ငါပြောခဲ့တဲ့ စကားတွေ
ကတိတွေ ဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူးနော်
ဒါပေမယ့် ချစ်သူ
ငါမင်းကို တခဏ အတွက် အိမ်မက်ခဲ့တာ မဟုတ်ဘူး
မင်းရဲ့ နောက်ကွယ်မှာလည်း
ငါ ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး
တစ်နေ့နေ့ ပြန်ဆုံမျှော်လင့်ချက်နဲ့
တကယ်ချစ်ခဲ့တာ.............။
မင်းကို နာကျဉ်းဖို့ ငါ့မှာ အားမရှိဘူး
မင်းကိုမေ့ဖို့ ငါ့မှာ ငါမတတ်နိုင်ဘူး
မင်းကို မုန်းဖို့ ငါမစဉ်းစားဘူး ချစ်သူ
မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့
ငါ့ကို ရှောင်ဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ငါကတော့ အရင်အတိုင်းပါပဲ..။
မဖြစ်နိုင်ဘူး ဆိုတဲ့စကား
မင်းဆီက ကြားရတာ
ငါအရမ်း အံ့သြတယ် ချစ်သူ
ရမ်းလည်း ၀မ်းနည်းတယ်......။
09/10/2013
12:13





0 comments:
Post a Comment