RSS
Facebook
Twitter

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, 28 February 2014

တို့မြိုလူငယ်


သန်စွမ်းဖျတ်လတ် အားတစ်စက်နှင့်
ပညာ ၊ လုံ့လ ၀ိရိယတို့
အမျိုးအတွက်
အမြဲအဆင်သင့် ရှိပါစေ....။


တီထွင်ကြံဆ ၊ ခေတ်အညီနှင့်
ကြင်နာသနား ၊ မုဒိတာပွား
နှလုံးသားအမြဲ ဖြူပါစေ.......။


တို့ တစ်တွေ အား ၊ တို့ မှာရှိတယ်
တို့တစ်တွေ နား ၊ တို့သာကြားတယ်
တို့တစ်တွေ မျက်လုံး ၊ အမှန်ကိုသာ မြင်ပါစေ...။


ကိုယ်ထူ ကိုယ်ထ ၊ မျိုးတာဝန်ကို
ကူညီ သဒ္ဒါ ၊ စေတနာထားလို့
အချင်းချင်း ရိုသေ ၊ လေးစားစိတ်နှင့်
ထမ်းဆောင် ဦးရွက် လုပ်ပါမှ
ဒါ ...တို့မြိုဟု ဂုဏ်ယူနိုင်မည်
တို့မြိုလူငယ် ပီသပေမည်.........။ ။





ငှက်ငယ်
01/03/2014

Saturday, 7 December 2013



ကျွန်တော့်ခြေထောက်တွေဟာ မြင့်မိုရ်တောင်သို့ ဦးမလှည့်ပါ
ဒါပေမယ့် ငါဟာ လမ်းလျှောက်သူဖြစ်တယ်...။

ကျွန်တော်ဟာ သိုသိပ်လျှို့ဝှက်တတ်သူ တစ်ယောက် မဟုတ်ပါ
ဒါပေမယ့် ကျွန်တော့် အိမ်မက်တွေကို ဘယ်သူမှ မသိကြဘူး..။

ကျွန်တော်ဟာ ဒသန ဆရာတစ်ယောက် မဟုတ်ပါ
လူတစ်ယောက်နဲ့ ညီမျှတဲ့ ဦးနှောက်ပဲ ကျွန်တော့်မှာရှိပါတယ်.

လူပေါင်းများစွာတို့ရဲ့ ထုံးစံအတိုင်း တစ်ချိန်မှာဆိုတဲ့ စိတ်ကူးမျိုးတွေ
ကျွန်တော့်မှာ ရှိပါတယ်..
ဒါပေမယ့် လူလောင်ကြီးစွာနဲ့ ရလာမယ့် အနာဂါတ်မျိုးကို
ကျွန်တော် မလိုချင်ပါဘူး....။

ရောဂါပိုးမွှားတွေ ရှိနေသလားဆိုတဲ့ အဆင်းထက်ပိုပြီး
ရေထဲမှာ ဘာတွေ ရှိနေလဲ ကျွန်တော်မသိချင်ဘူး..။

ဟိုက်ဒရိုဂျင်တွေ ၊ နိုက်ထရိုဂျင်တွေ ၊ ဆီလီကွန်တွေ
ကျွန်တော် နားမလည်ဘူး၊
ငယ်ငယ်က Pro အားကစားသမားတစ်ယောက် လုပ်မယ်လို့စိတ်ကူးပေမယ့်
အခုချိန်မှာ လက်ခုပ်သံတွေရမှ စိတ်ချမ်းသာရမယ့်ဘ၀လည်း
ကျွန်တော် မလိုချင်ပြန်ဘူး..။

ကျောက်တုံးနှစ်ခုကို ပွတ်တိုက်ပြီးတော့ ရလာမယ့် မီးကို
ကျွန်တော် ဖန်တီးဖြစ်မှာ မဟုတ်ဘူး...။



HNGET NGAI

Tuesday, 12 November 2013






   


 ရက်စက်မှု ၊ အလွမ်းတွေ
 သယ်ဆောင်တတ်ပေမယ့်
  အချစ်ဆိုတာ တစ်ညအိပ် အိမ်မက်မဟုတ်လို့
  မင်းရဲ့ နှလုံးသားတ့ခါးကို ပိတ်မထားလိုက်ပါနဲ့နော်...။


အို့ ....ချစ်သူရေ
 မင်းရဲ့ အချစ်တွေ နက်နဲလွန်းလို့လား
 ငါကဖြင့် နားမလည်နိုင်အောင်ပဲ ချစ်သူ..။


နှလုံးသားဆိုတာ
မျက်ရည်တစ်စက် ၊ ကဗျာ တစ်ပုဒ်နဲ့ အတူ
ပေးဆပ်ဖို့ သက်သက်ပဲ မဟုတ်လား........ကွာ။

ပျော်ရွှင်မှုဆိုတာ တဒင်္ဂ ဆိုရင်
ရယ်မော လှုပ်ရှားလိုက်ရုံနဲ့ ပျောက်ကွယ်သွားတတ်တဲ့
နှင်းစက်လေး တစ်ပေါက်လိုပါပဲ။
ဝမ်းနည်းခြင်း ဆိုတာမျိုးက
ကြာရှည်တည်တံ့တယ်
ဒီတော့
တမ်းတ ၊ လွမ်းဆွေးရတဲ့ ချစ်ခြင်းတွေကို
မင်းရဲ့ မျက်လုံးတွေမှာ နိုးကြားနိုင်ပါစေကွာ.။



ငှက်ငယ် ( ခေတ္တ လူ့ပြည် )

Sunday, 3 November 2013








မိုးနဲ့မြေကြား တို့တွေကွာဝေး
အလွမ်းတွေ နဲ့ ကြွေကွဲတယ်
ဘယ်နှလုံးသာက ပိုပဉ္စလက်ဆန်နေသလဲ
ငါ့နှလုံးသားက ရိုးအ လွန်းလို့
မင်းရဲ့ လက်တုန့်ပြန် အမုန်းနွံထဲမှာ
ငါ့ရင်ဘတ်ကြီး နစ်မြုပ်ခဲ့ရတယ်လေ...။

ငါ့မှာတော့  ကြေမွသွားတဲ့ နှလုံးသား ကို
တစ်စ ၊ တစ်စ စီလိုက်ကောက်
ပိုင်ဆိုင်တယ် ထင်ရတဲ့ အိမ်မက်တွေလည်း
အငွေ့ပျံပျောက်ဆုံးလို့ပေါ့
ဘ၀က မနက်ဖြန် အသေတွေနဲ့
ပျင်းစရာကောင်းတဲ့ အနာဂတ်တွေနဲ့
နှလုံးသားကို တရွေ့ရွေ့ လှီးဖြတ်နေတဲ့ ညနေခင်းတွေနဲ့
မာန မထားနိုင်သေးတဲ့ ဒီရင်ဘတ်ကိုပဲ စိတ်နာ နေမိတော့တယ်..။


ငှက်ငယ်
03/11/2013

Saturday, 2 November 2013




(၁)ပုဂံကျောင်းမှ ခေါင်းလောင်းသံ (တင်မိုး)
http://www.mediafire.com/?6gg2rz1jb2ggtys

(၂)ညီသစ်ဆင်းကဗျာစုများ (ဇော်ဂျီ)
http://www.mediafire.com/?hvepr1tsxyccycp

(၃)ဇော်ဂျီ-ဗေဒါလမ်းကဗျာစုများ (ဇော်ဂျီ)
http://www.mediafire.com/?o5phm9rqt6voaod

(၄)မောင်ချောနွယ်အတု (မောင်ချောနွယ်)
http://www.mediafire.com/?6iq5m256g51ioak

(၅)သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ (မောင်ချောနွယ်)
http://www.mediafire.com/?0g4z0z9d3il39y9

(၆)သမိုင်းဖတ်စာ (မောင်ချောနွယ်)
http://www.mediafire.com/?wdz4jba50ly47b4

(၇)လူကြိုက်နည်းတဲ့ကောင် (မောင်ချောနွယ်)
http://www.mediafire.com/?rdvav3fi1snffm8

(၈)ရထား (မောင်ချောနွယ်)
http://www.mediafire.com/?d8wylck0bocydm6

(၉)ဗိုလ်ချုပ်အောင်ဆန်းကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း)
http://www.mediafire.com/?h3g5te550f5tyy4

(၁၀)သပြေညိုနှင့် အခြားကဗျာများ (မင်းသုဝဏ်)
http://www.mediafire.com/?gjc71b7h360k1hk

(၁၁)ရေဆန်လမ်းသို့အပြန် (နိုင်ဝင်းဆွေအမှတ်တရကဗျာများ)
http://www.mediafire.com/?bj77fo914uiosqq

(၁၂)သံချိုကဗျာပေါင်းချုပ် (မောင်းထောင် ဦးကျော်လှ)
http://www.mediafire.com/?qzxfqvqqsmet6j8

(၁၃)နွားကျောင်းသား ကဗျာ၁၀ပုဒ်
http://www.mediafire.com/?5r526ehavcqlhlc

(၁၄)ကဗျာရေးချင် စာစပ်သင်
http://www.mediafire.com/?o1cj4r80qx5my2z

(၁၅)ကဗျာရေးနည်း နိသျှည်း (မောင်ဘိုသစ်)
http://www.mediafire.com/?8fmxp63223f43mk

(၁၆)ရှေးခေတ်မြန်မာကဗျာများ (လတ်ဗီးယား ဗုဒ္ဓသာသနာပိုင် အရှင်အာနန္ဒာ)
http://www.mediafire.com/download/n396xyu7p5qsxd5/acientpoems_(onairmm).pdf



Enjoy!

Hnget Ngai

Thursday, 31 October 2013





မြင့်မြင့်ပျံသန်းနေသူသာ
ပိုမြင့်မြင့် ပျံနိုင်တယ်
ငါ့ရဲ့ အတောင်ပံအောက်မှာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
ဘယ်သူမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူး။

ဘ၀ဆိုတာ ယုံကြည်ချက်တို့ရဲ့ ပညာပြပွဲကြီးတစ်ခု
ယုံကြည့်ချက်လုံလုံလောက်လောက်ရှိထားဖို့ အဓိက မဟုတ်လား။

ပျံပါငှက်ငယ်
ဘ၀က ပစ်ချလာတဲ့ ၀န်ထုပ်ဝန်ပိုး
ဘယ်လောက်ပဲ များများ မင်းလက်မမြောက်နဲ့
ကိုယ့်အပေါ်ကျရောက်လာသမျှအပေါ်
ဘာသာပြန်တတ်ဖို့ မင်းသင်ယူပါ
ကိုယ့်ကိုယ်ကိုယ် အားပေးမှု
ငါ့အတွက် ငါရှိတယ်
အနားမှာ ဘယ်သူရှိနေဖို့ လိုနေသေးလို့လဲ

ကိုယ်အမှောင်ထဲ နေရပါစေ
သူများကို အလင်းပေးဆောင်နိုင်ရမယ်
ကိုယ်အလင်းထဲမှာနေပြီ
သူများကို အမှောင် မပေးနဲ့
အချိန်တိုင်းမှာ အတိတ် နဲ့ အနာဂါတ် ပါဝင်နေတာ။




 ငှက်ငယ်
31/10/2013

Saturday, 19 October 2013





တိတ်ဆိတ်ခြင်းရယ် မျက်ရည်တွေရယ်
နှလုံးသားအကွဲ တစ်ဝက်နဲ့
နှစ်ပေါင်းများစွာ ခွဲခွာနေကြဖို့
ငါတို့ နှစ်ဦး လမ်းခွဲကြတဲ့အခါ
ငါ့မျက်လုံးမှာ မိုးရည်ပြည့်လို့
မင်းဘက်ကတော့ ပိုလို့အေးစက်သေးရဲ့
တကယ်ပဲ အဲဒီအချိန် တခဏပိုင်းလေးဟာ
အခု ပူဆွေးလွတ်ဆွတ်မှုကို နိမိတ်ဖတ်ခဲ့လေသလား..။


အဲဒီအချိန်ရဲ့ အေးစက်စက်ဆက်ဆံမှုကလေးက
ငါ့နှလုံးသားမှာ အေးမြမြနဲ့ စိမ့်ဝင်နေတယ်
ငါအခု ခံစားနေရတာကို
ကြိုတင်သတိပေးနေသလိုပါပဲ.....။
မင်းရဲ့ သစ္စာစကားတွေ အကုန်ကျိုးပဲ့ကုန်ပြီ
မင်း အကြောင်းလဲ ပေါ့တန်ခဲ့ပေါ့
မင်းနာမည်ကို ပြောနေကြတာ ငါကြားရဲ့
ဒီနာမည်ရဲ့ အရှက်တကွဲဖြစ်ရမှုကိုလည်း မျှယူမိသေးတာ။

ငါ့ရှေ့မှာ မင်းနာမည်ကို ထုတ်ပြောနေကြတယ်
ငါ့ နားအတွက်တော့ သေမင်းခေါင်းလောင်းသံလိုပဲ
တုန်လှုပ်ခြင်းတစ်ခု ငါ့ခေါင်းပေါ်လွှမ်းခြုံသွားတယ်
ဒီလောက်ထိ မင်းကို တွယ်တာခဲ့တာပါ
ငါ မင်းကို သိတယ်ဆိုတာ သူတို့မသိကြဘူး
ငါ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့တယ်...။

တိတ်တဆိတ် ငါတို့ဆုံခဲ့ကြတယ်
ဘယ်သူမှ မသိကြပါဘူးနော်
ဒါပေမယ့်
တိုးတိုးတိတိတ် ပဲ ငါကြေကွဲခဲ့ရတယ်
မင်းနှလုံးသား မေ့ရက်နိုင်လိုက်တာ
မင်း စိတ်က တကယ်လှည့်စားတတ်တာလား...
မင်း မရှိတော့ ငါတကယ်ခံစားနေရတာပါ
ငါ မင်းကို တွေ့ရဦးမယ်ဆိုရင်လည်း
ဘယ်လိုများ မင်းကို နှုတ်ဆက်ရမလဲ ဟင်-
ငါ့မှာတော့ ငြိမ်ဆိတ်ခြင်းရယ်၊ မျက်ရည်တွေရယ်နဲ့ပါပဲ...။


ငှက်ငယ်
9/10/2013
3:23:32



ငါတို့ဟာ
အသက်ရှင်ခြင်း ၊ အိပ်စက်ခြင်း နှစ်ခုကြားက
ပုရွက်ဆိပ် တွေမျှသာ
အသက်ရှင်ပြီးတစ်နေ့
ငါတို့ထာဝရ အိပ်စက်ကြရမည်..။

အိပ်နေသူတစ်ဦးဟာ
မအိပ်ခင်က အကြောင်းကို မသိတော့သလို
ငါတို့ဟာလည်း
အရင်ဘ၀ကို ဘယ်သူမှ မသိနိုင်ဘူး..။

မသိခြင်းများနဲ့ ငါတို့ အသက်ရှူနေတာ
ရှူထုတ်တဲ့ လေဟာ မွေးကြိုင်ဖို့လိုတယ်
ရှူထုတ်တဲ့လေ နံစော်ပုပ်သိုး နေရင်
ငါတို့ရဲ့ ၀ိညာဉ်ဟာလည်း မဲညစ်နေလိမ့်မယ်။

မဲညစ်မှုကို ဘယ်သူမှ မလိုချင်ကြပါဘူး
မဲညစ်မှုကို စင်ကြည်အောင် ကြိုးစားသူရှိသလို
သိသိနဲ့ ပိုမဲညစ်အောင်လုပ်သူလည်း ရှိပြန်တယ်။

ရှိတာလေးနဲ့ မရောင့်ရဲ
အပတ်တကုတ် ရှာဖွေကြပေမယ့်
သေခြင်းတရားက ငါတို့ရင်ထဲမှာ တောင်ပံခတ်လို့
မျှော်လင့်မထားတဲ့ တစ်နေ့မှာတော့
သင်္ချိုင်းရဲ့ အမှောင်တံခါးကနေ
ကမ္ဘာမြေကြီးရဲ့ ရင်ခွင်ထဲမှာ
ပျော်ပျော်မွေ့မွေ့ အိပ်ပျော်နေကြရလိမ့်မည်...။


ငှက်ငယ်
17/10/2013
3:27:43




ငါ့ရဲ့ အရိုးသားဆုံး
အဖြူစင်ဆုံး အချစ်တွေဟာ
လွမ်းဆွတ် တမ်းတ မှုတွေနဲ့ ရောယှက်နေခဲ့တယ်...။

အခိုင်မာဆုံးဆိုတဲ့
ငါ့ရဲ့ ကတိစကားတွေဟာ
အလိုအပ်ဆုံး အချစ်ကို ပြောပြတဲ့
တေးတစ်ပုဒ်ပါ...။

အကြိမ်ကြိမ်ဆိုခဲ့တဲ့
ကတိတေးသွားဟာ
လွမ်းဆွတ်တမ်းတမှုအဖြစ်
ဖန်တီးပလိုက်တော့
ငါဟာ ..........
အလွမ်းကောင်ဖြစ်ခဲ့ရပေါ့........။

ငှက်ငယ်
17/10/2013
17:24




အချိန်ကို ငြီးငွေ့ပြီမို့
မိုးကောင်းကင်ကို မော့ကြည့်ပြီး
လမင်းကြီးရဲ့ ခြေလှမ်းတွေကို
ရေတွက်နေမိတယ်.........။

ခရီးသည်ရဲ့ ခရီး
ဘယ်အခါပြီးဆုံးမလဲ
အလွမ်းသည်ရဲ့ အလွမ်း
ဘယ်အခါ ကုန်ဆုံးမလဲ.......။

အလွမ်းတွေ တိုးပွားလာတယ်
ညကလည်း အေးစက်လို့
လာခဲ့ပါတော့  အိပ်စက်ခြင်းရယ်
ခံစားမှုတွေကို တိုက်ထုတ်လိုက်ပါတော့...။

ဒါပေမယ့်
နံနက်ခင်းသာ လာတယ်
အိပ်စက်ခြင်းက ခုထိပေါ်မလာ
အခုတော့.........................
ကောင်းကင်အမိုး ခုံးခုံးကြီးအောက်မှာ
အလင်းရောင်က  ငါ့ဦးနှောက်ကို
အရူးအမူး နာကျင်စေတော့မှာပဲ.....။


HNGET NGAI
13/10/2013
2:53:41

Wednesday, 9 October 2013

စောင့်နေရုံပါ





ဘ၀ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့ရဲ့ ဆန္ဒတွေ
လင်းလက်ခွင့် မရှိတော့ဘူးလား......
သတိရ လွမ်းဆွတ်ခြင်းကပဲ
ငါ့အတွက် ရလာဒ်တစ်ခုပဲလား....ချစ်သူရာ

တကယ်အလွမ်းတွေပဲ ပေးရက်တယ်နော်
မထားခဲ့နဲ့ ဆိုတဲ့ စကားလုံးတွေကို
ပုံပြင်တစ်ခု အဖြစ် ပြောင်းရက်လိုက်တာ
အခု တစ်ယောက်တည်းပါ ဟာ...


အိပ်ရမှာကို ငါကြောက်နေပြီ
အိမ်မက်ထဲမှာ နင်အမြဲလာလာတယ်
မိုးလင်းရင် ကြွေကွဲရတယ်
ဘယ်မှာမှ ရှာမတွေ့တဲ့ နင့်ရဲ့အကြောင်းတွေ တွေးနေရတာ
ငါပင်ပန်းနေပါပြီ ဟာ

ဒီလို အခြေအနေကို တကယ်စိတ်ကုန်တယ် ချစ်သူရေ
ဒီအချိန် နင်လာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ
ငါနေ့တိုင်းမျှော်နေခဲ့တယ်
တကယ်ဆို ယောက်ျားတိုင်း မာန ရှိပါတယ်ဟာ
ငါကျတော့ နင့်အပေါ် ဘာလို့ ဒီလို ဦးညွန့်နေရတာလဲ ဆိုတာ
နင်သိမှာပါ.............................................................

နင့်ကို Comment ရေးတော့
သူငယ်ချင်းတွေက ပြောတယ် ချစ်သူ
မိန်းကလေးတစ်ယောက်ကို ဒူးထောက်တောင်းပန်ရသလားတဲ့
အလှောင်ခဲ့ရဖူးပါတယ်
ဒါကို  နင် ဘယ်သိပါ့မလဲ..နော်..
အဲဒီချိန် နင့်ရှေးမှာဆို တကယ်ဒူးထောက်တယ်..ချစ်သူ.......

ငါ့အချစ်ကို နင်စမ်းသပ်နေတာလား
တကယ် မချစ်တော့တာလား  ပြောပါ
နင် ယုံအောင် နင်ကြိုက်တဲ့ သက်သေ ပြနိုင်ပါတယ်
စမ်းသပ်စရာ မလိုပါဘူး...........................
ငါ့ကို မြန်မြန် အိမ်မက် မက် ပေးပါ
နင်ပြန်လာမှာ ငါရပ်စောင့်နေတာ ကြာပါပြီ....ချစ်သူ။





အမှတ်တမဲ့ တွေ့ပြီး ချစ်ခဲ့ပေမယ့်
အခုချိန်ထိ မေ့မရပါဘူး....ချစ်သူ
အဲဒါ မင်းကို မချစ်လို့လား
ပြောစမ်းပါ ချစ်သူ.........
အွန်လိုင်းပေါ်ဆိုပြီး
အမြင်စောင်းခဲ့လေသလား..
ရေ ၊ မြေ ခြားလို့ ဝေးကြစတမ်းဆိုရင်
အချစ်စစ်ဆိုတဲ့ စကားလုံး ဘယ်လိုနေရာမှာ သုံးတော့မလဲ ချစ်သူ
ပကာသန တွေမတွက်ပဲ
ထာဝရ လက်တွဲမယ်ဆိုပြီး
လေးလေးနက်နက် နဲ့ အချစ်စစ်ခဲ့ပါတယ်
အခုချိန်ထိ စစ်တုန်းပါ ချစ်သူ
ပြန်လာပေးဖို့ တောင်းဆိုပါတယ်.........။



Tuesday, 8 October 2013

ချစ်နေဆဲပါ




ငါပြောခဲ့တဲ့ စကားတွေ
ကတိတွေ ဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူးနော်
ဒါပေမယ့် ချစ်သူ
ငါမင်းကို တခဏ အတွက် အိမ်မက်ခဲ့တာ မဟုတ်ဘူး
မင်းရဲ့ နောက်ကွယ်မှာလည်း
ငါ ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး
တစ်နေ့နေ့ ပြန်ဆုံမျှော်လင့်ချက်နဲ့
တကယ်ချစ်ခဲ့တာ.............။

မင်းကို နာကျဉ်းဖို့ ငါ့မှာ အားမရှိဘူး
မင်းကိုမေ့ဖို့ ငါ့မှာ  ငါမတတ်နိုင်ဘူး
မင်းကို မုန်းဖို့ ငါမစဉ်းစားဘူး ချစ်သူ
မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့
ငါ့ကို ရှောင်ဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ငါကတော့ အရင်အတိုင်းပါပဲ..။

မဖြစ်နိုင်ဘူး ဆိုတဲ့စကား
မင်းဆီက ကြားရတာ
ငါအရမ်း အံ့သြတယ် ချစ်သူ
ရမ်းလည်း ၀မ်းနည်းတယ်......။


09/10/2013
12:13







မျိုသိပ်ထားတဲ့ မျှော်လင့်မှု
အလင်းရောက် ဖြာခါစ ရှိသေးတယ်
မျက်စိတစ်မှိတ် ၊ နေကြတ် သွားရရှာတယ် ။

ကံဆိုးချက်က ခေါင်းကနေ ဖ၀ါးထိမို့
လေးနက်တဲ့ ကဗျာတစ်ပုဒ်လည်း မဖြစ်ခဲ့ပါဘူး
မပြောပါနဲ့
ပုံစံခွက်ထဲက  ရုန်းမထွက်နိုင်သေးတဲ့ 
အတွေးတွေကြောင်းနေမှာပါ..။


ပျောက်ပျက်မသွားသေးပါဘူး
အားလုံးက လက်မခံရင်တေင်
သာယာတဲ့ နေ့ ငါအတွက် ရှိမှာပါ
ဒါကြောင်း.....
ပျံသန်းရင်း ပျံသန်းနေပါဦးမယ်............... ။

14:48
08/10/2013

ငှက်ငယ်