မျိုသိပ်ထားတဲ့ မျှော်လင့်မှု
အလင်းရောက် ဖြာခါစ ရှိသေးတယ်
မျက်စိတစ်မှိတ် ၊ နေကြတ် သွားရရှာတယ် ။
ကံဆိုးချက်က ခေါင်းကနေ ဖ၀ါးထိမို့
လေးနက်တဲ့ ကဗျာတစ်ပုဒ်လည်း မဖြစ်ခဲ့ပါဘူး
မပြောပါနဲ့
ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
အတွေးတွေကြောင်းနေမှာပါ..။
ပျောက်ပျက်မသွားသေးပါဘူး
အားလုံးက လက်မခံရင်တေင်
သာယာတဲ့ နေ့ ငါအတွက် ရှိမှာပါ
ဒါကြောင်း.....
ပျံသန်းရင်း ပျံသန်းနေပါဦးမယ်............... ။
14:48
08/10/2013
ငှက်ငယ်





0 comments:
Post a Comment