RSS
Facebook
Twitter
Thursday, 26 September 2013
ashampoo 01
Software တွေကို အင်စတောလုပ်စရာမလိုဘဲ အသုံးပြုလို့ ရတဲ့နည်းတွေ ရှိပါတယ်။
Zero Install အလုပ်လုပ်ပုံက ပထမဆုံး Softwares တွေ ရဲ့ Caches ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပြီးအဲဒီဆော့ဝဲကို အင်စတောမလုပ်ဘဲအသုံးပြုနိုင်တာဖြစ်ပါတယ်။
တစ်နည်းပြောရရင် ဆော့ဝဲတွေကို ၀က်ဆိုက်ကနေ တိုက်ရိုက်အသုံးပြုတာဖြစ်ပါတယ်။
Zero Install က Portable Version လည်းရှိပြီးသွားလေရာယူဆာင်သွားပြီး ဆော့ဝဲတွေကို အသုံးပြုနိုင်ပါတယ်။
ဆော့ဝဲတွေကို အင်စတောလုပ်စရာမလိုဘဲသုံးနိုင်တဲ့အတွက် သင့် System ကို သန့် ရှင်းစေပြီး Performance ကိုကောင်းမွန်စေမှာပါ။
Zero Install ကိုအသုံးပြုခြင်း။
Caches ဖိုင်တွေကိုဒေါင်းလုပ်လုပ်ပြီးတာနဲ့  ဆော့ဝဲကို အသုံးပြုလို့ ရပါပြီ။ပထမဆုံးတစ်ခါပဲဒေါင်းလုပ်လုပ်စရာလို ပါတယ်။
+ button ကိုနှိပ်ပြီး My applications ထဲထည့်နိုင်ပါတယ်။
ashampoo 02
My applications tab မှာထည့်ထားတဲ့ဆော့ဝဲတွေရဲ့Shortcut တွေပြုလုပ်ဖို့  Modify application button ကိုနှိပ်ပါ။
Start Menu , Desktop မှာ Shortcut တွေ ထည့်ပေးပါလိမ့်မယ်။
Zero Install Cloud Server ကိုအသုံးပြုပြီးဆော့ဝဲတွေကို Sync လုပ်နိုင်ပါတယ်။
ashampoo 03
VirtualBox  ,  Sandboxie  တို့ ကို အသုံးပြုပြီးဆော့ဝဲတွေကို အင်စတောလုပ်စရာမလို ဘဲအသုံးပြုနိုင်ပါတယ်။
Portable Applications တွေကိုလည်းအသုံးပြုနိုင်ပါတယ်။Zero Install ကတော့ နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။
Zero Install ရဲ့ အားနည်းချက်ကတော့အသုံးပြုနိုင်တဲ့ဆော့ဝဲတွေ က အကန့် အသတ်ရှိပါတယ်။
Portable App တွေထက်အားသာတဲ့အချက်က ဆော့ဝဲတွေကို Update လုပ်စရာမလိုဘဲ နောက်ဆုံး Version ကို အမြဲတမ်းအသုံးပြုနိုင်တာဖြစ်ပြီး Administrator Privileges မလို ဘဲသုံးနိုင်ပါတယ်။
Zero Install ကိုဒေါင်းလုပ်လုပ်ဖို့ နဲ့  အသုံးပြုနိုင်မယ့် ဆော့ဝဲတွေကို Zero Install ၀က်ဆိုက်မှာလေ့လာပါ။
Enjoy !
Hnget Ngai
0 comments:
Post a Comment