====================================
Facebook Chat မှာ တစ်ယောက်ချင်း ချက်နေကြတာကတော့ လူတိုင်းနီးပါး လုပ်တတ်ကြတာပါပဲ။
အခု ပြောမှာကတော့ တစ်ယောက်ချင်း ချက်တာ မဟုတ်ဘူး။
အုပ်စုဖွဲ့ပြီး ချက်တာပေါ့ဗျာ။ Group Chat ပေါ့။
ကိုယ့် ဘော်ဘော်တွေ အချင်းချင်း တစ်နေရာတည်းမှာ စုပြီး တော်ကီပွားသလိုမျိုးပေါ့။
ဒီလို Group Chat တစ်ခုကို ဖန်တီးယူဖို့ အတွက်ဆိုရင် …..
- ပထမဆုံး အနေနဲ့ Facebook Login ဝင်ပါ။
- ပြီးသွားရင် http://www.facebook.com/messages/ ကို သွားလိုက်ပါ။
- New Message ကို နှိပ်ပါ။
- To: ဆိုတာရဲ့ အနောက်မှာ ကိုယ့် Friends List ထဲမှာ ရှိတဲ့၊ ကိုယ့် Group Chat ထဲ ထည့်သွင်းလိုတဲ့ လူတွေကို ထည့်ပါ။ အနည်းဆုံး နှစ်ယောက် ထည့်ဖို့ လိုအပ်ပါတယ်။
- ဒါမှလည်း Group ဖြစ်မှာကိုးဗျ။ ပြီးတော့လည်း Group Chat လုပ်ပြီးမှ ကျန်တဲ့လူတွေကိုလည်း ထပ်ဖြည့်လို့ ရနိုင်တဲ့အတွက် ဘယ်သူတော့ဖြင့် ကျန်နေတော့မယ်ဆိုပြီး မပူကြပါနဲ့။
- အပေါ်မှာ လူတွေ ထည့်ပြီးသွားရင် အောက်က Message Box ထဲမှာ တစ်ခုခု ရိုက်ထည့်ပြီး Send လိုက်ပါ။
ဒါဆိုရင် Fecebook Group Chat ဖြစ်သွားပါပြီ။
ဒီချက်ကိုမှ ကိုယ်က နာမည် ပေးတာ၊ ချက်အတွက် ကိုယ်စားပြု ပုံလေး ထားတာတွေ လုပ်မယ်ဆိုရင် ခဲတံ ပုံစံလေးကို နှိပ်ပါ။ Conversation Name နေရာမှာ နာမည်ပေးပါ။ ပုံထည့်ချင်သပဆိုရင် Upload ကိုနှိပ်ပြီး ပုံရွေးပေးလိုက်ပါ။ ပြီးရင် Save ကို နှိပ်ပါ။
ဒီဂရုချက်ထဲ လူထပ်ဖြည့်ချင်တဲ့အခါ Actions ဆိုတဲ့ နေရာကို နှိပ်ပါ။ Add People ဆိုတာ တွေ့ပါလိမ့်မယ်။ အဲ့ဒီမှာ ထပ်ဖြည့်လို့ ရပါတယ်။
ဒီနေရာမှာ နည်းနည်းလေး လိုအပ်မယ်ထင်တဲ့ အချက်တွေကို ထပ်ပြောပါ့မယ်။
- Open in Chat ဆိုတာက ရိုးရိုး ချက်ဘောက် ဖေါ်ပြီး ချက်တာပါ။
- Create Group ဆိုတာက ဒီဂရုချက်နဲ့ ပတ်သက်လို့ Group တစ်ခု ဆောက်တာပါ။ (Facebook Group, Page ဆောက်တာတွေနဲ့ ပတ်သက်လို့ နောက်များ ရေးသွားပါမယ်။)
- Delete Messages ဆိုတာက မက်ဆေ့ခ်ျတွေကို ဖျက်ဖို့အတွက်ပါ။ ဒီလို ဖျက်တဲ့အခါမှာလည်း တစ်ခါတည်း အကုန်မပျက်ပါဘူး။ ကိုယ်ဖျက်ချင်တဲ့ မက်ဆေ့ခ်ျကို ရွေးပြီး ဖျက်လို့ ရနိုင်ပါတယ်။
- Leave Conversation ဆိုတာက ဒီ Group Chat ကနေ ထွက်တာပါ။
- Delete Conversation ဆိုတာကတော့ Group Chat ကြီးကို ဖျက်ပစ်လိုက်တာပါ။ (ဒါကိုတော့ မလိုအပ်ရင် မနှိပ်မိအောင် သတိထားကြပါ။)





0 comments:
Post a Comment