RSS
Facebook
Twitter
Wednesday, 2 October 2013
clip_image002
Browser တွေကနေ ၀က်ဆိုက်တွေ ကြည့်ရင်း Tab တွေများပြားလာတဲ့ အခြေအနေမျိုးကိုကြုံဖူးမှာပါ။
 Tab တွေအများကြီးဖွင့်ထားတာဟာ System Memory ကို စားသုံးတဲ့အတွက် စက်လေးလံလာတတ်ပါတယ်။
နောက်ပြီး Tab တွေများပြားတဲ့အတွက် Browsing လုပ်ရတာလည်း သိပ်ပြီးအဆင်မပြေတော့ပါဘူး။
နောက်တစ်ချက်က သင့်ရဲ့  Privacy ကိုကာကွယ်ချင်ရင် Tabs တွေကို အမြန် Hide လုပ်နိုင်ဖို့ လိုပါတယ်။
အဲဒီလို လုပ်ဖို့ အတွက် Chrome , Firefox မှာ Tab Management Extension တွေရှိပါတယ်။
Chrome
Chrome မှာ OneTab ဆိုတဲ့ Extension က Tab တွေကို အမြန် Hide/Restore လုပ်ပေးနိုင်ပါတယ်။
 OneTab ကိုအင်စတောလုပ်ပြီးရင် OneTab icon ကို URL Bar မှာတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ရင် ဖွင့်ထားတဲ့ Tabs တွေအားလုံးကို Tab တစ်ခုထဲမှာစုစည်းပေးထားမှာပါ။ 
သိမ်းပေးထားတဲ့ Tab တွေအားလုံးကိုပြန် Restore လုပ်နိုင်သလို တစ်ခုချင်းစီရွေးပြီးလည်း Restore လုပ်နိုင်ပါတယ်။မလိုအပ်တာတွေကိုလည်း  Delete လုပ်နိုင်ပါတယ်။
OneTab က သိမ်းထားတဲ့ Tabs တွေကို ရက်စွဲအလိုက် Group တွေခွဲပြီးသိမ်းပေးနိုင်တဲ့အတွက်နောက်နေ့ တွေ မှာပြန်အသုံးပြုချင်ရင်လည်းအဆင်ပြေစေပါတယ်။
clip_image004
 Tabs တွေကို တစ်ခြားစက်တွေ မှာသုံးချင်ရင် အဆင်ပြေစေပါတယ်။
တစ်ခြားစက်ကနေ Tabs တွေကိုအသုံးပြုဖို့ Import လုပ်ရမှာဖြစ်ပြီးသိမ်းထားတဲ့ Text ဖိုင်က URLs တွေကို Paste လုပ်ပေးရမှာပါ။
Text ဖိုင်က မလိုအပ်တော့တဲ့ URL တွေကိုလည်း ဖျက်နိုင်ပါတယ်။
clip_image006
OneTab ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။Tabs တွေကို တစ်ခြားစက်တွေ မှာ အလွယ်တကူ Sync လုပ်ပေးနိုင်မယ့် Feature ကို Developer ကဖြည့်ဆည့်ပေးနိုင်ရင်ပိုအသုံးဝင်မယ်လို့ ထင်ပါတယ်။
 တကယ်လို့  သင့် Browser ရဲ့ Memory အသုံးပြုမှုကိုပဲလျှော့ချချင်တယ် ဒါပေမယ့် Tabs တွေကိုတော့ မပိတ်ချင်ဘူးဆိုရင် The Great Suspender  ဆိုတဲ့ Chrome Extension ကိုသုံးနိုင်ပါတယ်။
အချုပ်အားဖြင့် OneTab က Tab တွေကို အများကြီးဖွင့်ပြီးအသုံးပြုတဲ့သူတွေ အတွက် ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။
Firefox
Firefox မှာ OneTab လို မျိုး  Tabs တွေကို Hide/Restore လုပ်ဖို့ အတွက် TabStash ကိုသုံးနိုင်ပါတယ်။ 
အဲဒါကိုနှိပ်ရင် Tabs တွေအားလုံးကို Hide လုပ်ပေးမှာပါ။ လက်ရှိဖွင့်ထားတဲ့ Tab ကို တော့ဖွင့်ထားမြဲဖွင့်ပေးထားမှာပါ။ 
Tabs တွေကို ပြန် Restore လုပ်ချင်ရင်အဲဒီ T Button ကိုပြန်နှိပ်ပေးရုံပါပဲ။
clip_image008
သာမာန်အချိန်မှာ ၀က်ဆိုက်တွေ ကြည့်နေရင် T Button က အမည်းရောင်ဖြစ်နေမှာဖြစ်ပြီး Tabs တွေကို 
Hide လုပ်ထားရင် T Button က အပြာရောင်ပြပေးမှာပါ။
clip_image010
TabSlash က OneTab လို မျိုး Tab တွေကို ရွေးချယ်ပြီး Restore လုပ်လို့ မရပါဘူး။ မလိုအပ်တော့တဲ့ Tab တွေကိုလည်း  Delete လုပ်လို့ မရပါဘူး။
Restore လုပ်ရင် Tabs အားလုံးကို ပြန်ဖွင့်ပေးမှာပါ။အချုပ်အားဖြင့် TabSlash က Tabs တွေကို အမြန် Hide လုပ်ဖို့  ကောင်းမွန်တဲ့ Tab Management Add-On တစ်ခုဖြစ်ပါတယ်။
ENJOY!
Hnget Ngai 
0 comments:
Post a Comment