RSS
Facebook
Twitter

Showing posts with label Viber. Show all posts
Showing posts with label Viber. Show all posts

Sunday, 23 February 2014



android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။
မိမိတို့ မှာဖုန်းနံပါတ် တစ်ခုရှိရှံ မျှနှင့်  pc ပေါ်မှာ viber ကိုအသုံးပြု လို့ ရနိုင်ပါပြီ။
.အလွယ်ကူဆုံးဖြစ်အောင် ရှင်းလင်းပြသပေးထားပါတယ်ခင်ဗျာ....
ဒီပိုစ်လေးမှာ virtual box  ဆော့ ဝဲတစ်ခု ကိုအသုံးပြုပြီး မိမိတို့  pc မှာ android os ကို တင်ပြီး စမ်းသပ်နိုင်သလို.....မိမိတို့ ဖုန်းအတွက် root လုပ်ခြင်းများ ကိုလည်း ကွန်ပျူတာမလို ပဲ အဆင်ပြေအောင်
တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖော်ပြပေးထားပါတယ်။
နည်းပညာ လေ့ လာလိုက်စားတဲ့  မိတ်ဆွေများအတွက် click တစ်ချက်တည်းနဲ့ အဆင်ပြေစေရမယ်ဆိုတာ 100 % နှုန်း လုံးဝ (လုံးဝ ) သေချာပေါက် ဖြစ်အောင်
ရှင်းလင်းပေးထားပါတယ်.......video file လေးကိုကြည့် ပြီး လုပ်သွားလို့ ရအောင် ဘလော့ အောက်ခြေမှာ တင်ထားပေးပါတယ်ခင်ဗျာ........
အဆင့်  ( ၁ )
==================
အရင်ဆုံးလိုအပ် မဲ့  virtual box ကို ဒီနေရာမှာ ဒေါင်း ယူလိုက်ပါခင်ဗျာ......ပြီးရင် insall လုပ်ပေးထားပါ.
အဆင့် ( ၂ ) 
=================
လိုအပ်မဲ့  android os ကို ဒီမှာ ဒေါင်းယူလိုက်ပါ......ပြီးရင်  android os ကို double click နဲ့  run ပေးလိုက်ပါ.......ပြီးရင် import ကိုနိုပ်ပေးလိုက်တာနဲ့ android os ကစတင် ပြီးသင့် ကွန်ပျူတာမှာ အလုပ်လုပ်နေတာကိုမြင်တွေ့ ရပါမယ်...


start ဆိုတဲ့ အစိမ်းရောင်လေးကိုနိုပ်ပါ။


android logo လေးပေါ်လာပါလိမ့် မယ် ခဏစောင့် ပေးပါ


 ဒီနေရာမှာ language ကိုအောက်ကပုံအတိုင်းရွေးပေးပြီး start ကိုနိုပ်ပါ။


gmail account ရှိလားမေးလာတဲ့ ပုံပါ no ကိုနိုပ်ပြီး သွားလိုက်ပါ။




next button ဖြစ်တဲ့  အပြာရောင်လေးနဲ့ ထောက်ထားတဲ့ မြှားကို ကလစ်ပါ။


not now ကိုရွေးပေးပါ။


 ဒီနေရာမှာ မိမိနှစ်သက်တဲ့ နာမည်ကိုပေးပေးပါ။


set up complete ဖြစ်ပြီဆိုတဲ့ အတွက် finshed ကိုနိုပ်ပါ။


flashplayer ကို install လုပ်ဖို့ အတွက် ok ကိုနိုပ်ပေးပါ။


 google play store ထဲကိုဝင်ဖို့ အတွက် မိမိမှာ အသုံးပြုနေတဲ့  email နှင့်  password ကိုထည့် ပေး
လိုက်ပါ။


not now ကိုနိုပ်ပေးပါ။



playstore မှာ super su ကို install လုပ်ပြီး မိမိရဲ့  android tablet ကို root acess ယူပါ


super su ကိုဖွင့် ပြီး အပြာရောင်နဲ့ ဖြစ်နေတဲ့  TWRP/CWM ကိုနိုပ်ပါ။


ALLOW ကိုနိုပ်ပါ။


ZAWGYI FONT CHANGER ကို INSTALL လုပ်ပါ။ ပြီးရင်  FONT CHANGE ပေးပါ။



ဇော်ဂျီ ကို install လုပ်ပေးပါ။


restart ချပေးလိုက်ပါ။ပြီးရင် start ကနေတစ်ခါ ပြန်ပြီးပါဝါဖွင့် ပေးရမှာဖြစ်ပါတယ်။



ဒါကတော့  မိမိတို့  tablet မှာမြန်မာစာ အမြင်မှန် တာကိုတွေ့ ရမဲ့ အနေအထားပါ။




viber ကို playstore မှ install လုပ်ပါ


viber ကိုဖွင့် ပြီး မိမိဖုန်းနံပါတ်ကိုထည့်  ပေးလိုက်ပါ။


မိမိဖုန်း ထဲသို့  viber မှရောက်လာသော code နံပါတ်ကို ရိုက်ထည့် ပေးပါ။



မိမိဖုန်းမှာ viber အသုံးပြုလို့ ရပြီဆိုလျင် ကွန်ပျူတာမှာလည်းအသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာအတွက် လိုအပ်သော viber ကို ဒီနေရာမှာဒေါင်းပါ။ install လုပ်ပါ။

မိမိမှာ ဖုန်းနံပါတ်ရှိပါသလားလို့ မေးလာတဲ့ အခါ yes ကိုနိုပ်ပြီး အပေါ်က ဖုန်းမှာ ထည့် သွင်းထားသောဖုန်းနံပါတ်ကို တစ်ခါထပ်ထည့် ပေးလိုက်ပါ။




မိမိတို့ ဖုန်းထဲ သို . code နောက်တစ်ကြိမ်ထပ် ပို့ ထားပါလိမ့် မယ်.....ဖြည့် ပေးလိုက်ပါ။
တကယ်လို့ မပို့ ထားရင်လည်း အရင်ဆုံး မိမိတို့ အသုံးပြုခဲ့ သောကုဒ်နံပါတ်ကို ပြန်ထည့် ပေးလျင်လည်း
အဆင်ပြေပါတယ်။





ဒါကတော့  မိမိတို့ ကွန်ပျူတာပေါ်မှာ တင်ထားတဲ့ ဖုန်းတစ်လုံးရဲ့  app တွေကိုပြသထားတာပါ။




အဆင်ပြေအောင် video file လေးပါ တင်ထားပေးပါတယ်။




အားလုံးပဲအဆင်ပြေသွားပါပြီခင်ဗျာ.........

Saturday, 15 February 2014

http://180016988.r.cdn77.net/wp-content/uploads/2013/06/viber.png
Viber ကတော့ လူတိုင်းသိပြီးသားမို့ ပြောပြစရာမလိုတော့ပါဘူး။ 
အခု Version အသစ် ကို Feb-14 ရက်မှာ ထွက်လို့ Version အသစ်သုံးချင်သူများအတွက်တင်ပေးလိုက်ပါတယ်။
 
 Version အသစ်ဆိုတဲ့အတိုင်းဘဲ Feature တွေ Sticker တွေလည်း ပိုပြီးတိုးလာပါပြီ။
 
 အခု Version အသစ်မှာတော့ Animation Photo တွေကို ပါပို့လို့ရလာတာကိုတွေ့ရပါတယ်။
 
 အောက်က Link မှာဒေါင်းယူနိုင်ပါတယ်။
 
 

Viber Update ( for Android )


Soe Ko Ko's photo.

Viber ချစ်သူများအတွက် Viper update လေးကို တင်ပေးလိုက် ပါတယ်...
အောက်မှာဒေါင်းယူ နိုင်ပါတယ်


 
 
 

Friday, 14 February 2014





ဒါလေးဘူသိချင်လဲ ခ်ခ်ကျွန်တော်ဆို သယ်ရင်းတွေကိုကြပ်နေကျလေ ခ်ခ်
တော်တော်မိုက်တယ်ဗျ
(1)SIM ကဒ်မလိုပဲ Viberကိုအသုံးပြုနိုင်ခြင်း
(2)နိုင်ငံခြားPhone Noဖြင့်viber လုပ်နည်း
(3)viber မှာ block နည်း
ဒီနည်းလေးကို သဘောကျလို့ပါ ကျွန်တော် ဆရာ မဟုတ်ပါ copy တင်ပေးမှာပါ ဘယ်သူယူမလဲ
(1) pdf ဖိုင်လေးပါ အရင်ဒေါင်းပါ>>>    https://db.tt/7c79ZU6z
(2) pinger apk ဒီမှာဒေါင်းပါ>>>   myooyinlay
      အဆင်ပြေပါစေ 
www.myooyinlay.co.vu

Saturday, 25 January 2014


January 23, 2014 နေ့က Viber အသစ် Update လေး ထွက်လာလို့တင်ပေးလိုက်ပါတယ်။ 
 
အခု အသစ်ထွက် တဲ့ Viber ရဲ့ ထူးခြားချက်က မပြောချင်တဲ့ ဖုန်းနံပတ်တွေကို Block လုပ်ထားလို့ ရတယ်။ ဖုန်း Free Call ရင် အသံက အရင်ကထက် ကြည်လင်ပြတ်သားတယ်။ 
 
စာပို့ရင်လည်း stickers ပုံတွေ အရင်ကထက် ပိုစုံလာတယ်။
နောက်ပြီး  voice messages အသံ Message လည်း ပို့လို့ရပါတယ်။ 
 
လိုင်းမကောင်းတဲ့ အခါ တယောက်နဲ့တယောက် အသံချင်းပို့ပြီး စကားပြောလို့ အဆင်ပြေပါတယ်။
 
 အရင် Version တွေ ထက်ပိုလန်းပါတယ်။ 
 
Andriod Version 2.2 အထက်တွေမှာ အားလုံး အဆင်ပြေပါတယ်။ စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 
 
 
 
 
 
 
 

Friday, 24 January 2014


http://www.arabianbusiness.com/incoming/article504236.ece/BINARY/viber.jpg

Viber ဆိုတာကတော့ Android User တိုင်းသိထားပြီးသား Free Call Application တစ်မျိုးပါ။ 
အခု လည်း Viber ကနောက်ထပ် Version အသစ်ကို မနေ့ကထွက်လာပါပြီ။ 
 
 အခုအသစ်ထွက်လာတဲ့ Version မှာတော့ ကျွန်တော်လေ့လာကြည့်ရလောက် ကို့ဆီကို မ၀င်စေချင်တဲ့ Contact နဲ့ Message တွေကို Block လုပ်ပေး နိုင်တဲ့ Feature တစ်ခုပါဝင်လာပါတယ်။ 
 
ဒါ့အပြင် ဓါတ်ပုံ 10ပုံကို တစ်ပြိုင်နက်ထဲ ပို့နိုင်လာပါပြီ။
 
 Viber Incoming Call နဲ့ Message အသံတွေကိုပါ မိမိစိတ်ကြိုက်အသံပြောင်းလဲနိုင်ပါတယ်ဗျာ။
 
 ဒါ့အပြင်အခြားသော Feature တွေလည်းပါဝင်လာတယ်လိုသိရပါတယ်
 
 Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်




Friday, 17 January 2014




ဖုန်းထဲကနေ နှောက်ယှက်ခံရလွန်းသူတွေအတွက်  ဒီနည်းနဲ့  အဆင်ပြေနိုင်ပါတယ်

ကိုယ်မသိတဲ့  ဖုန်းတွေလည်း ပိတ်ချင်ပိတ်ထားလို့ ရပါတယ် မခေါ်စေချင်တဲ့သူတွေ

မတည့်တဲ့သူတွေကို ဘလော့လုပ်ထားမယ်ဆိုရင် သူခေါ်ပေမယ့်   ခေါ်မလို့ ရပါဘူး

ဒီဆော့လေးကနေ အလိုလျောက်  ဖျက်ထုတ်သွားတဲ့အတွက်  ညညအိပ်ရေးမပျက်

ရန်တွေ့ စရာမလိုပဲ ဘလော့နိုင်ပါတယ် စမ်းသုံးကြည့်တာ မဆိုပါဘူး။ မက်ဆေ့တွေ

မလာစေချင်ရင်လည်း ဘလော့ လုပ်ထားနိုင်ပါတယ် အဲ့တော့ စမ်းသုံချင်တဲ့သူတွေ

လေ့လာချင်သူတွေအတွက် မျှဝေလိုက်ပါတယ်..................................................။



ဒီလင့်မှာ Download ယူပါ - Smart Call Blocker for Android 





Viber ကနေကိုယ်မသိတဲ့သူတွေ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက message တွေ ဖုန်း Call တွေဝင်နေ ခေါ်လာနေလို့စိတ်အနှောက်အယှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်း လေးပါ။ 


 အရင်ဆုံးရှိပြီးသား Viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။

 နောက်ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန် ရိုက်ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်ပေးလိုက်ပါ။ 

eg. 0912345671 (နောက်ဆုံး 1 ကအပို တစ်လုံးပါ)

 Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ ဖုန်းထဲကိုပဲ ၀င်ပါတယ်။

 နောက်ဆုံးဂဏန်းက အကျုံးမ၀င်ပါဘူး။ Viber ချင်းချင်းအတွက်ကျ တော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။

 အဲ့ Viber code ရပီဆိုရင်တော့ မိမိဆီကို message ဖုန်း call တွေခေါ်စေချင်တဲ့သူကိုကိုယ်က အရင် message ပို့လိုက်ပါ။ 

ဒါမှမိမိ ပို့ထားတဲ့ Viber Ph နံပါတ်ကိုသူတို့က သိမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိမိဆီကိုမပို့စေချင်တဲ့ message တွေ Ph call တွေကို ကာကွယ်ပြီးသားဖြစ်သွားပါပြီ Viber ကြောင့်စိတ်အနှောက် အရှက်ဖြစ်နေ တဲ့ သူငယ်ချင်းရောင်းရင်တို့လည်း အေးဆေးဖြစ်သွားပါလိမ့်မယ်။

Thursday, 19 December 2013



December 17, 2013 နေ့က Viber အသစ် Update လေး ထွက်လာလို့တင်ပေးလိုက်ပါတယ်။ 
 
 အခု အသစ်ထွက် တဲ့ Viber ရဲ့ ထူးခြားချက်က ဖုန်း Free Call ရင် အသံက အရင်ကထက် ကြည်လင်ပြတ်သားတယ်။
 
 စာပို့ရင်လည်း stickers ပုံတွေ အရင်ကထက် ပိုစုံလာတယ်။
 
 နောက်ပြီး  voice messages အသံ Message လည်း ပို့လို့ရပါတယ်။

လိုင်းမကောင်းတဲ့ အခါ တယောက်နဲ့တယောက် အသံချင်းပို့ပြီး စကားပြောလို့ အဆင်ပြေပါတယ်။ 
 
အရင် Version တွေထက်ပိုလန်းပါတယ်။ 
 
Andriod Version 2.2 အထက်တွေမှာ အားလုံး အဆင်ပြေပါတယ်။ စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။ 
 
 

Saturday, 14 December 2013

Viber for PC (New Version)


PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call , Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့ ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင် မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။ 
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။

မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ သွားလိုက်ပါ..။
http://www.viber.com/products/windows/
Viber Downloader လေးကို ၂-ချက်တောက်ပြီး Install ထည့်လိုက်ရင် အောက်ကပုံလေးအတိုင်း အင်တာနက်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူပြီး တခါတည်း Install ထည့်ပေး ပါလိမ့်မယ်..။


Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ တချို့က ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။


အပေါ်ကပုံအတိုင်း ဖုန်းထဲမှာ Active ဖြစ်နေတဲ့ Viber နံပါတ်အမှန်ကို ထည့်ပေးလိုက်ရင်တော့ အင်တာနက်ကနေ မိမိတို့ဖုန်းဆီကို Viber က ကုဒ် ၄-လုံး ပို့ပေးပါတယ်..။ အဲ့ဒီကုဒ်တွေကို မှန်အောင် အောက်ကပုံအတိုင်း ရိုက်ထည့်ပေးပြီး Enter Viber ကို ဆက်ကလစ်ပေးလိုက်ရင် မိမိတို့ ကွန်ပျူတာမှာ Viber ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။




အပေါ်ကပုံအတိုင်း Sticker အသစ်လေးတွေကို ဒေါင်းယူပေးမှာ ဖြစ်ပြီး .. အောက်ကပုံကတော့ ကျနော် စမ်းသုံးထားတဲ့ ပုံလေးပါ..။ Free Voice Call နဲ့ Video Call တွေအပြင် SMS နဲ့ Sticker ပုံတွေကို ကောင်းစွာ အသုံးပြုနိုင်ပါပြီ..။

မြန်မာစာ ပေါ်ဖို့ကတော့ အရင်ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း Notepad မှာ ရေးပြီးမှ copy-paste နဲ့ ထည့်အသုံးပြုရမှာပါ..။ အားလုံးပဲ အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..



Credti: ကိုလွင်မင်းဗိုလ်


ကျွန်တော်ဒီတစ်ခါ ကွန်ပြူတာမှာမိမိဖုန်းက Viber ရှိတဲ့သူငယ်ချင်းတွေကို Free ခေါ်ဆိုနိုင်ဖို့အတွက်
Viber Free Call PC ရယ်ဖုန်းမှာထည့်သွင်းအသုံးပြုနိုင်ဖို့နောက်ဆုံးထွက် Viber 4.1.2လေးကိုထည့်
သွင်းပေးထားပါတယ်။

အရင်ဆုံး Viber Apk လေးကိုမိမိဖုန်းမှာ Install လုပ်ပြီးတာနဲ့ကွန်ပြူတာမှာ
ကွန်ပြူတာအတွက် exe ကိုထပ်ပြီးအင်စတောလုပ်ပါပြီးရင်ဖုန်းမှာထည့်တဲ့ Viber code ကိုပဲ PC ထပ်ပြီး
ထည့်ပေးလိုက်ပါ။

ဒါဆိုရင် မိမိဖုန်းမှာရှိနေတဲ့ သူငယ်ချင်းတွေအကုန်လုံးကို PC ကနေတိုက်ရိုက်ခေါ်ဆိုနိုင်
ပါပြီ။ လိုင်းအားအနည်းငယ်ရှိရုံမျှဖြင့်ကြည့်လင်စွာခေါ်ဆိုနိုင်ကြောင်းတွေ့ရမှာပါ။အခက်အခဲဘာမှမရှိပါ။
Install .exe ဆိုတာကိုနှိပ်ရုံဖြင့်ဖုန်းနံပါတ်ထည့်ပြီးရင်ဖုန်းထဲကပြန်နပို့လာတဲ့ကုဒ်ကိုထည့်ပြီးရင်အသုံး
ပြုနိုင်ပါပြီ။ရိုးရှင်းလွယ်ကူပါတယ်။

 ဒေါင်းလော့စ်ဖိုင်ထဲမှာလဲ How to Use ကိုနှိပ်ပြီးအသေးစိတ်ဖတ်ရှု့နိုင်
ပါတယ်။ကွန်ပြူတာအချင်းချင်း ၊ ဖုန်းအချင်းချင်းလွယ်ကူစွာခေါ်ဆိုနိုင်ပါတယ်။ဒါကတော့ Free Call အတွက်ပါ။



အဆင်ပြေရင်လည်း သူငယ်ချင်းတွေကို ထပ်ပြီး ရှယ်ပေးကြပါ။


http://dl-4.one2up.com/onetwo/content/2013/12/13/23941aec3a61a808af7a14a55fcb8a5e.rar

http://www.solidfiles.com/d/6bb5e73f3c/

http://adfoc.us/14251336019611 
နည်းပညာမြို့တော်