RSS
Facebook
Twitter

Saturday, 26 October 2013

KMSpico 9 Beta 9.0.2.20131020

   
 
 ဒါလေးကတော့ ကျနော့် Blog မှာ မတင်ပေးဖူးသေးတဲ့ Activator အသစ်လေးပါ..။
ဒီ Activator လေးက Windows 8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။
 
 ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပြီး၊ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။
 
 ဒီပိုစ့်ရဲ့ အောက်ဆုံးက ပုံလေးတွေကတော့ 
ဒီကောင်လေးကို တင်ပေးထားတဲ့ နိုင်ငံခြားဆိုဒ်တွေမှာ ဖေါ်ပြပေးထားတဲ့ Windows 8.1 ကို Activate ဖြစ်သွားတဲ့ ပုံလေးတွေပါ..။ 
 
ဒီပိုစ့်မှာတော့ ကျနော် ဒီ Activator လေးကို အသုံးပြုတတ်အောင် အစ၊အဆုံးပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
 
 လိုအပ်တဲ့ သူများကတော့ အောက်ကကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
 
 ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။
 



ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တခါတည်း တန်းသုံးမယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း Token Backup မျှားပြထားတဲ့ နေရာလေးကို တချက်အရင် ကလစ်ပေးလိုက်ပါ..။ Install ထည့်ပြီိးမှ ပြန်ဖွင့်သုံးမယ်ဆိုရင်တော့ အောက်ဆုံးမှာ ပုံလေးနဲ့ (C:) ထဲမှာ သွားဖွင့်ယူတတ်အောင်ပါ ပြပေးထားပါတယ်..။ 




အပေါ်ပုံမှာ Yes ပေးပြီးလို့ အနီရောင် အလုံး၊ မျှားပြထားတဲ့ နေရာကို တချက်ကလစ်ပြီးရင်တော့ ခဏစောင့်ပေးပြီး အောက်ကပုံလေးအတိုင်း Close နေရာမှာ ပိတ်လိုက်လို့ ရပါပြီ..။


ဒီအောက်ကပုံကတော့ မိမိတို့ အဆင်ပြေတဲ့အချိန်မှ ပြန်ဖွင့်သုံးမယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း မျှားအပြာရောင်နဲ့ ပြထားတဲ့အတိုင်း (C:) ထဲမှာ သွားဝင်ပြီး ၂-ချက်တောက်ဖွင့်သုံးလို့ ရပါတယ်..။ 


အောက်ကပုံလေးတွေကတော့ ဒီကောင်လေးကို တင်ပေးထားတဲ့ နိုင်ငံခြား ဆိုဒ်တွေမှာ ဖေါ်ပြပေးထားတဲ့ Windows 8.1 နဲ့ Office 2013 တွေကို ဒီကောင်လေးနဲ့ Activated ဖြစ်သွားတဲ့ ပုံလေးတွေပါပဲ..။



အားလုံးပဲ အဆင်ပြေပြေအသုံးပြုနိုင်ကြပါစေ..။

0 comments:

Post a Comment