RSS
Facebook
Twitter

Monday, 21 October 2013




 ကျွန်တော်တို့ ခဏခဏ အပြင်မှာကြုံဖုးမှာပါ။

ဖုန်းကိုနေရာအထားမှားပြီးပြန်မတွေ့တော့တာတို့၊ မေ့ကျန်ခဲ့ပြီးပျောက်သွားတာတို့ဖြစ်ရင် ဒီ application လေးနဲ့ဆိုရင်တော့ အဆင်ပြေစေမယ်လို့မျှော်လင့်မိပါတယ်ဗျာ။ ဒါပေမဲ့ သူ့မှာကြိုတင်လုပ်ဆောင်ထားပေးရမှာတွေတော့ရှိသေးတယ်နော်။ အဲ့ဒါတွေကို လုပ်ထားပေးမှ အဆင်ပြေမှာဖြစ်ပါတယ်ဗျာ။ ပထမဆုံးလုပ်ပေးရမှာက ဒီ application လေးကို install လုပ်ပြီးသွားရင် ဖုန်းမှာ google map ရှိရမယ်။ Google map ရှိတဲ့ ဖုန်းဆိုရင်တော့ GPS ကိုဖွင့်ပေးထားရမယ်။ ပြီးတော့ အင်တာနက်ပါဖွင့်ပေးထားမှ အလုပ်လုပ်မယ်နော်။ ကျွန်တော်အထင်တော့ သိပ်အဆင်ပြေမယ်မထင်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတော့ ဖုန်းက ပျောက်ပါပြီဆိုမှတော့ အင်တာနက်ကြီးဖွင့်ထားပြီးပျောက်ဖို့ဆိုတာလဲ မဖြစ်နိုင်ဘူးလေ။ Google map ကလည်းရှိရအုံးမယ်ဆိုတော့ အခု ဒီမှာသုံးနေကြတာတွေက Huawei phone တွေကများတယ်လေ။ ဘာပဲပြောပြောပါ။ သူပြောထားတဲ့ အချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်တော့ ဒီ phone လေးထဲမှာ register လုပ်ပေးရပါမယ်။ အဲ့ဒါက တွေကတော့ ကိုယ့်ရဲ့ phone sim card ရဲ့ serial number တွေထည့်ပေးရတာတွေ၊ ပြီးတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေကိုထည့်ပေးရတာတွေရှိပါပဲ။ တကယ်တန်းသူက google service နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် google map ကိုတော့မဖြစ်မနေထည့်ပေးထားမှ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။ ကျွန်တော်ရေးပေးထားတဲ့ အချက်တွေကိုသေသေချာချာလေး ကြည့်ပြီးတော့ စမ်းကြည့်စေချင်ပါတယ်ဗျာ။ တော်ကြာ ကျွန်တော့် ကို မေတ္တာပို့နေမှာစိုးရိမ်လို့ပါ။ ကျွန်တော်ထပ်သတိပေးပါရစေဗျာ။ Google map ကအလုပ်လုပ်မှ အဆင်ပြေမှာပါ။ ပြီးတော့ google map ကလည်း မြန်မာနိုင်ငံရဲ့ address တွေနဲ့ confirm ဖြစ်မှပါ။ ဒါက စမ်းကြည့်ချင်သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်ဗျာ။ ဒီ application လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ android version 2.0 နဲ့အထက်မှာ အသုံးပြုနိုင်ပါပြီဗျာ။ အောက်မှာ register လုပ်ရမဲ့ feature တွေနဲ့ သူ့ဆီက ပြန်လာတဲ့ email ကို ပုံလေးတွေနဲ့ ပြထားတယ်ဗျ။

 







အဲ့ဒါလေးကြည့်ပြီး လေ့လာကြည့်စေချင်ပါတယ်ဗျာ။ အောက်က link တွေကနေ download လုပ်နိုင်ပါပြီဗျာ။


Down>> ငှက်ငယ်

Down>>Hnget Ngai   


Enjoy!

HNGET NGAI

0 comments:

Post a Comment