RSS
Facebook
Twitter
Thursday, 26 September 2013
ashampoo 04
Street View အနေနဲ့  ပြပေးနိုင်တဲ့အတွက် သင့်တည်နေရာကို အဆောက်အဦးတွေ၊လမ်းတွေ နဲ့  အတိအကျ သိမြင်နိုင်ပါတယ်။သင့်ဖုန်းက GPS ကိုအသုံးပြုပြီးတော့ တည်နေရာကို ရှာဖွေပြီး Street View ကိုပြပေးပါလိမ့်မယ်။ 
  သင့်တည်နေရာကို Street View အနေနဲ့ တွေ့ မြင်ရရင် နှစ်သက်ရာ Avator နဲ့  အမှတ်အသားလုပ်ပြီး Capture Button ကိုနှိပ်ပြီး Share လုပ်နိုင်ပါပြီ။ 
Facebook,Whatsapp,Viber, Email အပြင် သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ Sharing App တွေ ကနေ တစ်ဆင့် Share လုပ်နိုင်ပါတယ်။Mapify က Android 2.2 နဲ့ သူ့ အထက်မှာသုံးနိုင်ပြီး ဖိုင်ဆိုက် 3 MB ရှိပါတယ်။
Download from    Play Store  or XDA Developer Forum
Enjoy !
Hnget Ngai
0 comments:
Post a Comment