RSS
Facebook
Twitter
Showing posts with label iOS. Show all posts
Showing posts with label iOS. Show all posts
Wednesday, 5 March 2014
Jailbreak ပြုလုပ်ထားပြီးသော iOS အသုံးပြုသူများအတွက် Repo တွေကို မြောက်မြားစွာထည့်ထားတတ်ကြပါတယ်။ဟိုလူက ကောင်းတယ်ဆို ထည့်လိုက် ဒါလေးက Crack တွေထွက်တယ်ဆို ထည့်လိုက်နဲ့ နောက်ဆုံးပိတ်မှာတော့  ကိုယ်အသုံးပြုနေတဲ့ ဖုန်းက Repo များပိပြီး Cydia crash ဖြစ်တာမျိုးတွေ ကြုံဖူးကြမှာပါ။အဲဒီလို ဖြစ်တဲ့အခါမျိုးမှာ Tweaks တွေလည်း သွင်းလို့မရဖြစ်ကာ အဆင်မပြေတာတွေ တစ်ခုပြီးတစ်ခု ကြုံရတတ်ပါတယ်။အခုပြောပြပေးမှာကတော့ Jailbreak ပြုလုပ်ပြီးထားတဲ့ မိမိရဲ့ဖုန်းမှာ တကယ်လိုအပ်မယ့် Cydia Repo တွေ၊အထူးသဖြင့် ဖုန်းတိုင်းနှင့်သင့်လျော်စွာ အသုံးပြုနိုင်မယ့် အကောင်းဆုံး Cydia (11) မျိုးကို အခုမှစသုံးမယ့် သူတွေရော၊ကျွမ်းကျင်စွာအသုံးပြုနေသူတွေ အတွက်ပါ ဖောက်သည်ချပေးလိုက်ပါတယ်။အောက်မှာဆကလက်ကြည့်ရှုနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ Repo များကို မိမိဖုန်းထဲသို့ ဘယ်လို ထည့်သွင်းမလဲ……….?
(1)ပထမဆုံးအနေနဲ့မိမိဖုန်းရဲ့ Cydia ကိုအရင်ဖွင့်ပါ။
(2)Menage Tab ကိုသွားပါ။
(3)Source ထဲကိုဝင်ပါ။ထိပ်ဆုံးညာဖက်ထောင့်မှ Edit ကိုနှိပ်ပြီး ဘယ်ဘက်ထောင့်က Add ကို နှိပ်ပါ။အဲမှာ Repo ထည့်ရမယ့် လင့်ပေါ်လာပါလိမ့်မယ်။အောက်ပါအတိုင်းပါ။
အပေါ်ကပေးထားတဲ့နေရာမှာ မိမိအသုံးပြုမယ့်၊သွင်းမယ့် Repo ရဲ့လိပ်စာကိုမှန်မှန်ကန်ကန်ရေးသားပေးရမှာဖြစ်ပါတယ်။မမှန်ဘူးဆိုရင် မရပါဘူး။မရှိဘူးပြောပါလိမ့်မယ်။အောက်မှာ အကောင်းဆုံး repo (11) မျိုးကို ဆက်ကြည့်ပါမယ်။
(၁)
ပထမဆုံးအနေနဲ့ကတော့ http://thethmuswe.myrepospace.com ဖြစ်ပါတယ်။မြန်မာနိုင်ငံကနေ မြန်မာလူမျိုးများအပြင် iOS crazy များအတွက်၊အထူးသဖြင့် အခုမှာ jailbreak လုပ်ပြီးစသုံးမယ့် End users များအတွက်အသုံးဝင်မှာသေချာပါတယ်။ဒီ Repo လေးကိုထည့်သွင်းခြင်းအားဖြင့် မိမိကြိုက်နှစ်သက်တဲ့ Tweaks များကို Description ဖတ်ပြီး ဖုန်းထဲကိုသွင်းနိုင်မှာဖြစ်ပါတယ်။မြန်မာလိုပါဖော်ပြထားတာကြောင့် သုံးသူတိုင်းအဆင်ပြေစေမှာ မလွဲပါဘူး။ဒါ့အပြင် မလိုအပ်တဲ့ Tweaks တွေကို ဖယ်ပြီး Users တွေ အတွက် တကယ်လိုအပ်မယ့် Tweaks ကို အချိန်နဲ့အမျှ တင်ပေးနေသလို update ထွက်လည်းတိုင်း မလွတ်စေအောင် သူရဲ့ Repo ကို မွမ်းမံနေသူပါ။
(၂)
http://test-cydia.bitesms.com
BiteSms လို့ဆိုလိုက်တာနဲ့ iOS အသုံးပြုသူတွေ စိမ်းလှတဲ့ စကားလုံးတော့မဟုတ်ပါဘူး။ BiteSms ဟာ နာမည်ကျော် message tweak တစ်ခုဖြစ်ပါတယ်။ ဖုန်းရဲ့ Message ပိုင်းနဲ့ပတ်သတ်ပြီး features တော်တော်များများကိုအသုံးပြုနိုင်မယ့် tweak လေးဖြစ်ပါတယ်။ Message ရဲ့ UI ကိုစိတ်ကြိုက်ပြင်ဆင်နိုင်သလို၊ Quick compose and reply စတဲ့ Feautes များစွာနဲ့ Apple ဖုန်းကိုင်သူတွေကို အံ့သြမှင်စေတဲ့ Tweak တစ်ခုပါ။အပေါ်မှာဖော်ပြပေးထားတာကတော့ သူရဲ့ Repo link လေးဖြစ်ပါတယ်။
(၃)
http://rpetri.ch/repo
Ryan Petrich ကကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ Repo မှာActivator, Overboard and DisplayRecorder.တို့လို  အကောင်းဆုံးTweaks များစွာကို ထုတ်ပေးနေတာဖြစ်ပါတယ်။သူ repo က တကယ့်ကို နာမည်ကြီးပြီး မိမိဖုန်းအတွက် အသုံးတည့်စေမှာဖြစ်ပါတယ်။
(၄)
http://cydia.qusic.me
ဒီကောင်လေးကလည်း BiteSms လိုမျိုး နာမည်ကျော် messaging repo ဖြစ်ပါတယ်။BiteSmS လိုမျိုး Stock message မှာ functions များစွာကို ပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။
(၅)
http://repo.pnre.co.vu
IOS7 မှာ jailbreak tool ထွက်ပြီးကတည်းက Evasion7 jailbreak tool ရဲ့ Bugs and issues များစွာအခုနောက်ဆုံးဗားရှင်းထိ တွေ့မြင်ခဲ့ရပါတယ်။အပြောအများဆုံးကတော့ StatusBar crash ဖြစ်တာပါပဲ။အထက်ပါ Repo ကတော့ မိမိဖုန်းရဲ့ statusbar crash  ကိုအဆင်ပြေစေ မှာဖြစ်ပါတယ်။
(၆)
http://exile90software.com/cydia
icleaner pro ဟာဖုန်းထဲမှာ ရှိနေတဲ့ bloatware များစွာကို ဖယ်ထုတ်ပေးနိုင်မယ့် repo လေးဖြစ်ပါတယ်။ဒါအပြင်မိမိဖုန်း သွက်လက်မြန်ဆန်ဖို့အတွက်ပါအထောက်အကူဖြစ်တာကြောင့် ဆောင်ထားသင့်ပါတယ်။
ဆက်လက်ဖော်ပြသွားပါမည်။
iOS 7 မှ သာ အသုံးဝင်နိင်ပါတယ်။ ( *3001#12345#*) ကို Dial Pad ပေါ်မှာ နှိပ်ပြီးခေါ်ဆိုလိုက်ပါက Field Test ဆိုပြီးပေါ်လာကာ MM info, SIM info အစရှိသော စာမျက်နှာကိုတွေ့ရမည် ဖြစ်ပါတယ်။ ထိုအခါ ဘယ်ဘက်အပေါ်ဆုံးထောင့်တွင် -77 MM 900, -.... အစရှိသဖြင့်  တွေ့မြင်ရမည်ဖြစ်ပါတယ်။ ထို ကိန်းဂဏန်းများကို ကြည့်ပြီး ဆုံးဖြတ်နိင် မှာ ဖြစ်ပါတယ်။ - 105 ဆိုရင် လိုင်းဆွဲအား အဆိုးရွာဆုံး အခြေအနေမှာ ရှိနေပြီး -80 အထက်ဆိုရင်တော့ ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ 
I Device အသုံးပြုသူများ အနေဖြင့် မိမိတို့  Device မှ Free Soware တွေကိုဒေါင်းယူလို့ ရနိုင်မဲ့ App လေးတင်ပေးလိုက်ပါတယ် သူကတော့ မိမိတို့ Apple Store မှ Free ပေးသမျှကို ဒေါင်းလုပ်ရယူနိုင်မှာဖြစ်ပါတယ် ဆွဲနေရင်း  Connection မကောင်းလို့ရပ်သွားရင်တောင်မှ ကောင်းလာရင် Resume ပြန်လုပ်ပြီးဆွဲလို့ရပါတယ် ခင်ဗျာ ..မိမိတို့ Device ကိုတော့ Jailbreak လုပ်ထားဖို့လိုပါလိမ့်မယ်..အောက်မှာဒေါင်းပြီး သွင်းကြပါ..
http://adfoc.us/14597539079948
Thihahtike
Sunday, 15 December 2013
Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။
iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။
iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော “Background App Refresh” ကို “Disable” လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက “Disable” လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။
AirDrop ကို အသုံးမပြုသည့်အခါ “Off” ထားပါ။
“Automatic downloads” ကို “Off” ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။
“Brightness” ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ “Auto Brightness” On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။
“Notification Center” မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် “On” ထားပါ။
Mail setting ရှိ “Fetch New Data” တွင် “Push” ကို “Disable” လုပ်ထားပါ။
“Location Services” ကို မလိုအပ်ပါက “Off” ထားပါ။
iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> “Reduce Motion” ကို “Enable” လုပ်ပါ။
iOS 7 ရဲ့ Wallpaper မှာ “Dynamic” နဲ့ “Stills” ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။
Siri ၏ setting ရှိ “Raise to Speak” ကို “Disable” လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။
“Spotlight Search” တွင် ရှာဖွေရန် မလိုအပ်သည်များကို “Off” လုပ်ထားပေးပါ။
Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် “Vibrations” ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။
Cellular Data setting ရှိ “LTE” ကို “Off” ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။
General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။
“Limit Ad Tracking” ကို “Enable” လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking ->Enable
အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။
Credit to:မိုးသိကြား(www.moethagyar.info) မှ ကူးယူဖော်ပြပါသည်၊
Monday, 9 December 2013
PhoneTrans Pro v3.6.6 + Serial Key
http://www.tipradar.com/wp-content/uploads/2012/06/phonetrans.jpg
Android User တွေဘက်ကိုဘဲ App , Game စတာတွေကိုတင်ပေးနေတာကြာတော့ အခု iOS ဘက်ကိုနည်း နည်းပြန်လှည့်လိုက်ဦးမယ်ဗျာ။ PhoneTrans Pro ကတော့ iOS Device တွေနဲ့ ကွန်ပြူတာကိုချိတ်ဆက်ပြီး music, videos, photos , pdf အစရှိတဲ့ Format တွေကို Convert လုပ်ပေးနိုင်ပါတယ်ဗျာ။ iPhone: iPhone, iPhone 3G, iPhone 3GS, iPhone 4, iPhone 4S , iPad , iPad2 ,စတဲ့ iOS Devices တွေကို Support လုပ်ပေးနိုင် ပါတယ်ဗျာ။ အသေးစိတ်ကိုအောက်မှာလေ့လာနိုင်ပါတယ်ဗျာ။ အမြဲတမ်းသုံးနိုင်အောင် Serial Key ကိုထည့် သွင်းပေးထားပါတယ်ဗျာ။
PhoneTrans Pro as a software especially for mobile phones and iOS operating system that could quickly attract users to make comments. these software you full control and management of the various types of handsets, and iPad Tblt will.'s the ability to This software program is the perfect replacement for Apple's iTunes as popular. PhoneTrans Pro software will give you the ability to easily get music, videos, photos and more .... Please exchanged between the PC and your phone. You can choose to update the software through the computer. Enough to drive the process to the operating system (mobile phone) to connect to your PC via the PC software to update PhoneTrans Pro. Highly desirable feature This is software that allows users to move data via WiFi will.
PhoneTrans Pro software will support all iOS operating system versions:
iPhone: iPhone, iPhone 3G, iPhone 3GS, iPhone 4, iPhone 4S and
iPad: iPad (WI-FI, WI-FI +3 G ), iPad 2 (WI-FI, WI-FI +3 G), the new iPad (Wi-Fi and the Wi-Fi +4 G) and
iPod: iPod Touch 1 iPod Touch 2, iPod Touch 3 , iPod touch 4, etc.
PhoneTrans Pro software supports the following formats:
Movies: MP4, M4A, MOV, etc.
Music: MP3, M4A, etc
music video: MP4, M4V, etc.
Podcast: MP3, M4A, M4V, etc.
Ringtone: MP3 , M4A, M4R, etc.
TV movie: MP4, M4V, etc.
Audio Books: MP3, M4B etc
audio records: MP3, M4A, etc.
Itunes: MP3, MP4, M4V, etc.
Book: PDF, EPUB, etc.
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Wednesday, 4 December 2013
DigiDNA DiskAid 6.5.1 Multilingual | 12.2 MB
DiskAid is a tool for PC and Mac which enables the use of iPhone, iPad or iPod Touch as an external mass storage device. DiskAid gives access to the device’s file system, transfers text messages (SMS) to computer, allows to copy, edit or rename files and folders on the iPhone, iPad or iPod Touch directly from the desktop. Using a USB connection, it is the safest and most reliable way to access device’s files and folders. Used with FileApp or FileApp Pro transfered files and documents can easily being accessed on the device.
• USB file transfer
• Copy Files & Folders between your iPhone, iPad or iPod Touch and your Computer
• Transfer Text Messages (SMS) from iPhone to Computer
• View files on iPhone, iPod Touch and iPad with FileApp & FileApp Pro
• Automatic applications and folder discovery
• File Sharing support with all compatible applications on iPhone, iPod Touch and iPad
• PC Windows (XP, Vista, 7 and 8) & Mac OS X (Leopard, Snow Leopard) compatibility
• Supports iPhone V1, 3G, 3G S and 4!
• Supports iPod Touch V1, V2 and V3!
• Supports iPad!
• Auto detection feature, just plugin it in !
• Files and Folders Browser
• Drag & Drop files and folders
• Double click on files for quick view (launches appropriate application)
• Device’s free memory displayed
• Create shortcut to any file or folder
• Feature rich file organization including internal move, folder creation, renaming… etc.
• File & Folder information window
• Access any application supporting File Sharing
• No jailbreak needed (except for Root folder access)
• Supports iTunes 11
• Supported iPhone OS versions : 3.0 to 3.2, iOS 4.x
• New: iOS 7 compatible
• What’s new in the current version: see the change log for Windows PC or Mac OS X
OS : Windows 8.1, 8, 7, Vista, XP SP3
Language : Multilingual
Home Page - http://www.digidna.net/diskaid/
ဒီကောင်လေးကတော့ DigiDNA DiskAid 6.5.1 Multilingual  လေးပါ။ IOS ( iphone  or ipad or ipord ) အသုံးပြုသူများအတွက်ဆောင်ထားသင့်တဲ့ကောင်လေးပါ။ သူကတော့ ios မှာရှိတဲ့ sms တွေ Files တွေ App တွေကို ကွန်ပြူတာထဲမှာ save လုပ်ပေးတဲ့ကောင်လေးပါ။ update လေးလဲဖြစ်ပါတယ်။ ကီးပါထည့်ပေးထားပါတယ်။
Download
Tusfiles                                                                              Davvas
Wednesday, 13 November 2013
iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...
ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**
ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။
ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..
Safari Browser တွင်ပြင်ဆင်နည်း
  • ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် Add Bookmark ကို နှိပ်ပြီး Bookmark ပုံကို ရွေးလိုက်ပါ။
  • Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။
  • Bookmark icon Bookmark ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။
  • "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။
    javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();
  • "Save" လုပ်ပါ။
  • အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။
    အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။
Monday, 4 November 2013
I Toool 2013 !
IOS သမားများ အတွက် I tool ကလည်း အသစ်တွေထွက်လာပါပြီ
သိပြီးသားသူတွေလည်းရှိနေသလို မသိသေးတဲ့သူတွေလည်းရှိနိုင်ပါတယ်…
ဒါကြောင့်လိုအပ်တဲ့သူတွေ ဒေါင်းပါဗျာ……..
ဘာတွေကောင်းသလဲတော့ မပြောတော့ဘူးနော်….အားလုံးလည်းသုံးဖူးနေပြီးသားလို့ ထင်ပါတယ်…
Download ( I Tool ! )
Saturday, 2 November 2013
Plants Vs Zombies 2,Pacific Rim,Real Racing 3,Candy Crush Saga,Real Football 2013,Asphalt 7,World War ZယSubway Surf,Temple Run 2 စတဲ့နာမည်ကြီးဂိမ်းပေါင်း ၁၂၅ မျိုးကို Gold Coin တွေ Credit ကဒ် တွေ ကိုခိုးထားတဲ့ Hacking Tool လေးပါ။
D Tool လေး ကို Jailbreak ရော မ Jailbreak ရောရပါတယ်။
                 မသိသေးတဲ့သူတွေကိုရည်ရွယ်ပီးတင်ပေးတာပါ
လိုအပ်တဲ့ Tools တွေဒေါင်းလိုက်ပါ။
iTools ဒေါင်းရန် (or) iFanBox ဒေါင်းရန်
Hacking Tool ဒေါင်းရန်
ကဲ......စမယ်နော်။iTools နဲ့ ရှင်းပြပါမယ်။iFanBox လည်း ၄င်းနည်းတိုင်းပါပဲ။
1-Hacking Tool ကို ဇစ်ဖြည်ပါ။
2-မိမိ iDevices ကို ကွန်ပူတာနဲ့ ချိတ်ပါ။ပီးရင်iTools ကိုဖွင်လိုက်။
3-ပုံမှာ ပြထားတဲ့ Application ထဲကိုဝင်ပါ။ပီးရင် ကိုယ် Hack ချင်တဲ့ Game ကိုရွေးပါ။
(ကျွန်တော်ကတော့ Real Racing 3 ကိုရွေးပီးပြပါမယ်)
4-ပီးရင် ပုံမှာပြထားတဲ့အတိုင်း Browse ကိုရွေးပါ။
5-အပေါ်ဆုံးက Document ကိုရွေးပါ။
6-ပီးရင် ခုနကဇစ်ဖြည်ထားတဲ့ Hacking Tools ကိုဖွင့်လိုက်။
အဲ့ထဲက ကိုယ် Hack မဲ့ဂိမ်းရဲ့  Folder ကိုရွေးပါ။(ကျွန်တော်ကတော့ Real Racing 3 ကို Hack မှာဆိုတော့Real Racing 3 ပါတဲ့ folder ကိုရွေးလိုက်ပီ)။ပီးရင် Folder ထဲက Data တွေ
အကုန်လုံးကို cOpy လုပ်ပါ။
7-ပီးရင် ခုနကဖွင့်ထားခဲ့တဲ့ iTools ထဲက ကိုယ် Hack မဲ့ game ရဲ့  Document ထဲမှာ
cOpy လုပ်ထားတဲ့ Data တွေအကုန်လုံးကို PasTe လုပ်ပါ။(Replace လုပ်မှာလားလို့ မေးရင် Replace all လုပ်လိုက်ပါ)
ဒါဆိုရင်တော့ Hack တဲ့နည်းအောင်မြင်စွာပီးသွားပါပီ။သင့်ဖုန်းထဲမှာ Coin တွေ မရေတွက်နိုင်အောင်ရောက်သွားပါပီ။အဆင်ပြေပါစေ။
Credit-မောင်ကီး ရဲ့ ပို့ စ်ကို မှီငြိမ်းပီး ပြန်လည်ဖြည့်စွက်ရေးသားထားတာပါ။
ရေးသားသူ-ခေတ်သမိုင်း(www.facebook.com/Khit TaMhine)
အောက်က Game တွေ Hack လို့ရပါတယ်......
1. A Boom
2. Agent Dash
3. Amazing Spiderman
4. Asphalt 7
5. Astro Wings 3
6. Beat the boss 2
7. Blood Glory 2
8. Call of mini brawlers
9. Cartoon wars 2
10. Contract killer 2
11. Cytus
12. Dark Meadow
13. Dead trigger
14. Defender 2
15. Die Hard
16. Dino Cap 2
17. Dream League
18. Drum Fanatics
19. Dungeon Hunter 3
20. Eternity warrior 2
21. Final fantasy 4
22. Flight Control rocket
23. Free 2 Die
24. Fruit Ninja
25. Galaxy on fire 2
26. Gangstar RIO
27. Governor Poker
28. GT Racing
29. GTA Vice City
30. Happy Street
31. Horn
32. Icon Pop quiz
33. Jet trains
34. Jetpack joyride
35. Joe Danger
36. Kick Boss 2
37. Let's Golf 3
38. Lil' Kingdom
39. Lili
40. Mini Motor
41. Mini Ninjas
42. Minigore 2
43. Most Wanted iOS
44. Pitfall
45. Plague
46. PvZ
47. Rail Rush
48. RF 2013
49. Real Racing 3
50. Sea Stars
51. Sea Strike
52. The Sims freeplay
53. Ski Safari
54. Star Warfare
55. SkyGamblers Airsupremacy
56. SkyGamblers Storm Raider
57. Subway Surf
58. Temple Run 2
59. Temple Run Oz
60. Tiny Troops 2
61. The Walking Dead
62. Wipeout
63.The Last Driver
64. 2013 Infected Wars
65. 2020 Mycountry
66. Airplane!
67. Bus Derby
68. Castle Ville
69. City Land
70. Final Adv.
71. Gang Lords
72. Goblin Defense
73. Infinity Blade 3
74. MineHQ
75. Moto Heroz (New Ver.)
76. Muscle Run
77. MX-Elite
78. Pocket Train
79. Reaper-Tale of a pale swordsman
80. Skygamblers : Coldwar
81. SloPro 1000fps
82. Where's my water 2
83. Call of duty Strike Team
84. Champ man
85. Cloud castle
86. Cute cut (video editor)
87.Pixel gun
88. Real fishing
89.Respawnable
90. Run Bot
91. Sheep Happen
92. Xtreme Player
93. Mask Of Lion
94. Plants Vs Zombies 2
95. Cytus*** New Version 4.0.3 (Chapter 1-8 Unlocked)
96. Dungeon Crasher
97. Amateur Surgeon 3
98. Zombies Ate My friends
99. Berzerk Ball 2
100. Candy Crush Saga
101. Colin Mcrae Rally
102. Dead Crossing
103. Dead Space
104. Leap Leend
105. Lego Batman
106. Nuclear Outrun
107. Pacific Rim
108. Redline Rush
109. World War Z and စသဖြင့် 125 မျိုးထိဟက်လို့ ရပါတယ်
Tuesday, 29 October 2013
Wondershare MobileGo for iOS အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
iOS တွေအတွက် သီချင်းတွေ ရုပ်ရှင်တွေ ဓာတ်ပုံတွေ 
ကွန်ပျူတာနဲ့ အိုင်ဖုန်း အပြန်အလှန် Transfer လုပ်လို့ရတဲ့ ဆောစ့်ဝဲလ်လေးပါ 
အခြားလုပ်ဆောင်ချက်လည်းရှိပါတယ် 
http://www.wondershare.com/ios-manager/ မှာလေ့လာကြည့်ပါ 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
iFunBox သုံးတဲ့သူတွေအတွက် ဒီကောင်လေးကနောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်းလေးပါ။
ထွက်တာတော့ကြာပါပီ။iFunBox က iTools
နဲ့ လုပ်ဆောင်ချက်ချင်းတူပါတယ်။iPhone/iPad/iPod Touch
တွေကို ကွန်ပြူတာနဲ့ ချိတ်ပီး ဆော့ဖ်ဝဲတွေသွင်းတာ၊သီချင်းတွေ ဗီဒီယိုတွေ သွင်းတာ၊
iDevice ထဲက file တွေကိုပြင်ရာမှာ သုံးတဲ့ Tool လေးပါ။အသုံးလိုရင်တော့ အောက်ကလိပ်စာ
မှာရယူလိုက်ပါ။
     iFunBox for Windows Version 2.7
    • Compatible with new iTunes 11.1
    • Less connection problem
    • Support new iPhone 5s and iOS 7
    • More stable media file import and export
    • Transfer engine optimized for new iPhone models
    Version: 2.7
    Size: 14.3MB exe
    Release Date: 12/10/2013
    System Requirement: XP, 2003, Vista, 7
Download Here  
Friday, 25 October 2013
clip_image002
clip_image002
Apple’s Event ပြီးတဲ့နောက်ပိုင်းမှာ Update ပေးလိုက်တဲ့
 iOS 7.0.3 မှာ iMessages တွေမှာဖြစ်တဲ့ Bugs တွေကိုပြုပြင်ပေးထားပြီး
 UI Animations တွေအနည်းငယ်ပြောင်းလဲလိုက်ပါတယ်။
 Features အသစ်တွေလည်းပါရှိလာပြီးအဲဒီထဲကအလွန်ကောင်းမွန်တဲ့
 iCloud   မှာအသစ်ပါလာတဲ့ Sub-Feature တစ်ခုဖြစ်တဲ့  Keychain အကြောင်းကိုမျှဝေပါတယ်။
What is Keychain?
Keychain က နာမည်ကြီး Password Manager တွေဖြစ်တဲ့ LastPass , Dashlane တို့ လိုဖြစ်ပါတယ်။ 
သင့်ရဲ့ Passwords, Credit Card Information တွေကို Encrypted လုပ်ပြီး
 Cloud မှာသိမ်းပေးထားမှာဖြစ်ပြီး iOS Devices တွေအားလုံးမှာ Sync လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
 Encryption Key or PIN Code ကိုပြုလုပ်ရမှာဖြစ်ပြီး သင့်ဒေတာတွေကို 
လုံခြုံအောင်ကာကွယ်ထားနိုင်ပါတယ်။ 
အဲဒီ Feature က iOS, Mac တို့ မှာ Default အားဖြင့် Disable လုပ်ထားတာဖြစ်ပါတယ်။
 သင့် Passwords တွေကို Device အားလုံးမှာ Sync လုပ်ပြီးအသုံးပြုဖို့ 
 Keychain ကို Enable လုပ်ပြီးအသုံးပြုနည်းကို အောက်မှာဆက်လေ့လာပါ။
iOS မှာ iCloud Keychain ကို Enable ပြုလုပ်ခြင်း။
ပထမဆုံး Safari Browser မှာ Passwords , Credit Card Info တွေကိုသိမ်းခိုင်းရမှာဖြစ်ပါတယ်။ 
Settings>Safari> Passwords & AutoFill ကိုသွားပြီးလိုအပ်တာတွေကို Enable လုပ်ပါ။
clip_image003
iCloud>Keychain ကိုသွားပြီး Enable လုပ်ပါ။ Apple ID ထည့်ပေးပြီး 
Security Code သတ်မှတ်ပေးပါ။
clip_image004
Advanced Options ကိုနှိပ်ရင်  Security Code ပြုလုပ်စရာမလိုတဲ့ Option ကိုလည်းရွေးချယ်နိုင်ပါတယ်။
 တစ်ခြား Device တစ်ခုမှာ Keychain ကို Setup လုပ်တဲ့အခါမှာ အဲဒီ Security Code ကိုအသုံးပြုရမှာပါ။
တစ်ခြား Device တစ်ခုမှာ  Setup လုပ်တဲ့အခါ သင့်ရဲ့ လက်ရှိအသုံးပြုနေတဲ့ Device မှာ
 Notification ပေါ်မှာဖြစ်ပြီး Approve လုပ်ပေးရမှာပါ။
နောက်တစ်ချက်က သင့် Device တွေအားလုံး ပျောက်ဆုံးသွားတယ်ဆိုရင် Security Code ကိုသုံးပြီး သင့် Keychain ကို 
Recover လုပ်နိုင်ပါတယ်။
clip_image005
4-digit PIN Code အပြင် ပိုမိုရှုပ်ထွေးပြီး လုံခြုံတဲ့ Password တွေကိုပြုလုပ်နိုင်သလို Random Security Code ကိုနှိပ်ပြီး iOS ကပြုလုပ်ပေးတဲ့ Passwords ကိုသုံးနိုင်ပါတယ်။ Security Code ကိုသေချာမှတ်သားထားဖို့ အရေးကြီးပါတယ်။
PIN Code ပြုလုပ်ပြီးရင်  Phone Number တွေထည့်ပေးဖို့ တောင်းပါမယ်။ ဖုန်းနံပါတ်ထည့်ပေးပါ။
 Device အသစ်တွေမှာ Keychain ကို  Setup လုပ်တဲ့အခါ
 သင့် Keychain အသုံးပြုထားတဲ့  Device တွေကိုအသုံးပြုလို့ မရနိုင်တဲ့အခြေအနေတွေမှာ အဲဒီဖုန်း
 နံပါတ်ကို အသုံးပြုနိုင်တဲ့အတွက် အထောက်အကူပြုပါတယ်။
clip_image006
အားလုံးပြီးသွားရင်တော့ Safari မှာသိမ်းထားတဲ့ Passwords , Credit Card Info တွေကို
 Keychain-Enabled Device တွေအားလုံးမှာ Sync လုပ်ပြီးသုံးနိုင်ပါပြီ။
 Safari ကနေပြီးသင့်ဝက်ဆိုက်တွေကို အသုံးပြုရင် ကီးဘုတ်အပေါ်နားမှာ 
AutoFill Option ကိုတွေ့ မြင်အသုံးပြုနိုင်ပါတယ်။
 Settings>Safari>Passwords & AutoFill > Saved Passwords မှာ သိမ်းထားတဲ့
 Passwords တွေကို
 Edit လုပ်နိုင်ပါတယ်။