Android Phone မှာနေရာလွတ်တွေ နည်းလာတာဟာ သင့်ဖုန်းရဲ့ Performance,Speed
ကိုကျစေပါတယ်။
အဲဒီအတွက်မလိုအပ်တဲ့App တွေကို Uninstall လုပ်သင့်သလို
မလိုအပ်တဲ့ဖိုင်တွေကိုလည်းရှင်းပစ်သင့်ပါတယ်။
ဒီလိုရှင်းဖို့ အတွက်
အကောင်းဆုံး App တစ်ခုကတော့ DiskUsage ပါ။
DiskUsage
ကိုအသုံးပြုရင်သင့်ဖုန်းမှာနေရာအများဆုံးယူထားတဲ့
ဖိုဒါတွေ၊ဖိုင်တွေကိုလွယ်လွယ်ကူကူရှာနိုင်ပါတယ်။
DiskUsage
ကို စစဖွင့်ချင်းမှာ Scan လုပ်ဖို့  Storage Destination ကို
ရွေးပေးရပါမယ်။ Scan လုပ်တဲ့အချိန်ဟာစက္ကန့် ပိုင်းပဲကြာမြင့်ပါတယ်။
ပြီးရင်တော့
သင့်ဖုန်းမှာနေရာယူထားတဲ့ဒေတာတွေကို ဖိုင်ဆိုက်အများဆုံးကနေစီပြီး
ပြပေးမယ့် Visual Report ကျလာပါလိမ့်မယ်။
အောက်ကပုံကိုကြည့်ရင် သင့်ဖုန်းမှာ
ဘယ်အရာတွေက နေရာဘယ်လောက်ယူထားလဲဆိုတာသင်သေချာသိပါပြီ။
Application တစ်ခုဒါမှမဟုတ် ကဏ္ဍ တစ်ခု ကိုရွေးချယ်လိုက်ရင် ပိုပြီးအသေးစိတ်ပြပေးမှာဖြစ်ပါတယ်။
App ရဲ့ ဒေတာတွေကိုရှင်းဖို့ ၊ Cache တွေကိုရှင်းဖို့ နဲ့ 
Uninstall လုပ်ဖို့ အတွက် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Show button
ကိုနှိပ်ပါ။ဒါဆိုရင် App info screen ကိုရောက်သွားပြီး
မလိုအပ်တာတွေကိုရှင်းနိုင်ပါပြီ။
DiskUsage
က သင့်ဖုန်းမှာနေရာယူထားတဲ့ဖိုဒါတွေ၊ဖိုင်တွေကိုလွယ်လွယ်ကူကူပဲ
သိရှိနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ App တစ်ခုဖြစ်ပါတယ်။
Windows မှာလည်း
ဒီလို ဖိုင်ဆိုက်ကြီးတဲ့
ဖိုဒါတွေ၊ဖိုင်တွေကိုလွယ်လွယ်ကူကူရှာပြီးရှင်းနိုင်တဲ့ WizTree ဆိုတဲ့ Freeware ကိုအသုံးပြုပြီး နေရာလွတ်တွေ ရရှိအောင်ပြုလုပ်နိုင်ပါတယ်။
Download DiskUsage from Play Store or Android Drawer
ကူးဖော်ပြသည်..။
Enjoy!
Hnget Ngai
0 comments:
Post a Comment