RSS
Facebook
Twitter

Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts

Thursday, 6 March 2014




Gpk ဖိုင်တွေဟာ Game apk ကောင်းကောင်းအလုပ်လုပ်ဖို့ လိုအပ်တဲ့ အထောက်အပံ့ဖိုင်ပါ.. ဆိုဒ်ပမာဏကြီးမားပါတယ်.. Gpk ဖိုင်တွေ ဖုန်းထဲကို Install လုပ်ဖို့ နည်းလမ်း (၂)ခု ရှိပါတယ်..

ကွန်ပျူတာကနေ ဖုန်းဆီကို တိုက်ရိုက်ထည့်သွင်းခြင်း
ဒီနည်းမှာ လိုအပ်တာက Gpk Install လုပ်တဲ့ Computer Software ရယ်..
ဖုန်းအတွက် ကွန်ပျူတာ Driver ရယ်
ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ထားဖို့ရယ် လိုအပ်မှာဖြစ်ပါတယ်..

အပေါ်ကဟာတွေ အကုန်ဒေါင်းပြီး Install လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ USB ကြိုးသုံးပြီး ချိတ်လိုက်ပါ..
ပြီးရင် ကိုယ် Install လုပ်ချင်တဲ့ Gpk ဖိုင်ကို Double Click ခေါက်ပေးလိုက်ရုံပါပဲ.. အဆင်သင့်လုပ်ပြီးသား Gpk ဖိုင်တွေလိုချင်ရင်တော့ http://www.muzhiwan.com မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် GPK ဖိုင် ဖန်တီးလို့ပဲဖြစ်ဖြစ် ရယူနိုင်ပါတယ်.. Gpk လုပ်နည်းကြည့်ချင်တယ်ဆိုရင် ဒီမှာ ကြည့်နိုင်ပါတယ်..

ဖုန်းတွင် Install လုပ်နည်း
ဖုန်းမှာ Gpk ကို Install လုပ်ဖို့ကတော့ muzhiwan gamehelper installer.apk ဆိုတဲ့ဖိုင်ကို အရင် Install လုပ်ပေးရပါမယ်..
SD Card ထဲမှာ Gpk ဖိုင်ထည့်ပြီးသားဖြစ်ရပါမယ်..
ပြီးရင် muzhiwan ကို Run လိုက်ပါ.. အောက်ကပုံမှာလို အစိမ်းရောင် Button လေးကိုနှိပ်ပြီး Gpk ဖိုင်တွေကို ဖေါ်ပြခိုင်းလိုက်ပါ..

ကိုယ် Install လုပ်ချင်တဲ့ Gpk ဖိုင်ကိုတွေ့ပြီဆိုရင် တစ်ချက်နှိပ်လိုက်ပါ။


 ပေါ်လာတဲ့အကွက်ထဲမှာ ဘယ်ဘက်ဆုံးက Button လေးကို နှိပ်ပေးလိုက်ပါ..


Install လုပ်နေတာကို မြင်နေရမှာဖြစ်ပြီး ပြီးသွားရင်တော့ ကစားနိုင်ပါပြီ..



အဆင်ပြေပါစေ..


Thanks to Android Apk User



ပထမဆုံး http://image.google.com ကိုသွားလိုက်မယ် နောက်ပီး ပုံမှာ ပြထားတဲ့ အနီလေးဝိုင်းပြထားတယ် Camera ပုံလေးကို နှိပ်လိုက်မယ်
ကိုရှာချင်တဲ့ပုံ ကို Paste image URL မှာ image url ထည့်ပီးရှာလို့ရပါတယ် (သို့မဟုတ်) Upload an image ကိုနှိပ်လိုက်ရင်ကိုယ့်ကွန်ပျူတာထဲကပုံ ကိုရွေးပီး upload ပီး ရှာမှာဖြစ်ပါတယ်
ကျွန်တော် အခု Cydia ပုံလေး upload ပေးလိုက်တာ Cydia ပုံလေးနဲ့ပတ်သက်တာတွေ ပုံတူ အကြောင်းအရာလေးတွေထွက်လာပါတယ်
ဥပမာ-Facebook အကောင့်တစ်ခု ကပုံ အစစ်အမှန် ဟုတ်မဟုတ် ပုံကို ထည့်ရှာ ပီး စစ်ဆေးလို့ရတာပေါ့ဗျာ ကိုရီးယာမင်းသမီးပုံ လား ဘယ်နိုင်ငံက မင်းသမီးလဲ ဟတ်ဟတ် ဟုတ်တယ်မဟုတ်လား

အဆင်ပြေရင်အောက်ပါကြော်ငြာတစ်ချက်လောက်ကလစ်ခဲ့ပါသူငယ်ချင်းတို့ရေ...။ +++++++++++++++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++++++++++++++

Tuesday, 4 March 2014


SloganHome
MyanPay စနစ်ဆိုသည်မှာ အင်တာနက်မှ တစ်ဆင့်ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်း တို့အားဝန်ဆောင်မူပေးခြင်း ဆိုတဲ့ စနစ် တစ်ခုဖြစ်ပါတယ်။ ငွေလွဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း လွဲနိင်ပြီး ငွေလွှဲပြောင်းပေးပို့လို့သူရဲ့ အီးမေးလ်လိပ်စာ သိရှိနိင်ရုံဖြင့် ပေးပို့နိင်မည် ဖြစ်ပါတယ်။ MyanPay ဟာ အွန်လိုင်းပေးမန့် တစ်ခုဖြစ်တဲ့အတွက်အလွယ်တကူငွေပေးချေနိင်ပြီး အဓိက Online Shooping Website တွေအတွက် အလွန်လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

MyanPay အကောင့်အသုံးပြုလိုသူများအနေနဲ့ ဘဏ်များနဲ့ အရင်ဦးဆုံး ချိတ်ဆက်ဆောင်ရွက်ရန်လိုပါတယ်။ ယခုလာလောဆယ် မာစတာကတ် ကိုင်ဆောင်ထားသူမည်သူမဆို အဆိုပါ MyanPay အကောင့်ကို အသုံးပြုနိင်မှာ ဖြစ်ပြီး နောက်ပိုင်း VISA ကတ်များအတွက်ပါ ဆောင်ရွက်နိင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 
 
မာစတာကတ် အသုံးပြုသူများအနေနဲ့ www.myanpay.com.mm သို့ ၀င်ရောက်ကာ Login ပြုလုပ်ပြီး MyanPay အကောင့်ကိုသုံးနိင်မှာ ဖြစ်ပြီး MyanPay ထဲသို့ ငွေသွင်းရင်တော့ မြန်မာငွေပဲ သွင်းရမှာ ဖြစ်ကာ USD သွင်းရင်တော့ CB Banks ရဲ့ Exchange rate ဖြင့် Currency လုပ်သွားမှာ လို့သိရပါတယ်။
 
 
  MyanPay ၀န်ဆောင်မှုအား တရားဝင်မှတ်ပုံတင်ထားသော Myanmar Soft-Gate Technology Co., Ltd မှ စီမံခန့်ခွဲ လုပ်ကိုင်ပါသည်။
 
Smart Pro journal

Monday, 3 March 2014


ဒီလို Free Host တွေကို အပတ်စဉ်တိုင်း တစ်ခုတစ်ခုစီတင်ပေးသွားပါမယ်... ခုပြောပြမယ့် Host နာမည်က pCloud ဖြစ်ပါတယ်..


ဒီ Host မှာ Register စလုပ်လုပ်ချင်း 10 Gb Free စပြီးရမှာဖြစ်ပါတယ်.. Free ဆိုပေမယ့် Storage Space ကန့်သတ်ထားတာကလွဲလို့ Upload File Size ကန့်သတ်ထားတာ မရှိပါဘူး. ဖိုင်စနစ်အမျိုးမျိုးကို လက်ခံပါတယ်.. Crack, Keygen တွေ တင်လို့ရပါတယ်.. File ကို မဖျက်ပါဘူး.. Download Limit မရှိပါဘူး.. ပြီးတော့ 20 Gb ထိ Free ရအောင် တိုးချဲ့နိုင်ပါတယ်.. ဖိုင်တင်ဖို့အတွက် Computer ကပဲတင်မလား၊ Online မှာရှိတဲ့ ဖိုင်ကို ကိုယ့် PCloud ဆီကို လွှဲယူမလား ( တစ်နည်းအားဖြင့် Remote Upload တင်မလား.) ခွင့်ပြုပါတယ်.. ဖိုင်ဆိုဒ်ကြီးပြီး Download လုပ်ရခက်တဲ့ ဆိုဒ်တွေဆီကနေ ကိုယ့် PCloud ဆီကို Remote Upload နဲ့ လွှဲယူပြီး Download လုပ်ရင် ပိုမြန်တာပေါ့ဗျာ.. အောက်ကလင့်ကို သွားလိုက်ပါ...
Register လုပ်တာကလွယ်ပါတယ်.. ကျွန်တော်ပေးထားတဲ့လင့်ကနေ အလွယ်တကူသွားပြီး အပေါ်ဆုံးမှာ Email, ဒုတိယနဲ့တတိယအကွက်တွေမှာ Password ကိုဖြည့်၊ I Accept ဘေးမှာ အမှန်ခြစ်လိုက်ပြီး REGISTER YOUR NEW ACCOUNT ကိုနှိပ်လိုက်ပါ.. 

ချက်ချင်းပဲ PCloud Account ထဲကို ရောက်သွားပါမယ်.. ညာဘက်အပေါ်တန်းက ကိုယ့် Email ရဲ့ ကပ်လျက်မှာ မှာ Verify Now ဆိုပြီး အနီရောင်စာသားလေးပေါ်နေပါတယ်.. Verify လုပ်တာကလည်းလွယ်ပါတယ်.. ခု Register လုပ်လိုက်တဲ့ Email ကိုဖွင့်ပါ. Email ထဲမှာ pCloud Notifications ဆိုတဲ့ ခေါင်းစဉ်နဲ့ အီးမေးတစ်စောင်ရောက်နေပါလိမ့်မယ်.. အဲဒါကိုဖွင့်ပြီး Your pCloud account should be verified in order to use all the features
we provide. Please, click the following link to verify your e-mail
: ဆိုတဲ့စာသားအောက်က လင့်ကို နှိပ်လိုက်ပါ..


Tab တစ်ခုခွဲထွက်လာပြီး Verify ဖြစ်ကြောင်းပြပါလိမ့်မယ်.. ကိုယ့်ရဲ့ pCloud အကောင့်ထဲမှာ Verify Now လည်း မရှိတော့ပါဘူး..

ဖိုင်တင်နည်း
ဖိုင်တင်နည်း (၂)မျိုးရှိပါတယ်..
ပထမတစ်မျိုးက ကိုယ့်ရဲ့ ကွန်ပျူတာကနေ ဖိုင်တင်နည်းပါ.. pCloud အကောင့်ရဲ့ ညာဘက်အပေါ်နားလေးမှာ UPLOAD ဆိုပြီး အစိမ်းရောင် Button လေးရှိပါတယ်.. အဲဒါကိုနှိပ်လိုက်ပါ.. ဘောက်တစ်ခုထွက်လာပါမယ်.. Tab လေး (၃)ခုရှိပါတယ်.. ဘယ်ဘက်အစွန်ဆုံးမှာ File Upload ရှိပါတယ်.. အဲဒါက ကွန်ပျူတာကတင်ဖို့အတွက်ပါ.. Browse ကိုနှိပ်ပြီးကိုယ့်ဖိုင်ကိုရွေးကာ Upload လုပ်နိုင်ပါပြီ..

နောက်တစ်နည်းက Remote Upload ဖြစ်ပါတယ်.. ဒုတိယ Tab ဖြစ်တဲ့ Remote Download ဆိုတာကိုနှိပ်ပါ.. အောက်ကအကွက်ဟာ ကိုတင်မယ့်ဖိုင်ရဲ့ direct Download Link ဖြစ်ရပါမယ်.. Direct Download Link ကိုအလွယ်တကူရယူတဲ့နည်းကတော့ ကိုယ်တင်ချင်တဲ့ဖိုင်ကို အရင် ဒေါင်းလိုက်ပါ.. IDM နဲ့ဒေါင်းရင် ပိုအဆင်ပြေပါတယ်.. ဒေါင်းဖို့အတွက် Box တစ်ခုကျလာတဲ့အခါ အပေါ်ဆုံးက URL ကို Copy ယူလိုက်ပါ.. အဲဒီ လင့်ကိုပဲ ခုနက Remote Upload ဆိုတဲ့ Tab ထဲက အကွက်ထဲမှာထည့်ပြီး Upload ကိုနှိပ်လိုက်ပါ... Upload လုပ်နေတာကို မြင်ရပါမယ်... ပြီးသွားရင်တော့ Clear Finished ကိုနှိပ်ပြီး ညာဘက်အပေါ်နားလေးက အနှုတ်လက္ခဏာလေးကိုနှိပ်လိုက်.. Uploader လေးက Minimize ဖြစ်သွားပြီး အကောင့်ထဲမှာ ကိုယ်တင်ခဲ့တင့် ဖိုင်ကို မြင်ရပါမယ်..

Download Link ယူနည်း
ကို Download Link ယူမယ့်ဖိုင်ရဲ့ ညာဘက်မှာ လင့်ပုံလေးရှိတယ်. အဲဒါကို နှိပ်လိုက်ပါ..


 ဘောက်တစ်ခုထွက်လာပါမယ်..

Link ဆိုတဲ့အကွက်ထဲက လင့်ကို Download Link အဖြစ် ပေးနိုင်ပါတယ်.. ဒါပေမယ့် ရှည်တယ်.. တိုအောင် Short Link ဆိုတာရဲ့ဘေးက Generate ဆိုတဲ့ အစိမ်းရောင် Button လေးကိုနှိပ်လိုက်ပါ.. Generate Button က အနီရောင် Remove Button အဖြစ် ပြောင်းသွားပြီး သူ့ရဲ့ဘေးက Download Link တိုတိုလေးကို ဘလော့မှာပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ပေးနိုင်ပါပြီ....




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Friday, 28 February 2014



Android Device မှာပဲဖြစ်ဖြစ်၊ iDevice မှာပဲဖြစ်ဖြစ် Zapya ဆိုတဲ့ File Transfer ဆော့ဝဲကို တော်တော်အသုံးပြုကြတယ်.. ဒါပေမယ့် ဖုန်းအချင်းချင်းသာ ဆက်သွယ်နေကြဆဲဖြစ်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုသူနည်းပါးပါသေးတယ်.. ဟိုတလောက Zapya For Windows PC ကိုတင်ပေးခဲ့ပါတယ်.. မသုံးတတ်လို့ဆိုပြီး ပြောပါတယ်.. အခု အခြေခံသမားတွေ  နားလည်လွယ်အောင် ပြောပြပါမယ်.. ကွန်ပျူတာက Wireless Adapter ရှိတဲ့ Laptop ဖြစ်ရပါမယ်.. Desktop မှာ Wireless Adapter တပ်ထားပြီး လုပ်လို့ရသလားတော့ မသိ...

ပထမဆုံး ကွန်ပျူတာအတွက် Zapya ကို အောက်ကလင့်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ။ 3.15 Mb ပဲရှိပါတယ်..


သင့်ဖုန်းမှာ ရော Zapya ရှိရဲ့လား.. မရှိရင် Android အတွက်တော့ အောက်ကလင့်မှာ Version အသစ်ထွက်တာလေး ဒေါင်းလိုက်ပါအုံး..
ပြီးရင်တော့ နှစ်ခုစလုံးမှာ Install လုပ်ထားပေါ့ဗျာ...

1. ကွန်ပျူတာက Zapya ကို Run ပါ.. ဒါဆိုရင် ကွန်ပျူတာနည်မည်နဲ့ Password ကို Zapya မှာ မြင်နေရမှာဖြစ်ပါတယ်..


2. ဖုန်းက Zapya ကို Run ပါ.. android လည်းရတယ်. iOS လည်းရတယ်နှော်.. ဖုန်းမှာ Search and Join ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် ဖုန်းမှာ အောက်ကလို -Win-ကွန်ပျူတာနာမည်-PC ဆိုတာကိုတွေ့ပါမယ်.. အဲဒါကိုနှိပ်ပါ.. Password တောင်းပါမယ်.. ကွန်ပျူတာ Zapya က Password ကိုထည့်ပေးလိုက်ပါ.. ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ အချိတ်အဆက်ရပါမယ်။



4. ဖုန်းက ကွန်ပျူတာကို ဖိုင်ပို့တာ လွယ်ပေမယ့် ကွန်ပျူတာက ဖုန်းကို ပို့တာတော့ Drag and Drop လုပ်ပြီးမှ ရွှေ့ပို့ရပါတယ်.. ကွန်ပျူတာမှာ ကိုယ်ပို့ချင်တဲ့ ဖိုင် Explorer ကိုဘေးချင်းယှဉ်တွဲဖွင့်ထားပြီး ဖိဆွဲကာ Zapya ထဲက ဆက်သွယ်ထားတဲ့ ပုံဆီရွှေ့ကာ လွှတ်လိုက်ပါ.. ဒါဆို ဖုန်းဆီ ရောက်သွားပါမယ်.


5. ကွန်ပျူတာရဲ့ Zapya မှာ Setting ချိန်ခြင်း
   (က) ကွန်ပျူတာ Zapya ရဲ့ နာမည်နဲ့ Password တွေကို ကိုယ်ကြိုက်တာ ပြောင်းလို့ရပါတယ်.. ပုံထဲကလို Password နဲ့ Inbox ကြားက > လေးကိုနှိပ်လိုက်ပါ..


  ပေါ်လာတဲ့ ဘောက်မှာ နာမည်နဲ့ Password ပြောင်းနိုင်ပါပြီ..


      (ခ ) နောက်တစ်ခုက ကွန်ပျူတာ Zapy ထဲကို ပို့လိုက်တဲ့ ဖိုင်တွေကို ဘယ်မှာ သိမ်းမလဲဆိုတာကိုလည်း ကိုယ်တိုင်သတ်မှတ်ပေးထားလို့ရပါတယ်.. သူ့မှာတော့ C:\Document\DewMobile\Zapy ထဲကို အလိုအလျောက် သိမ်းပေးပါတယ်.. ဒါကို ပြင်ဖို့ အပေါ်နားလေးက Setting icon လေးကိုနှိပ်လိုက်ပါ။


ပေါ်လာတဲ့အကွက်ထဲက Inbox Path ရဲ့ ညာဘက်က > ပုံလေးကိုနှိပ်ပြီး ကိုယ်ထားချင်တဲ့၊ သိမ်းချင်တဲ့နေရာကို ညွှန်းပေးနိုင်ပါပြီ..



ဒါဆိုရင်တော့ အခြေခံသမားတွေ သဘောပေါက်လောက်ပြီထင်ပါတယ်..


အဆင်ပြေပါစေ..

Sunday, 23 February 2014

ဒီ Software ကတော့ ကားပြင်ဆရာတွေအတွက်ပိုကောင်းပါမယ်.. ကွန်ပျူတာမှာ ကားအမျိုးမျိုးကို ပြု ပြင်နည်းတွေ၊ လေ့ကျင့်ခန်းတွေပါဝင်ပါတယ်.. ကားရှိသူတိုင်းအတွက် တန်ဖိုးရှိလှတဲ့
Software ကောင်းလေးတစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးသာ ဒေါင်းထားကြပါ..


-
Now you can own and operate your own auto repair service with PlayWay's Car Mechanic Simulator 2014.
Car Mechanic Simulator 2014 gives you the behind the scenes view of the daily dealings at local garages and dealership repair shops.

Car Mechanic Simulator 2014 is a must have for auto mechanics and fans of the world's most popular autos!

But that's not all. In 3 months we'll release free 4×4 add-on with brand new car and set of parts!
Do you ask for Turbo add-on ? yes - it will also be ready this year.

Features:

Interact with car owners seeking repairs
Order parts and materials necessary to maintain inventory including used car parts to help keep consumer costs low.
Purchase repair manuals to enable you to work better, faster and earn more income!
Work on eight different car models including Town Cars, Compacts, Sedans, SUVs, Family Cars, SUVs VANs, and Limousines
Gain experience with over 120 different repairs including brakes, transmission fixes, body shop work, steering and alignment adjustments, chip tuning, diagnostic analysis, test drive pad, OBD scanning, oil changes, fix broken parts and engage in dozens of other tasks.

Publisher: PlayWay S.A.
Developer: PlayWay S.A. , Red Dot Games
Genre: Simulation

Release name: Car.Mechanic.Simulator.2014.v1.0.6.2.Cracked-3DM


 


အဆင်ပြေပါစေ..


 

ကျွန်တော်ဒီပိုစ့်လေးမှာအားလုံးအတွက်သိသင့်တဲ့(ဆရာကြီးတွေမပါ)Antivirus ဆော့စ်ဝဲတွေကိုဘယ်လို Disable/Enable လုပ်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်။တော်တော်များများလာမေးကြလို့စုစည်းပြီးတင်
ပေးလိုက်တာပါ။Antivirus ဆော့စ်ဝဲတွေကိုDisable/Enable လုပ်တတ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆို
တော့တစ်ချို့ဆော့စ်ဝဲတွေကိုအင်စတောလုပ်တဲ့အခါမှာပါလာတဲ့ကီးတွေကိုAntivirus ဆော့စ်ဝဲတွေကvirus
အဖြစ်သက်မှတ်ပြီးစားသုံးခြင်းမခံရအောင်ခဏတာ Disable/Enable လုပ်ပေးရခြင်းပါ။တစ်ခါတစ်လေ

ဆော့စ်ဝဲတွေကို Cracked လုပ်ပြီးသားဆိုရင်အင်တာနက်ကွန်နရှင်ခဏပိတ်ထားရတာမျိုးတွေပေါ့။အဓိက
ကတော့ Update တောင်းတာမျိုးတွေကြုံရမှာစိုးလို့ပါ။တစ်ဦးတစ်ယောက်ချင်းAntivirus ဆော့စ်ဝဲတွေသုံး
တာခြင်းမတူပါဘူး။ဒါကြောင့်  Antivirus ဆော့စ်ဝဲတွေအာလုံးကိုစုစည်းပြီး Movie tutorial လုပ်ပြီးတင်
ပေးလိုက်တာပါ။သူငယ်ချင်းတို့ကြည့်ပြီးရင်တော့မည်သည့် Antivirus ဆော့စ်ဝဲမဆို Disable/Enable
လုပ်တတ်သွားပါမယ်။ ပြီးရင်ဒီကောင်လေးကိုသိမ်းထားပေးပါ။ဖိုင်ဆိုဒ်ကတော့ 60Mb ပဲရှိပါတယ်။မိနစ် 20
ကျော်ကြာပါတယ်။လိုအပ်မယ်ဆိုရင်အောက်မှာဒေါင်းပြီးကြည့်ကြပါလို့...



http://mm-knowledgeinfo.blogspot.com/2014/02/inpixio-photo-filters-and-effects.html 
★★နည်းပညာမြို့တော်★★

Saturday, 22 February 2014

ArTipz.blospot.in

    အခု ဖော်ပြပေးမှာက Facebook ပေါ်က သီချင်းတွေ ၊ ဗွီဒီယို တွေကို
  Download ယူနည်းပါ။ အရမ်းလွယ်ပါတယ် ။
 Download  ယူနည်း အများကြီးရှိပါတယ် ။ အများကြီးထဲက လွယ်ကူပြီး မြန်ဆန်တဲ့ နည်းကို ဖော်ပြပေးပါမယ်...။
 လွယ်ကူတဲ့ အတွက် ပုံတွေ နဲ့ မပြတော့ပါဘူး.....။
အောက်မှာ လေ့လာကြည့်ပါ။

Download ယူနည်းများ
------------------------------------

၁ - Facebook ပေါ်က ကြည့်ချင်တဲ့ သီချင်း ၊ ဗွီဒီယို  ကို Click နှိပ်ပြီးဖွင့်ပါ။
၂ - သီချင်း (သို့) ဗွီဒီယို ရဲ့ Link ကို Copy ယူပါ။
၃ - ပထမလင့်  (သို့) ဒုတိယလင့်  (သို့) တတိယ လင့် ကိုသွားပါ။
      ပထမ လင့်မှာတော့ Format ရွှေးစရာ ပါပါတယ်။ ဒုတိယ နဲ့ တတိယ မှာတော့  High quality နဲ့
      Low quality ပဲ ရွှေးရမှာပါ။
၎ - လင့်တွေထဲ ၀င်ပြီးရင် ဒေါင်းချင်တဲ့ သီချင်း လင့်တွေကို ထည့်ပြီး Download ကိုနှိပ်ပါ။
၅ - Download လင့် ကျလာပါလိမ့်မယ် နှိပ်ပြီး သွားလိုက်ပါ ။
၆ - နောက်ဆုံး ပွင့်လာတဲ့ သီချင်း (သို့) ဗွီဒီယို ပေါ် Right Click နှိပ်ပြီး Save As Video ......       

      နဲ့ ဒေါင်းယူလိုက်ပါတော့.....။


အဆင်ပြေပါစေ ......။

နောက်တစ်နည်း
----------------

၁ - သီချင်း လင့်ကို Copy ကူးပါ။
၂ -  www. နေရာမှာ m ကိုအစားထိုးပြီး ၊ Address box မှာ ချ ပြီး Enter ခေါက်လိုက်ပါ။
      ဥပမာ - https://www.facebook.com/photo.php?v=259231120918001&set=vb.407547619336490&type=2&theater ကို

      https://m.facebook.com/photo.php?v=259231120918001&set=vb.407547619336490&type=2&theater သို့ ပြောင်းပါ၊ ( အနီရောက် နဲ့ ပြထားပါတယ်)

၃ - ပြောင်းပြီးသား လင့်ကို Address box မှာ ချ ပြီး Enter ခေါက်လိုက်ပါ။
၎ - Facebook က Android Vision လိုပွင့်လာပါလိမ့်မယ် ။ ပွင့်လာတဲ့ သီချင်း ပေါ် Right Click နှိပ်ပြီး
        Save Link As ....ကိုနှိပ်ပြီး ဒေါင်းယူလိုက်နော် ....

အဆင်ပြေပါစေ.....



Enjoy!

Hnget Ngai


Thursday, 20 February 2014


အချို့  Samsung phone တွေက Bluetooth ကူးတာ Dowload ဆွဲတာတို့ကို Phone Storage ထဲကို သွားသိမ်းပါတယ်..ကင်မရာရိုက်ရင်လည်း Phone Storage ထဲသွားသိမ်းတာပဲ... Setting ထဲကနေလည်း သွားချိန်လို့မရဘူးနော်...အဲဒီတော့ SD Card ကို Phone Storage လုပ်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားတာပေါ့....
လုပ်နည်းကတော့ လွယ်ပါတယ်.. Root Explorer နဲ့ System ထဲကို သွားပြင်ပေးရမှာပါ....( need root )

root explorer > system / etc ထဲက vold.fstab ဆိုတဲ့ file ကို နည်းနည်းလေးကြာအောင်ဖွင့်ပြီး Open in text editor နဲ့ ဖွင့်လိုက်ပါ....  r/o  ကို  r/w  ပြောင်းထားရမယ်နော်...
အောက်က စာလေး 2 ကြောင်းကို တွေ့အောင်ရှာပါ.....

Text က Phone တခုနဲ့ တခု တူချင်မှတူမှာနော်...အခုဟာကတော့ Huawei ထဲကပါ....သေချာရှာနော်...ဆင်တူရိုးမှားလေးတွေရှိတယ်...

dev_mount sdcard /mnt/sdcard emmc@fat /devices/platform/goldfish_mmc.0 /devices/platform/mtk-sd.0/mmc_host

dev_mount sdcard2 /mnt/sdcard2 auto /devices/platform/goldfish_mmc.1 /devices/platform/mtk-sd.1/mmc_host 

အခု ကျွန်တော်တို့က mnt ရဲ့ နောက်က sdcard နဲ့ sdcard2 ကို နေရာချင်း Change ပေးရမှာပါ...

" sdcard    ရဲ့ နောက်မှာ 2 ထည့်ပြီး
sdcard2 ကို နောက်က 2 ဇျက်ပေးလိုက်ပါ..."

ပြီးရင် menu > save လုပ်ပြီး Restart ချပေးလိုက်ပါ...Reboot တက်လာရင် Storage ထဲ သွားကြည့်လိုက်ပါ....SD က Phone Storage ပြောင်းနေမယ်နော်......

စမ်းချင်သပဆိုရင် စမ်းနိုင်ပါတယ်...တခုခုဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်....ပေးထားတဲ့ Guide အတိုင်းလုပ်ရင်တော့ အဆင်ပြေမှာပါ....

ကျွန်တော် လုပ်ကြည့်တာတော့ အဆင်ပြေပါတယ်.... ကျေးဇူးးးးးးးးးးးး

By : yewintun

Wednesday, 19 February 2014






တခြားသော ဖုန်းအမျိုးအစားများမှာ မော်ဒယ်မြင့်ဖုန်းတစ်ချို့သာ Android version 4.4 ကို update ပေးနေကြချိန်မှာ Samsung ဟာသူ့ရဲ့ Samsung Galaxy စီးရီးဝင် ဖုန်းတွေထဲက
ဖုန်းတော်တော်များများကို Android version 4.4.2 KitKat update ကိုပေးဖို့စီစဉ်နေပါတယ်။ 


ဒီဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် Samsung ဟာ ဘယ်ဖုန်းတွေကို Android version 4.4.2 သို့ upgrade လုပ်ခွင့်ပေးမလဲဆိုတာကို သင့်အနေနဲ့သိရှိနိုင်ပါလိမ့်မယ်။ 

Samsung ဟာ သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Samsung Galaxy Note 3 အပါအ၀င် Galaxy ဖုန်းအမျိုးအစား ၁၂ မျိုးခန့်ကို Android version 4.4.2 သို့ မြှင့်ခွင့်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ 

ယင်းစာရင်းထဲမှာ Samsung Galaxy S4 သည်လည်းပါဝင်ပြီး S4 ကိုပြောင်းလဲထုတ်လုပ်ထားတဲ့ Samsung Galaxy S4 Zoom , Galaxy S4 Active စသည့်ဖုန်းများလည်း Android 4.4.2 မြှင့်ခွင့်ရရှိမည့်စာရင်းထဲတွင်အကျုံးဝင်မှာဖြစ်ပါတယ်။ 

Samsung Galaxy S3 ပင်လျှင် Android 4.4.2 သို့မြှင့်ခွင့်ရမှာဖြစ်ပြီး S3 ကိုပြောင်းလဲထုတ်လုပ်ထားတဲ့ Samsung Galaxy S3 Mini သည်လည်း Android version 4.4.2 သို့မြှင့်ခွင့်ရစာရင်းထဲတွင်ပါဝင်ပါတယ်။ 

Screen ၆ လက်မကျော်တဲ့ Samsung Galaxy Device တွေဖြစ်တဲ့ Galaxy Mega, the Galaxy Light, Galaxy Note 8.0, Galaxy Tab 3 and the Galaxy Note 10.1 ကဲ့သို့သော Phoneblet device တွေဟာလည်း Android version 4.4.2 KitKat သို့ update လုပ်လို့ရမှာဖြစ်ပါတယ်။ 

Android 4.4.2 version update ကိုရရှိမည့် Samsung Galaxy ဖုန်းများစာရင်းအပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။

Galaxy Note 3
Galaxy Note 2
Galaxy S4
Galaxy S4 Mini
Galaxy S4 Active
Galaxy S4 Zoom
Galaxy S3
Galaxy S3 Mini
Galaxy Mega (all versions)
Galaxy Light
Galaxy Note 8.0
Galaxy Tab 3
Galaxy Note 10.1 (original and 2014 edition both)

ဒီစာရင်းထဲမှာသာ သင့်ဖုန်းပါတယ်ဆိုရင်တော့ Android Version 4.4.2 ရဲ့အရသာကိုခံစားကြည့်ဖို့ သင့်အနေနဲ့အသင့်ပြင်ထားနိုင်ပါပြီ။




Welcome From My Blog





More than 100 Keyboard Shortcuts





Keyboard Shortcuts (Microsoft Windows)

1. CTRL+C (Copy)
2. CTRL+X (Cut)
... 3. CTRL+V (Paste)
4. CTRL+Z (Undo)
5. DELETE (Delete)
6. SHIFT+DELETE (Delete the selected item permanently without placing the item in the Recycle Bin)
7. CTRL while dragging an item (Copy the selected item)
8. CTRL+SHIFT while dragging an item (Create a shortcut to the selected item)
9. F2 key (Rename the selected item)
10. CTRL+RIGHT ARROW (Move the insertion point to the beginning of the next word)
11. CTRL+LEFT ARROW (Move the insertion point to the beginning of the previous word)
12. CTRL+DOWN ARROW (Move the insertion point to the beginning of the next paragraph)
13. CTRL+UP ARROW (Move the insertion point to the beginning of the previous paragraph)
14. CTRL+SHIFT with any of the arrow keys (Highlight a block of text)
SHIFT with any of the arrow keys (Select more than one item in a window or on the desktop, or select text in a document)
15. CTRL+A (Select all)
16. F3 key (Search for a file or a folder)
17. ALT+ENTER (View the properties for the selected item)
18. ALT+F4 (Close the active item, or quit the active program)
19. ALT+ENTER (Display the properties of the selected object)
20. ALT+SPACEBAR (Open the shortcut menu for the active window)
21. CTRL+F4 (Close the active document in programs that enable you to have multiple documents opensimultaneously)
22. ALT+TAB (Switch between the open items)
23. ALT+ESC (Cycle through items in the order that they had been opened)
24. F6 key (Cycle through the screen elements in a window or on the desktop)
25. F4 key (Display the Address bar list in My Computer or Windows Explorer)
26. SHIFT+F10 (Display the shortcut menu for the selected item)
27. ALT+SPACEBAR (Display the System menu for the active window)
28. CTRL+ESC (Display the Start menu)
29. ALT+Underlined letter in a menu name (Display the corresponding menu) Underlined letter in a command name on an open menu (Perform the corresponding command)
30. F10 key (Activate the menu bar in the active program)
31. RIGHT ARROW (Open the next menu to the right, or open a submenu)
32. LEFT ARROW (Open the next menu to the left, or close a submenu)
33. F5 key (Update the active window)
34. BACKSPACE (View the folder onelevel up in My Computer or Windows Explorer)
35. ESC (Cancel the current task)
36. SHIFT when you insert a CD-ROMinto the CD-ROM drive (Prevent the CD-ROM from automatically playing)


Dialog Box - Keyboard Shortcuts


1. CTRL+TAB (Move forward through the tabs)
2. CTRL+SHIFT+TAB (Move backward through the tabs)
3. TAB (Move forward through the options)
4. SHIFT+TAB (Move backward through the options)
5. ALT+Underlined letter (Perform the corresponding command or select the corresponding option)
6. ENTER (Perform the command for the active option or button)
7. SPACEBAR (Select or clear the check box if the active option is a check box)
8. Arrow keys (Select a button if the active option is a group of option buttons)
9. F1 key (Display Help)
10. F4 key (Display the items in the active list)
11. BACKSPACE (Open a folder one level up if a folder is selected in the Save As or Open dialog box)


Microsoft Natural Keyboard Shortcuts
1. Windows Logo (Display or hide the Start menu)
2. Windows Logo+BREAK (Display the System Properties dialog box)
3. Windows Logo+D (Display the desktop)
4. Windows Logo+M (Minimize all of the windows)
5. Windows Logo+SHIFT+M (Restorethe minimized windows)
6. Windows Logo+E (Open My Computer)
7. Windows Logo+F (Search for a file or a folder)
8. CTRL+Windows Logo+F (Search for computers)
9. Windows Logo+F1 (Display Windows Help)
10. Windows Logo+ L (Lock the keyboard)
11. Windows Logo+R (Open the Run dialog box)
12. Windows Logo+U (Open Utility Manager)
13. Accessibility Keyboard Shortcuts
14. Right SHIFT for eight seconds (Switch FilterKeys either on or off)
15. Left ALT+left SHIFT+PRINT SCREEN (Switch High Contrast either on or off)
16. Left ALT+left SHIFT+NUM LOCK (Switch the MouseKeys either on or off)
17. SHIFT five times (Switch the StickyKeys either on or off)
18. NUM LOCK for five seconds (Switch the ToggleKeys either on or off)
19. Windows Logo +U (Open Utility Manager)
20. Windows Explorer Keyboard Shortcuts
21. END (Display the bottom of the active window)
22. HOME (Display the top of the active window)
23. NUM LOCK+Asterisk sign (*) (Display all of the subfolders that are under the selected folder)
24. NUM LOCK+Plus sign (+) (Display the contents of the selected folder)


MMC Console keyboard shortcuts

1. SHIFT+F10 (Display the Action shortcut menu for the selected item)
2. F1 key (Open the Help topic, if any, for the selected item)
3. F5 key (Update the content of all console windows)
4. CTRL+F10 (Maximize the active console window)
5. CTRL+F5 (Restore the active console window)
6. ALT+ENTER (Display the Properties dialog box, if any, for theselected item)
7. F2 key (Rename the selected item)
8. CTRL+F4 (Close the active console window. When a console has only one console window, this shortcut closes the console)


Remote Desktop Connection Navigation
1. CTRL+ALT+END (Open the Microsoft Windows NT Security dialog box)
2. ALT+PAGE UP (Switch between programs from left to right)
3. ALT+PAGE DOWN (Switch between programs from right to left)
4. ALT+INSERT (Cycle through the programs in most recently used order)
5. ALT+HOME (Display the Start menu)
6. CTRL+ALT+BREAK (Switch the client computer between a window and a full screen)
7. ALT+DELETE (Display the Windows menu)
8. CTRL+ALT+Minus sign (-) (Place a snapshot of the active window in the client on the Terminal server clipboard and provide the same functionality as pressing PRINT SCREEN on a local computer.)
9. CTRL+ALT+Plus sign (+) (Place asnapshot of the entire client window area on the Terminal server clipboardand provide the same functionality aspressing ALT+PRINT SCREEN on a local computer.)


Microsoft Internet Explorer Keyboard Shortcuts


1. CTRL+B (Open the Organize Favorites dialog box)
2. CTRL+E (Open the Search bar)
3. CTRL+F (Start the Find utility)
4. CTRL+H (Open the History bar)
5. CTRL+I (Open the Favorites bar)
6. CTRL+L (Open the Open dialog box)
7. CTRL+N (Start another instance of the browser with the same Web address)
8. CTRL+O (Open the Open dialog box,the same as CTRL+L)
9. CTRL+P (Open the Print dialog box)
10. CTRL+R (Update the current Web page)
11. CTRL+W (Close the current window)

Tuesday, 18 February 2014

 
English ဘာသာနဲ့ရေးထားတဲ့ Application ကို ဗမာစာပြောင်းချင်သူများအတွက် ဗမာစာပြောင်းလဲနည်းကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်တာတွေကတော့…..

APK Multi-Tool (Official APK MULTI-TOOL နဲ့ Frameworks ကို download ပြုလုပ်ရပါမယ်)

Notepad++ (စာသားတွေကို ၀င်ပြင်တဲ့အခါမှာ Notepad++ ကိုအသုံးပြုရမှာပါ)

Java (စာဖတ်သူစက်ထဲမှာ Java မရှိသေးဘူးဆိုရင်တော့ Java ကိုပါ download ပြုလုပ်ရမှာပါ) 
 
 
 
လိုအပ်တာတွေကို Download ပြုလုပ်ပြီးပြီဆိုရင်တော့ APK MULTI-TOOL နဲ့ Frameworks ဖိုင်နှစ်ဖိုင်ပေါ်မှာ right click နှိပ်ပြီး  Extract here ပေါ်မှာ Click ပါ ။
 
 APK-Multi-Tool Folder နဲ့ framework files အများကြီးကိုတွေ့ရပါလိမ့်မယ်။

 
 






4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း 
ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် ။

အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် 
တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder 
ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ 
 
 အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် 
ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် 
 
သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက
 ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း
6Gb လောက်သုံးထားတယ် 
ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage 
ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် 
ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ 
ကိုယ်လိုလူတွေအများကြီးတွေ့တယ်
 
နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia
 folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file 
အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ 
အဆင်ပြေတဲ့နည်းလေးတွေ့တယ်
 
အဲ့ဒါကတော့ root explorer နောက်ဆုံး 
ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး 
gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot 
ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ 
ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ 
ပုံလေးတွေတွေ့ပါလိမ့်မယ်
 
 အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး 
စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် 
ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး 
ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ 
thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ်
 
 ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ 
ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data 
အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ 
အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb 
ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် 
သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ
 
 အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး
ROOT EXPLORER  နောက်ဆုံးဘားရှင်းမရှိသေးရင်ဒီအောက်မှာဝင် ဒါင်းပါ

 






CREDIT TO KO PANN


Monday, 17 February 2014


http://www.tricksdunya.com/wp-content/uploads/2013/11/lost-android.jpeg


Android Phone ရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Apps တွေများစွာရှိသလို Google က သူ့ရဲ့ ကိုယ်ပိုင် Find My Phone Feature ဖြစ်တဲ့ Android Device Manager ကို Android Phone တွေမှာ မကြာမီ က ထည့်သွင်းပေးခဲ့ပါတယ်။ Google ရဲ့ Find My Phone Feature ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ပါဘူး။
 
 သင့်ဖုန်းပျောက်သွားရင် ဖုန်းရဲ့ တည်နေရာ ကို ခြေရာခံနိုင်သလို၊ ဖုန်းကို Lock လုပ်တာ၊ ဖုန်းမှာသိမ်းထားတဲ့ အရေးကြီးဒေတာတွေကို Wipe လုပ်တာတွေကို Google အကောင့်ကို အသုံးပြုပြီးပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Google ရဲ့ Find My Phone Feature က ဖုန်းမပျောက်ခင် ကြိုတင် Set Up လုပ်ထားရတာဖြစ်ပါတယ်။ 
 
Google ရဲ့ Find My Phone Feature ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို ဖုန်းမှာ အင်စတောမလုပ်ထားမိဘူးဆိုရင်လည်း သင့်ဖုန်းကို ပြန်ရှာနိုင်တဲ့ အခွင့်အရေးတော့ ရှိပါသေးတယ်။
တစ်ခုမှတ်ထားရမှာက ပျောက်သွားတဲ့ သင့်ဖုန်းဟာ WiFi ဒါမှမဟုတ် Mobile Connection တစ်ခုခုကို ချိတ်ဆက်နေမှသာ ဖုန်းရဲ့တည်နေရာ ကိုခြေရာခံနိုင်တာတွေ၊ Lock , Wipe လုပ်တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Android Device Manager
----------------------------
Google က Android Device Manager ကို Android 2.2 နဲ့ သူ့အထက်ကဖုန်းတွေအားလုံးမှာထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ Android Device Manager ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ သလို သီးခြား အကောင့်တွေလည်းပြုလုပ်စရာမလိုတော့ပါဘူး။ 
 
 သင့်ဖုန်းပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Sign In ၀င်ပြီး ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာနိုင်ပါပြီ။ Android အသုံးပြုသူတော်တော်များများ အတွက်တော့ Google ရဲ့ ၀န်ဆောင်မှုက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

Android Device Manager ကို အသုံးပြုဖို့အတွက် သင့်ဖုန်း က App Drawer ကိုဖွင့်ပြီး Google Settings App ကို ဖွင့်ပါ။ Android Device Manager ကို တစ်ချက်နှိပ်ပါ။ “Remotely locate this device” Option မှာ အမှန်ခြစ်ပေးပါ။ Lock , Factory Reset စတာတွေပါပြုလုပ်ချင်ရင် “Allow remote lock and factory reset” မှာ အမှန်ခြစ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်း မှာ Android Device Manager ကို Set Up လုပ်ပြီးပါပြီ။

သင့်ဖုန်းပျောက်သွားခဲ့ရင် www.google.com/android/devicemanager ၀က်ဆိုက်ကိုသွား ပြီး ဖုန်းတည်နေရာကို မြေပုံမှာ ရှာဖွေနိုင်ပါတယ်။ 
 
ဖုန်းက အနီးအနားမှာပျောက်နေတယ်လို့ယူဆရင် Ring သံမြည်အောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို Lock ချနိုင်သလို သင့်ရဲ့ အရေးကြီး ဒေတာတွေကို ဖျက်ပစ်ဖို့အတွက် Erase ကို အသုံးပြုနိုင်ပါတယ်။


Android Device Manager ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို အင်စတော မလုပ်ထားမိရင်
----------------------------------------------------------------------------
သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင် ဒါမှမဟုတ် တစ်ခြား Tracking App တွေကို အင်စတော မလုပ်ထားမိဘူးဆိုရင် လည်း သင့်ဖုန်းကိုပြန်ရှာနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီး မှ Tracking App တစ်ခုကို Google Play Store ကနေ Remote Install ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ Android အတွက် Tracking App တွေများစွာရှိပြီး သင့်ဖုန်းနဲ့ Compatible ဖြစ်တဲ့ App ကို Google Play Store မှာရှာပြီး Remote Install ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps တွေက Android Lost, Lookout Plan B , Prey, Cerberus စတာတွေအပြင် Google Play Store မှာ များစွာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Android Lost ကို သုံးပါမယ်။Android Lost က android 2.2 နဲ့ သူ့အထက်ကဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။

Android Lost
----------------
Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။ ။ သင့်ဖုန်းနဲ့ Incompatible ဖြစ်တယ်လို့ Message ပြရင် VPNium ,TunnelBear,Ultrasurf တို့ လို Proxy ကျော်တဲ့ ဆော့ဝဲသုံးပါ။


အင်စတောလုပ်ပြီးရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး Message ပို့ ပေးပါ။

ပြီးရင် www.androidlost.com ၀က်ဆိုက်ကို သွားပြီး Google Account နဲ Sign In ၀င်ပါ။ သင့်ဖုန်းကို Map မှာရှာနိုင်တာတွေ ၊ Lock လုပ်နိုင်တာတွေ ၊ Wipe လုပ်နိုင်တာတွေ၊ Front Facing Camera ကနေ ပုံရိုက်ပေးတာတွေ၊ SD Card ကို Wipe လုပ်တာတွေ ၊ Alarm မြည်အောင်လုပ်နိုင်တာတွေ စတာတွေကို ပြုလုပ်နိုင်ပါတယ်။



သင့်ဖုန်း မှာ Android Lost ကို Remote Install လုပ်ဖို့ နဲ့  Register လုပ်ဖို့  သင့်ဖုန်းမှာ Google Account ရှိရပါမယ်။ သင့်ဖုန်း Power On နေရပါမယ် ။ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရပါမယ်။
 
 အောက်ကပုံမှာလို သင့် ဖုန်း က Register လုပ်တာကို စောင့်နေပါတယ် ဆို တဲ့ Message ပေါ်နေရင်တော့ Register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ Remote Install မကြာခဏပြန်လုပ်ပေးပါ။ SMS ပို့ ပြီး Register မကြာခဏပြန်လုပ်ပေးပါ။



ဘယ်နည်းကို အသုံးပြုရမလဲ?
-----------------------------
Android Device Manager
-----------------------------
Android Device Manager ဟာ Google ရဲ့ အခမဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် Android Device Manager မှာ Advanced Feature တွေမပါရှိပါဘူး။ သာမာန်အသုံးပြုသူတွေအတွက်တော့ တစ်ခြား Tracking Apps တွေကို Download, Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။

Android Lost နဲ့ တစ်ခြား Tracking Apps များ
------------------------------------------------
သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းကိုခြေရာခံချင်ရင်တော့ Android Lost နဲ့ တစ်ခြား Apps တွေကို Remote Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာလည်း Tracking App တွေကို စမ်းသပ်အသုံးပြုကြည့်ပြီး သင့်ဖုန်းနဲ့ အဆင်ပြေတဲ့ အကောင်းဆုံး App တစ်ခုကို ရွေးချယ် အင်စတော ပြုလုပ်ထားရင်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။


Credit to ==>  Myanmar Digital Life Journal

Saturday, 15 February 2014


ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြု ထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။
 
 ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကို ရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ 
 
ကွန်ပျူတာ အသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ခြင်း စီ ပြုလုပ်သွားရပါမည်။

၁။ Start > Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။
 
၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus ဝင်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition 3 ခုရှိသည့်အနက်  D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။

၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက်၍ Enter ပေးရပါမည်။ virus name.file extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့် အမျိုးအစားကို ဆိုလိုခြင်းဖြစ်ပါသည်။

၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟု cmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del (virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ 
 
ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။



ဒါလေးကတော့ အပျော်သဘောပါ  မိမိချစ်သူ (သို့) သူငယ်ချင်း တစ်ယောက်ယောက်ကို Do You Love Me ? Yes or No ဖြေခိုင်းရင် ကိုယ်လိုချင်တဲ့ Yes ကိုပဲ ဖြေအောင် လုပ်ထားတဲ့ Java Scripts လေးပါ.. သူငယ်ချင်းတွေကို အပျော် သဘော စ,နောက်လို့ရအောင် တင်ပေးလိုက်ပါတယ်..။ ကွန်ပျူတာပေါ်မှာပဲ ရပါတယ် ဖုန်းအတွက်မဟုတ်ပါဘူး။

အောက်မှာ တင်ပေးထားတဲ့ ဖိုင်လ်လေးကို ဒေါင်းယူပြီး
 Browser တစ်ခုခုနဲ့ ဖွင့်လိုက်ပါ ... ပြီးရင် NO ကို နှိပ်ကြည့်ပါ... :D
အားလုံးပျော်ရွှင်ကြပါစေဗျာ..

ဝင်းကမ္ဘာကျော်


 မင်္ဂလာပါဗျာ ဒီပို.စ်လေးကို သိထားပြီးသားတွေဆိုရင်တော့ကျော်သွားကြပါ မသိသေးသူ များအတွက် အလွယ်ကူဆုံးဖြစ်အောင် မျှဝေလိုက်ခြင်းဖြစ်ပါတယ် အားလုံးသိကြတဲ့ အတိုင်း IDM ဆိုတာ Download ဆွဲရာမှာအကောင်းဆုံးလို.ပြောလို.ရတဲ့ ဆော့ဝဲလ်ဖြစ်ပါတယ် ဒါပေမဲ့ IDM နဲ.သုံးမရတဲ့ နေရာလေးတွေ ကြုံဖူးကြမယ်လို.လဲ ထင်ပါတယ် အခု အဲ့ ဒီလို IDM နဲ.ဒေါင်းလုပ်ဆွဲဖို.အဆင်မပြေတာတွေထဲက လိုအပ် မယ်ထင်တာလေးတွေကို ဆွဲနိုင်အောင် ကောင်းနိုးရာရာ နေ.စဉ်သုံး အသုံးဝင်မဲ့ အပိုင်းလေးတွေကို မျှဝေ ပေးချင်ပါတယ်.............

Torrents
ကျွန်တော်တို. နိုင်ငံခြားဆိုဒ်တွေကိုသွားရောက်လည်ပတ်တဲ့ အခါ မှာ ဆော့ဝဲလ်တွေကို Torrents ဆိုတာ နဲ.တင်ထားတာကြုံဖူးမှာပါ စက်ထဲမှာ Torrents Files Downloader ရှိမှဒေါင်းလို.ရနိုင်မဲ့ အနေအထားပါ ဖိုင်တစ်ခုရဖို. အလုပ်ရှုပ်ခံပြီး downloader ထပ်မထည်.ချင်ရင်တော့ လွယ်ပါတယ် အရင်ဆုံးအောက် လင့်ကိုဝင်လိုက်ပါ
https://www.zbigz.com/
ဒါဆိုရင်အောက်ကပုံမှာပြထားတဲ့ အတိုင်း ပွင့်လာပါမယ်


ကျွန်တော်စာရေးထားတဲ့ နေရာလေးမှာ torrents download ဆွဲမဲ့ လင့်ကို copy link location နဲ.ယူပြီး ထည်.ပါ ပြီးရင်တော့ Go ဆိုတာလေးကို နှိပ်ပြီး ခဏစောင့်ပေးပါ

အခုလိုပုံလေးပေါ်လာရင်တော့ free ကိုနှိပ်ပေးလိုက်ပါ ပြီးအောက်ကပုံလေးထဲမှာပြထားတဲ့နေရာလေးမှာ တစ်ရာရာခိုင်နှုန်းပြည်.တဲ့ အထိစောင့်ပေးလိုက်ပါ

ဒါဆိုရင် အောက်မှာပြထားသလို ဒေါင်းဖို.နေရာလေး ညာဖက်အောက်နားလေးမှာပေါ်လာပါမယ်


အခုလိုပေါ်လာရင်ကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကို ရဲရဲ သာနှိပ်လိုက်ပါ.......:D


ဒါဆိုရင် အိုခီပေါ့ဗျာ Internet Download Manager နဲ.တက်လာတာမြင်ရပါပြီ ထုံးစံအတိုင်းသာဒေါင်းယူ လိုက်ပါ။



Youtube
```````
ကျွန်တော်တို. youtube မှာလူတိုင်း video ဖိုင်တွေဒေါင်းယူဖူးကြမှာပါ တိုက်ရိုက်ကြည်.ရှုဖို.အဆင်မပြေတဲ့ ကျွန်တော်တို.နိုင်ငံရဲ.အင်တာနက်လိုင်း ကြောင့် ကိုယ်လိုချင်တာလေးတွေများရှိခဲ့ ရင် အရင်ဆုံးအချိန်ကုန် ခံဒေါင်းယူကြည်.ရှု နေကြရပါတယ် ဒီလိုအချိန်ကုန်ခံနိုင်တာတောင် တချို. ဖိုင်တွေက ဒေါင်းလို.အဆင်မ ပြေတာလေးတွေလူတိုင်းကြုံဖူးကြမှာပါ အဲ့လိုအဆင်မပြေ တဲ့ အခါ အောက်မှာပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ
http://www.en.savefrom.net/
ရောက်ပြီဆိုတာနဲ.အောက်က ပုံလေးလို ပေါ်လာမှာဖြစ်ပါတယ် တော်တော်များများလဲ သုံးဖူးကြမှာပါ  ကျွန်တော် ပြထားတဲ့နေရာလေးမှာ ကိုယ်ဒေါင်းချင်တဲ့ video ရဲ.လင့်ကို ထည်.ပြီး Download ဆိုတာလေး ကိုနှိပ်ပြီးခဏစောင့်ပေးလိုက်ပါ
ဒါဆိုရင်အောက်မှာပြထားတဲ့ ပုံထဲကအတိုင်း ပေါ်လာရင်တော့
ကျွန်တော်ပြထားတဲ့နေရာလေးကို နှိပ်ပေးလိုက်ရင် အောက်မှာပြထားသလို

IDM နဲ.ပွင့်လာပါပြီ ဒါဆိုထုံးစံအတိုင်း ဒေါင်းယူနိုင်ပါပြီ ဒါကတော့ ပုံမှန်အတိုင်းဒေါင်းယူမှုပါ ဒီလိုမဟုတ်ပဲ video ဖိုင်တွေကို ဒေါင်းပြီးမှ နားထောင်ဖို.သီးသန်.  mp3 ဖိုင်ပြန်ရဖို.အတွက်format factoryဆော့ဝဲလ် မျိုးနဲ.ပြန်အလုပ်ရှုပ်ခံနေရမဲ့ အစား ဒေါင်းယူထဲက အသံဖိုင်ပဲဒေါင်းယူ လိုက်ရင် ဖိုင်ဆိုဒ်လဲသေးသွားလို. ဒေါင်းယူရတာလွယ်ကူပြီး အလုပ်လဲမရှုပ်တော့ဘူးပေါ့ အဲ့လို mp3 သီးသန်.ဒေါင်းယူချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့်ကိုသွားလိုက်ပါ
http://youtube-mp3.org/ 
ပြီးရင်တော့ အောက်မှာပြထားတဲ့ပုံလိုပွင့်လာပါမယ်
ကျွန်တော်ပုံထဲမှာပြထားတဲ့ အတိုင် ကိုယ်ဒေါင်းချင်တဲ့ သီချင်းရဲ. url ကိုထည်.ပါ ပြီးရင် convert video ဆို တာလေးကို နှိပ်လိုက်ပြီးခဏစောင့်လိုက်ပါ

ပုံမှာပြထားတဲ့အတိုင်းပေါ်လာရင် ကျွန်တော်ဝိုင်းပြထားတဲ့ အတိုင်း Download ဆိုတာလေးကို နှိပ်လိုက်ပါ
ဒါဆိုရင်တော့ IDM ပွင့်လာပါပြီ ဘေးနားက Format ကိုတစ်ချက်ကြည်.လိုက်ပါအုံး mp3 အသံဖိုင်ပါဗျာ ထုံးစံအတိုင်းသာဒေါင်းလုပ်ချလိုက်ပါ အိုကေပါပြီဗျာ

Google Play
`````````
google play store က app တွေကို ဒေါင်းတဲ့အခါမှာကျွန်တော်တို. ဖုန်း ထဲက မဟုတ်ပဲ ကွန်ပြူတာပေါ်ကနေဒေါင်းမယ်ဆို အခက်အခဲရှိနိုင်ပါတယ် အလွယ်ကူဆုံး.ဒေါင်း လို.ရနိုင်မဲ့ နည်းလမ်းလေးပါ ဒါကတော့ IDM နဲ.ဒေါင်းလို.ရချင်မှရနိုင်မှာပါ Browser မှာရှိတဲ့ downloader နဲ. အလုပ်လုပ်မှာပါ အောက်ကလင့်ကိုဖွင့်လိုက်တာနဲ.

https://www.apps.evozi.com/apk-downloader/
ပုံထဲမှာမြင်ရတဲ့ အတိုင်းကျွန်တော်စာရေးပြီးပြထားတဲ့ box လေးထဲမှာ play store ကဒေါင်းချင်တဲ့ လင့် ကို copy ယူထည်.ပြီး Generate Download Link ဆိုတာကို ကလစ်ပေးလိုက်ပါ ဒါဆိုရင်အောက်ကပုံထဲကလို

ကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာနှိပ်ပြီး အလွယ်ကူဆုံး ဒေါင်းယူနိုင်ပါတယ်

ဒီပို.စ်လေးကိုတော့ ကျွန်တော်လေ့လာမိသလောက်လေးတွေသာပြန်လည်ဝေမျှခြင်းဖြစ်တဲ့ အတွက်အဆင် ပြေမယ်လို.မျှော်လင့်ပါတယ် ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးမှ တင်ပေးတာဖြစ်တဲ့အတွက် အဆင်မပြေပါ ကအောက်မှာသာမန်.ပေးခဲ့ပါ..............အားလုံးပဲအဆင်ပြေပါစေဗျာ