို့နှင့်အတူ က္မျန်တော်တို့ မြို (ခေါ် ) ခမိ
တိုင်းရင်းသားတွေဟာလည်း ခံခဲ့ကြရပါတယ်။ မြို (ခေါ် ) ခမိတိုင်းရင်းသားခေါင်းဆောင် ဦးစပင်နှင့် ဦးဆိန္ဒာတို့ဟာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မြောက်တောင်ကျေးရွာမှ အစပြုပြီး တုတ်၊ ဓား၊ ခယဲမ်း၊ မီးကျောက် စတဲ့
ရရာလက်နက် တို့ဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြပါတယ်။ လက်နက်ချင်းမမျှတဲ့အတွက် မြောက်တောင်ရွာမှ
ဆုတ်ခွာပြီး တင်းမ၊ မီးဝ၊ ပလက်ဝအထိ လည်းကောင်း၊ ယင်းမှ မတူပီ၊ မင်းတပ်တို့မှလည်းကောင်း ဆုတ်ခွာကာ
ခုခံတော်လှန်ခဲ့ကြပါတယ်။
နောက်တစ်ဖန် ကိုလိုနီခေတ်၊ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတို့မှာလည်းပဲ
အမျိုးသားရေး နိုးကြားမှုရှိကြတဲ့ က္မျန်တော်တို့မြို (ခေါ် ) ခမိတိုင်းရင်းသားတွေဟာ ရွပ်ရွပ်ချွံခ္မျံ ပါဝင်ခဲ့ကြပါတယ်။
ဥပမာအားဖြင့် ရခိုင်တိုင်းလုံးဆိုင်ရာ ဖဆပလဥက္ကဌ ဦးပညာသီဟ ဦးဆောင်သော မြို (ခေါ် ) ခမိ
တိုင်းရင်းသားခေါင်းဆောင် ဦးအာဝင်း (ကျောင်းတိုက်ရွာ) နှင့် ဦးအောင်ဘန်း (အကြီးတော် ရွာမ) ဒုတိယ
ခေါင်းဆောင် မြောက်ဦးမြို့နယ်တို့ရဲ့ စီစဉ်မှုဖြင့် တိုင်းဖဆပလ ဥက္ကဌ ဦးပညာသီဟရဲ့မြို (ခေါ်) ခမိအမျိုးသားများ
ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ထွန်းအောင်ကျော်ခေါင်းဆောင် အဖွဲ့ဟာ
ဂျပန်ဗိုလ်မှူးတာနာကာတပ်ဖွဲ့အားဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။ ယင်းမှ တိုက်ပွဲစဉ်များ
တစ်လျောက်လုံးမှာ က္မျန်တော်တို့ အမျိုသားတွေဟာ ရှေ့တန်းမှ ရခိုင်တိုင်းရင်းသားများ နှင့်အတူ
ပါဝင်တော်လှန်ခဲ့ကြပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-----
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ ပါလီမန် ဒီမိုကရေစီခေတ်တွင် ကျွန်တော်တို့
အမျိုးသားတွေဟာ “မြိုအမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ” ကို တည်ထောင်ခွင့် ရရှိခဲ့ပါတယ်။ မိမိတို့လူမျိုး
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခွင့်အလမ်းများရရှိ အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ
ဖြစ်ပါတယ်၊ ယင်းခေတ်အချိန်၌ ကျွန်တော်တို့ အမျိုးသားတွေဟာ အသိပညာဗဟုသုတ နည်းပါးကြသေးတဲ့အတွက်
ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြ၍ ပါတီရဲ့ လူမျိုး၊ အမည်နာမကို သမိုင်း မှတ်တမ်းအရ “မြို” မှန်တယ်(သို့)
မိမိတို့ အချင်းချင်း ဘာသာစကားဖြင့် ရည်ညွန်းခေါ်ဝေါ်ကြတဲ့ “ခမီ” မှန်တယ်လို့ အငြင်းပွား ပြသာနာ
ဖြစ်ခဲ့ဖူးကြပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား---------------
အခုတင်ပြခဲ့တဲ့ အဲဒီအစွဲအလမ်းတွေကြောင့် ကျွန်တော်တို့ အမျိုးသားတေဟာ တော်လှန်ရေးကောင်စီ ခေတ်
(၁၉၇၁-၇၂) ခုနှစ်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံတဲ့အခါ နေထိုင်တဲ့ဒေသ
တစ်ခုစီရဲ့အစွဲ၊ ဝိဝါဒများကြောင့် “ မြို ”နှင့် “ခမိ” တိုင်းရင်းသားဟူ၍ နှစ်မျိုးဖြစ်လာကြပါတယ်။ တစ်ဝမ်းတည်းဖွား
ညီအစ်ကို မောင်နှမအရင်းချာမှ လူမျိုး(၂)မျိုးလို ဖြစ်လာခဲ့ကြရပါတယ်။ ကျွန်တော်တို့အဖွဲ့ပါတီမှာ
ပါဝင်ဆောင်ရွက်ကြတဲ့မြို့နယ်စုံမှ ဗဟို၊မြို့နယ်၊ ကျေးရွာ အလုပ်အမူဆောင်ကော်မတီတွေဟာ “မြို” လူမျိုးနဲ့ “ခမီ”
လူမျိုးဟူ၍ တစ်မျိုးစီဖြင့် နိုင်ငံသား စိစစ်ရေးကတ်၌ ကိုင်ဆောင်ထားကြသူများ ဖြစ်ကြပါတယ်။ အားလုံးတွေဟာ
ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ တူညီပြီး တစ်ဆွေ တစ်မျိုးနွယ်တည်း ဖြစ်ကြပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----------------------------
ကျွန်တော်တို့ အမျိုးသားတွေဟာ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်မှ နိုင်ငံရေးပါတီများကို မှတ်ပုံတင် လျှောက်ထားခွင့်
ပြုလာတဲ့အခါ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်ဒေသတို့မှ
အမျိုးသားခေါင်းဆောင်တို့က ညီညွတ်စွာဖြင့် အဖွဲ့ပါတီ ထူထောင်ရေးကို အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြ၍
အမျိုးသားထု တစ်ရပ်လုံး ဆန္ဒသဘောထား တူညီမှုအရ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ပေါက်တောမြို့နယ်
ရေညှင်းချောင်းကျေးရွာ၌ မြို ခေါ် ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့ နိုင်ငံရေး ပါတီကို အားလုံးသဘောတူညီစွာဖြင့်
ဖွဲ့စည်း ထူထောင် ခဲ့ကြပါတယ်။ ယင်းအချိန်၌ ကျွန်တော်တို့ အမျိုးသားတွေဟာ ရှိနေပြီးသော လူဦးရေ အရ “မြို”
အမည်နှင့် သုံးသောင်းကျော်၊ “ခမီ” အနေနှင့် နှစ်သောင်းကျော် ဖြစ်နေတဲ့ အတွက် အနာဂတ် ဒီမိုကရေစီစနစ်
ပေါ်ထွန်းလာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ လူဦးရေကို အခြေခံပြီး လူမျိုးစု လွှတ်တော် ကိုယ်စားလှယ်များ ရရှိခွင့်
ရှိလာနိုင်လိမ့်မယ် ဟူ၍ မျှော်မှန်းကြလျက် မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ကို
ဖွဲ့စည်းတည်ထောင်လာကြခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား----------------------
ကျွန်တော်တို့ မြို ( ခေါ် ) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်ကို
တင်ပြပါမယ်--
(၁) ပြည်ထောင်စု မြန်မာနိုင်ငံ တည်တံခိုင်မြဲရေးအတွက် အခြားးတိုင်းရင်းသားများနှင့် အတူ
လက်တွဲပါဝင်ဆောင်ရွက်ရန်။
(၂) စစ်မှန်သော ဒီမိုကရေစီထွန်းကားလာရေးအတွက် တိုင်းရင်းသားလူမျိုးများ အားလုံးနှင့်အတူ
ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
(၃) နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်။
(၄) မိမိတို့၏ ဓလေ့ထုံးစံယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြုစု ပျိုးထောင်သွားရန်။
(၅) မိမိတို့၏ ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများ သိရှိနားလည်ပြီး အချင်းချင်း ပိုမိုရင်းနှီး ချစ်ကြည်မှု
ရရှိစေရန်တို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ အဖွဲ့ပါတီရဲ့ လုပ်ငန်းစဉ်များကို ဆက်လက်တင်ပြသွားပါမယ်-
(၁) တိုင်းရင်းသားများ အခွင့်အရေး တန်းတူရည်တူရှိနိုင်သည့် စစ်မှန်သော ဒီမိုကရေစီစနစ်
ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက်သွားမည်။
(၂) တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ကံကြမ္မာကို စီမံဖန်တီးဆောင်ရွက်နိုင်ခွင့် ရရှိရေး အတွက်
ဆောင်ရွက်သွားမည်။
(၃) ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကို တည်ဆောက် သွားမည်။
(၄) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မိမိတို့၏ နေရာဒေသအလိုက် စီးပွားရေးလုပ်ငန်းများ အံဝင်ခွင်ကျ
အကောင်အထည်ဖော်နိုင်ရေးတို့ကို စနစ်တကျ ပြုစုပျိုးထောင်သွားမည်။
(၅) မိမိတို့နှင့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များတူညီသော အခြားအဖွဲ့အစည်းများနှင့် အခါ အားလျော်စွာ
ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား-------------------
မိမိနိုင်ငံနဲ့ မိမိတို့ပြည်နယ်၊ မိမိတို့ဒေသ တိုင်းရင်းသား အားလုံးတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊
ပညာရေးစတဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး ကိစ္စရပ်များကို အလေးအနက်ထားပြီး
ဦးစားပေးဆောင်ရွက်သွားပါမယ်။ လူသားချင်း အခွင့်အရေး တန်းတူ ရည်တူ ရှိမှုနှင့် ဥပဒေပါ ရပိုင်ခွင့်
အကျိုးခံစားခွင့် ရရှိရေး ဆောင်ရွက်သွားပါမယ်။ ဒေသအလိုက် မြို့၊ ရွာ များဖံွ့ဖြိုးရေး၊
တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ စာပေ၊ ယဉ်ကျေးမှု ထွန်းကားပေါ်ပေါက်ရေး၊ အကျင့်စရိတ္တမြင့်မားပြီး ဘက်စုံ
ထူးချွန်တဲ့ လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာရေး၊ မိဘမဲ့ကလေးများ ပညာသင်ကြားနိုင်ရေးနဲ့
အလုပ်လက်မဲ့လူငယ်၊ လူရွယ်များ အလုပ်အကိုင် ရရှိရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်သွားပါမယ်။
လူသားချင်း ခေါင်းပုံဖြတ်၊ အမြတ်စားခြင်း၊ အဂတိလိုက်စားပြီးလာဘ်ပေး လာဘ်ယူမှုပပျောက်ရေး၊
ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်နှင့် လူမျိုးအချင်းချင်း နှိမ့်ချခြင်း၊ ကဲ့ရဲ့ခြင်း၊ ရေးသားခြင်း မရှိစေရေးတို့ကို
ဆောင်ရွက်မည် ဖြစ်ပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----
ကျွန်တော်တို့ဟာ မိမိတို့ရဲ့နယ်မြေဒေသ ပြည်နယ်နှင့် နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး
ဘက်စုံဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ပါတယ်။ နယ်မြေဒေသတစ်ခု
ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်ထောင်စုကြီးနဲ့ နယ်မြေဒေသအစိတ်အပိုင်း တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းပဲဖြစ်ပါတယ်။
နောက်တခုကတော့ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါတယ်။ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင်
နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့်ပြည်ထောင်စု စိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးပါတယ်။
မိမိတို့အဖွဲ့ပါတီကို ကိုယ်စားပြု၍ လွှတ်တော်ရွှေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်
ကိုယ်စားလှယ်များတွေဟာ မိမိနယ်မြေဒေသ၊ မိမိပြည်နယ်နှင့် မိမိနိုင်ငံအတွက် ခိုင်မြဲသည့်
ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်၏ ကျရာ အခန်းဏ္ဍတို့မှ နိုင်ငံတော်နှင့်
လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားကြမည်ကို အဓိဌာန်ပြုထားကြပြီး ဖြစ်ပါတယ်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----
ကျွန်တော်တို့ မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ပါတီ၏ တံဆိပ်သင်္ကေတကတော့ ငှက်တော် ဖြစ်ပါတယ်။
မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ပိုင်ဆိုင်သည့် အသည်းထဲမှ မဲတစ်ပြားကို
မိမိနယ်မြေဒေသနှင့် ပြည်နယ်၊ နိုင်ငံအတွက် ဖြစ်တယ်လို လက်ကိုင်ထားကြပြီး မှန်ကန်တဲ့ အတွေးအခေါ်ဖြင့်
အရေးကြီးသည့် ဆန္ဒမဲများကို ဆုံးဖြတ် ထည့်ပေး ကြပါလို့ ရိုးသားစွာဖြင့် မေတ္တာရပ်ခံတင်ပြရင်း
နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။
: ----------------------------------- ----------------------------------- ----------------------------------- :
ငှက်ငယ်
Email This
BlogThis!
Share to X
Share to Facebook
Categories:
မြိုခမိ သတင်းများ
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Archives
Facebook Badge
ငှက်ငယ် - နည်းပညာလေ့လာခြင်း
Promote your Page too
Recent Posts
Popular Post
ကောင်းသန့်စာအုပ်များ စုစည်းမ
(၁)ချစ်တပည့်သို့ http://www.mediaf...
FileManager (Explorer) ( for Android )
မိမိဖုန်းထဲမှာ FileManager လိုအပ်နေတဲ့ မိတ်ဆွေများအတွက် update လေးပါ.. အထွေအထူးတော့ မပြောပြတော့ပါဘူးနော. အားလုံးသိပီးဖြစ် မယ်ထင်ပါ...
စာဖတ် ချစ်သူများအတွက် စာအုပ်စင်( စာအုပ် ၄၀၀ ပါဝင်သည်)
မြန်မာပြည်က စာရေးစရာတွေရဲ့ မြန်မာ e-Books တွေပါ။ ကျွန်တော် တင်ထားတာ မဟုတ်ပါဘူး။ စုဆောင်းပေးထားတာပဲဖြစ်ပါတယ်၊ မူပိုင်ခွင့်ကိုနား...
Keyboard + System Cleaner နှစ်မျိုးသုံးလို့ရတဲ့ Bagan Keyboard Pro (Pre Activated!) ( For Android )
Android ဖုန်းအသုံးပြုသူများအနေဖြင့် Bagan Keyboard ဆိုရင်တော်တော်များများသိကြပါတယ်။ အခု အသစ်တင်ပေးလိုက်တဲံ Bagan Keyboard ကတော့ Install...
WonderFox Video Converter Factory Pro 7.4.0.0 Full + Key
ဒီဆော့စ်ဝဲလ်လေးကတော့ Videos/Audios File တွေကို Quality မပျတ်ပဲ Convert လုပ်ပေးနိုင်တဲ့ all-in-one ဆော့စိဝဲဖြစ်ပါတယ်။Video to HD video,...
Bagan Keyboard Pro [Perfect](Pre Activated!) 3.2.4
သူငယ်ချင်းများအားလုံး ဒီမှာလာယူကြပါ။ Install လုပ်ပြီးတာနဲ့ Activated ဖြစ်ပြီးသားပါပဲ။ ကြိုက်ရာ Setting ထဲကို ကြိုက်သလိုဝင်ပြီးြ...
မြန်မာ တရုတ်၊ တရုတ် မြန်မာ စကားပြော
စာအုပ်အမည်း ၀ါဝါ - မြန်မာ တရုတ်၊ တရုတ် မြန်မာ ရေးသားသူး ဝါဝါ အမျိုးအစားး pdf အရွယ်အစား 12.9 MB ဒီစာအုပ်လေးက...
ကြက်ဥ ပန်းပု အနုပညာ
တရုပ်လူမျိုးတွေဟာ အရှေ့ကမ္ဘာမှာတော့ အနုပညာ လက်ရာမှာ အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်..... ။ အနုပညာကို ကြံဖန်ဖန်မြင်...
အဖေ့အိမ် (အတွေးရသစာစုများ) - ဦးဘုန်း(ဓာတု)
https://www.sugarsync.com/pf/ D1904313_78975879_844805
Android Version 4.3 အထိ Root လုပ်စရာမလိုဘဲ ထည့်သွင်းနိုင်တဲ့ Zawgyi မြန်မာဖောင့်
ဇော်ဂျီဖောင့်ဟာ Android Version 4.2.2 ကနေစပြီး သုံးလို့မရတော့ပါဘူး ... Root ဖောက်ပြီးမှသာအသုံးပြုနိုင်ကြတယ်။ Root ဖောက်ပြီးသုံးတာ...
Blog links
About Me
Unknown
View my complete profile
Social Icons
Followers
Featured Posts
Blog Archive
►
2014
(768)
►
March
(157)
►
February
(486)
►
January
(125)
▼
2013
(2075)
►
December
(255)
►
November
(622)
►
October
(849)
▼
September
(349)
AVG Internet Security 2014 + Keys full version fre...
ကွန်ပျူတာ Crash ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ၁၀ ချက်
နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်
ACDSee Pro 6.2 Build 212 (x86/x64) + keygen
Auto Power-on & Shut-down 2.80 full patch
www.myspace.com နှင့် တစ်ခြားဆိုက်က သီချင်းတွေကို ...
Android ဖုန်းထဲကို ပြင်ပမှ .apk files များအား Inst...
ရုပ်ဆိုးသောသူများအတွက်:D
ကွန်ပြူတာပေါ်မှာ အင်တာနက်လိုင်းမရှိပဲ အွန်လိုင်း ဂိ...
android ဖုန်းတွေအတွက် အသစ်ထွက်ရှိလာတဲ့  DJ apk
i tag (ywt) apk လေး ပါ
Solar Charger apk
Android Phone အတွက် Window 8 လေးလာပါပြီး
Internet Cyclone V2.17
လက်ဗွေနဲ့ ဖုန်းဖွင့်မဲ့ FingerScenner
SuperCopier 2.2 Copy ကူးတာမြန်စေရန်
panda gold လေးကိုသုံးပြီးမိမိတို့ ကွန်ပျူတာကိုကာကွ...
ကွန်ပျူတာအကြောင်း အသေးစိတ် သိစရာ (A+ မြန်မာလို စာအ...
ကွန်ပျူတာအခြေခံသိသင့် သည့် အချက်ကလေးများစာအုပ်
graphic design နှင့် ပက်သက်သော ebook 7
Network ဆိုတာက ဘာလဲ ဆိုတာကို ရှင်းထားတယ်
Microsoft Office မြန်မာလို စာအုပ်များ စုစည်းမှု
photoshop ဆိုင်ရာ e-book ( ၁၃) အုပ်စုစည်းမှု့ 
ကွန်ပျူတာ programing ဆိုင်ရာ ebook များစုစည်းမှူ့ 
photo & video editing ဆိုင်ရာစာအုပ်များစုစည်းမှူ့ 
photo & video editing ဆိုင်ရာစာအုပ်များစုစည်းမှူ့ 
WordPress self-hosting blog တစ်ခုပြုလုပ်နည်း (မြန်...
ဆရာမောင်ထူးချွန်ရဲ့  windows registry ebook
D7 10.0 Final(Malware Remover) Portable
ကွန်ပျူတာလေ့ လာနေတဲ့ မိတ်ဆွေတို့ အတွက် (ကွန်ပျူတာအ...
Mobile ကွန်ယက်နည်းပညာစာအုပ်
လုံခြုံစိတ်ချစွာ FACEBOOK အသုံးပြုနည်း
latop ပြုပြုခြင်းဆိုင်ရာနှင့်  latop အကြောင်းသိကော...
cracker လမ်းညွန်စာအုပ်ကောင်း (မြန်မာလို)
Android ဖုန်းပေါ်မှာလက်တွေ့ အသုံးချပညာ(မြန်မာလို)
အသုံးဝင် JAVA PROGRAMMING ဆိုင်ရာ မြန်မာလိုစာအုပ်
photoshop cs tools များအကြောင်း ( ebook )
MOZILLA FIREFOX 24 BETA 10
Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး ...
MOZILLA FIREFOX ရဲ့ 16.09.2013 ထွက် 24 version နော...
FIREFOX 25 BETA 1 update အသစ်လေးပါ
မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Searc...
## Facebook ပေါ်က မျက်နှာအားလုံးကို တစ်နေရာတည်းကြည့...
Google earth pro full version
Android ဖုန်းပေါ်မှာသုံးချင်သူတွေအတွက် Meebo
အသံထွက်ပြီးဖုန်းခေါ်ပေးတဲ့ Talking SMS and Caller I...
photoshop cs tools များအကြောင်း ( ebook )
Super Dynamite Fishing
Android ဖုန်းတွေ အတွက် mminfoandnews.apk လေးပါ။
Offline For The World With ( Maps With Me Pro )
မိမိတို့ ရဲ အကောင့် တွေကိုလုံခြုံရေးနှစ်ထပ်တိုးမြှ...
Android Phone ထဲရှိ Icon တွေကို နှစ်သက်ရာပုံနဲ့ မြ...
Android ဖုန်း အစစ် ဟုတ်မဟုတ် အလွယ်တကူသိရှိနိုင်တဲ့...
Fast Internet Speed Booster 1.3 Apk 600KB
Android ဖုန်းအတွက် Pattern Lock , Passwords Lock ,...
Phone ကို ဓာတ်မီး အဖြစ်သုံးပြီး အရေးပေါ်အချက်ပြ နည်...
အနှောက်ယှက်ပေးလာသော Phone နံပတ်တွေကို Block လုပ်နည...
CB Bank ရဲ့ အချက်လက်တွေကို ဒီဆော့ဝဲလေးထည့်ထားတာနဲ့...
Android Phone အတွက် မြန်မာပြက္ခဒိန်ပါ ( 2012 Free a...
Samsoung ဖုန်းတွေမှာ Chatting ထိုင်ချင်သူများအတွက်...
ဖုန်းထဲကနေ VZO တို့ လို Video Chatting လုပ်ဖို့ေ...
Viber(12)
မြန်မာ Offline Map ပါတဲ့ Android App
Furious Wheel apk game
WPA/WPA2 ကို၁၅မိနစ်နဲ့ဟက်မယ်လိုကြေညာထားတဲ့ဆော့ဝဲ
Screen မှာ Icon တွေကိုကျနော်တို့ဒီဇိုင်းပြောင်းပြီ...
BlackMart 0.99.2.44
Zemana Antilogger 1.9.3.505 Full With Keygen
Advanced SystemCare Pro 6.4.0.292 Full With Serial
SAYTYA Facebook Caller (Facebook ပေါ်ကနေ FreeCallေ...
Android ဖုန်းပိုင်ရှင်တွေ အတွက် Beautiful Quick Se...
CCleaner v4.06.4324 (PRO+Business Edition) Full Wi...
အဖေ့အိမ် (အတွေးရသစာစုများ) - ဦးဘုန်း(ဓာတု)
စစ်နှင့်ငြိမ်းချမ်းရေး (အတွဲ.၁ အပိုင်း.၁) - မြသန်း...
DAEMON Tools Ultra 2.0.0.0159 full with crack
သမိုင်းဆိုင်ရာ စာအုပ်များ
DVD Slideshow Builder Deluxe 6.1.13 full with crack
မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုနည်း လမ်းညွှန် စာအုပ်
စာပေဟောပြောပွဲ များစုစည်းမှု
Nokia ဖုန်းအတွက် အသုံးဝင် လျှို့ ဝှက် ကုဒ်နံပါတ်များ
မတ်လ ၁၅ ရက်မှာ Facebook ဇာတ်သိမ်းပြီ
iOS App Store မှာ $1.99 ဖြင့်ရောင်းနေတဲ့ Myanmar M...
Portable Myanmar English Dictionary software
Dictionary Lookup Program
Dictionary 2.7.1 E to E
အင်္ဂလိပ်စကား ပြောခိုင်းလို့ရတဲ့ Software
Text to Speech Maker
Oxford English Dictionary
ရွှေရိုး Unicode Dictionary
English to Myanmar Whizzo Dictionary
Online Myanmar Dictionary များ
FaceBook ကို Gmail ကနေ သုံးကြရအောင်
Internet နဲ့ နေရာမရွေး Free Call ခေါ်ချင်သူများအတွက်
the Scorpion King 3
Puss In Boot
2012 Ice Age
DEEP GOLD
D4 & Deadball Movie
Prince Of Persia Movie
Underworld Movie & Happy Feet Two Movie
လိုအပ်တာတစ်ခုခုပြောသွားပါနော်။
0 comments:
Post a Comment