21 Jul 12, 09:07 PM
thuyein: အစ်ကိုခင်ဗျား
ကျွန်တော့်မှာ ရှိတဲ့ MS Office 2010 full version ကို
တင်ပေးလိုက်ပါပြီ..။ ဒီကောင်ကို ကျွန်တော် အရင်ပေးထားတဲ့ E-Z Activator နဲ့
Product key နဲ့ activate လုပ်တာ ရပါတယ်ခင်ဗျား..။ activate လုပ်နေရင်
online ချိတ်ထားဖို့ ပြောပေးပါခင်ဗျား..။ ပြီးရင် Microsoft Netframe 4.0
ရှိရမယ်လို့ ပြောပါတယ်...။ ကျွန်တော်က ရှိပြီးသားမိုလို့
ထည့်မထားပါခင်ဗျား..။ ကျန်တာအကုန်အဆင်ပြေပါတယ်..။ product key မှာ အပေါ်က
key နဲ့တင် အဆင်ပြေသွားပါတယ်ခင်ဗျား..။ အပိုင်း 19 ပိုင်းပါ..။
ကျနော့်မှာ
ရှိတဲ့ Microsoft Office 2010 က 4GB ကျော်ရှိပါတယ်..။ ဒါကြောင့်
မတင်ပေးတာပါ..။ အခု ကိုthuyein တင်ပေးလိုက်တဲ့ MS Office 2010 က 700 MB
ဆိုတော့ ဒေါင်းယူရတဲ့ လူအတွက်လည်း အဆင်ပြေမှာပါ..။ အားလုံးအတွက် လုပ်ပေးတဲ့
ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ တခုလိုတာက ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေကို
ခွဲတာလည်း ဆိုတာ မသိရတာပါ..။ ဥပမာ Hjsplit ဆော့ဝဲလ်နဲ့ ဖိုင်ခွဲတာဆိုရင်
Hjsplit ဆော့ဝဲလ်နဲ့ ပြန်ပေါင်းမှ ရတာပါ..။ ဒါကြောင့် ဘယ်ဆော့ဝဲလ်နဲ့
ဖိုင်တွေခွဲခဲ့တာလည်း ဆိုတာ.. ကိုthuyein ဒီပိုစ့်ကို ဖတ်မိရင်
အကြောင်းပြန်ပေးပါ..။ တချို့ဆော့ဝဲလ်တွေတော့ ရှိပါတယ်..။
ဖိုင်တွေပြန်ပေါင်းတဲ့ အခါကျရင် Part-01 ကို ဖြည်ချလိုက်ရင်
အားလုံးတန်းစီပြီး ပြေကျသွားပါတယ်..။ အဲလိုမျိုးဆိုရင်တော့
ဖိုင်ခွဲခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဆော့ဝဲလ်ကို ပြန်သုံးဖို့
မလိုတော့ပါဘူး..။
ကျနော်လည်း
အခုမှ စပြီး ဒေါင်းယူနေတုန်းမို့ ဖိုင်တွေကို ဘယ်လို
ပြန်ပေါင်းရမယ်ဆိုတာ သေချာမသိသေးပါဘူး..။ ဒီဖိုင်တွေပြန်ပေါင်းပြီးရင်တော့
ဒီပိုစ့်ရဲ့အောက် ဖိုင်တွေဘယ်လို ပြန်ပေါင်းရမယ်ဆိုတာ
ကျနော်ဆက်ရေးပေးသွားပါ့မယ်..။ ဒီဆော့ဝဲလ်ကို Cbox
မှာတွေ့တွေ့ချင်း ပြန်တင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ကိုthuyein
လင့်ချိတ်ပေးထားတဲ့ Cbox က စာကြောင်းလေး တစ်ကြောင်းကို ကျနော်
ဖျက်ထားလိုက်ပါတယ်..။ ဘာလို့ဒီလိုလုပ်ရလည်း ဆိုတော့.. Microsoft ကုမ္ပဏီကို
ရှော့တွက်လို့ မရပါဘူး..။ အဲဒီလင့်ကို မဖျက်ထားရင် ၃ရက်အတွင်း Microsoft
ကုမ္ပဏီက ရှာတွေ့ သွားမှာပါ..။ Microsoft က ဒီဖိုင်တင်ထားတဲ့ လင့်ကို Upload
တင်ထားတဲ့ ဆိုဒ်မှာ သွားပြီး ဖျက်ခိုင်းပါလိမ့်မယ်..။ Upload တင်ထားတဲ့
ဆိုဒ်ကလည်း Online ပေါ်လစီအရ ဖျက်ပေးရပါလိမ့်မယ်..။ အဲဒါဆို ကျနော်တို့
အားလုံး ဒီဖိုင်ကို ဒေါင်းယူလို့ မရတော့ပါဘူး..။
ကျနော်အရင်က နိုင်ငံခြားဆိုဒ် တခုကနေ Windows7 48 in 1 ကို
ရလာလို့ ကျနော့်ဆိုဒ်မှာ လင့်ချိတ်ပေးဖူးပါတယ်..။ ၃ရက်မကြာဘူး
အဖျက်ခံလိုက်ရပါတယ်..။ သူ့ဆိုဒ်မှာ တင်ပေးထားတာ ကျနော် စတွေ့တဲ့ အချိန်မှာ
တစ်နှစ်ကျော်သွားပါပြီး.. ဒေါင်းယူလို့ ရနေတုန်းပါ..။ သူက Adf.ly
webpage လေးကြားခံပြီး တင်ပေးထားတာ..။ ကျနော်က
ကိုယ့်မြန်မာပြည်သားတွေ ဒေါင်းလော့မချတတ်မှာစိုးလို့ Adf.ly webpage
ကြားမခံပဲ.. ဒါရိုက်လင့်ကို ချိတ်ပေးလိုက်တာ..။ Microsoft ကုမ္ပဏီက
၃ရက်မကြာဘူး ရှာတွေ့သွားလို့ ဖျက်ပစ်တာခံလိုက်ရတယ်..။ ဒါကြောင့် အတွေ့
အကြုံလေး တခုရထားလို့ နောက်ပိုင်း တင်တဲ့နာမည်ကြီး ဆော့ဝဲလ်တွေကို adf.ly
webpage လေးကြားခံပြီး တင်ပေးထားတာပါ..။ အခုဒီ ဆော့ဝဲလ်ကိုလည်း ကိုthuyein
တင်ထားတဲ့ ဖိုင်တွေအတိုင်းကို ကျနော်က အဲဒီစာမျက်နှာလေး
ကြားခံပေးလိုက်ပါတယ်..။ အားလုံးအတွက် ဒီဖိုင်လေး ကြာကြာခံအောင်လို့ပါ..။
Activate ဖြစ်အောင် ဘယ်လိုလုပ်ရလဲ ဆိုတာကို အပေါ်ဆုံးမှာ
ကိုthuyein ရေးပေးထားတဲ့ အတိုင်းပါပဲ..။
လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ အားလုံးပေါင်း
အပိုင်း 19 ပိုင်း.. E-Z Activator နဲ့ဆို အပိုင်း 20 ပါ.. တပိုင်း ကို 35
MB စီရှိပါတယ်..။
Microsoft Office 2010
Download Microsoft .Net Frame
အပေါ်ပုံမှာ ပြထားတဲ့ Cbox က လင့်ချိတ်ထားတဲ့ စာကြောင်း တကြောင်းကို ဖျက်ထားပါတယ်..။
----------------- ---------------------------- --------------------------
----------------- ---------------------------- --------------------------
(မနေ့ကတင်တဲ့ ပိုစ့်ကို ဖိုင်ဖြည်တတ်အောင်နဲ့ Full Active ဖြစ်အောင်လုပ်တတ်အောင်လို့.. ဒီနေ့ ဆက်ရေးပါသည်..)
22 Jul 12, 04:45 PM
thuyein: အစ်ကိုခင်ဗျား
win rar နဲ့ ခွဲထားပါခင်ဗျား အားလုံးဒေါင်းပြီး ဖိုင်တွေအားလုံးကို
desktop ပေါ် ထားပြီး part 1 ကို ဖြေပေးလိုက်ရင် auto
ဖြေပေးသွားပါလိမ့်မယ်ခင်ဗျား
လေးစားစွာဖြင့် သူရိန်
ဟုတ်ပါတယ်..။
ကိုသူရိန်ပြောတဲ့ အတိုင်း လုပ်လို့ရပါတယ်..။ အခုအောက်မှာ
ပုံလေးတွေနဲ့ ပြပေးဖို့ လိုအပ်တယ်ထင်လို့ ဖိုင်ဖြည်တာကို
တန်းတန်းမပြေပဲနဲ့ ဘောက်စ်လေးတွေ ပေါ်ပေါ်လာတာ.. မလုပ်တတ်တဲ့ သူများအတွက်
အခက်တွေ့နေမှာစိုးလို့ ကျနော်လုပ်ပြီး..
အဆင်ပြေသွားတဲ့နည်းလေးကို ပြန်ပြပေးလိုက်ပါတယ်..။ တခါတည်း ဖူး
Active ဖြစ်အောင် လုပ်ကြည့်ရင်းနဲ့ အဆင်ပြေသွားလို့ ပုံလေးတွေပါ တခါတည်း
ရိုက်ယူထားပြီး.. စာဖတ်ယုံနဲ့ လုပ်ရတာ အဆင်မပြေတဲ့ သူများအတွက်
အဆင်ပြေအောင် လုပ်ပြပေးလိုက်ပါတယ်..။ ကိုသူရိန်ရေးထည့်ပေးလိုက်တဲ့
စာအတိုင်း လုပ်ပြထားပါတယ်..။ တကယ်လည်း ဖူးဖြစ်သွားပါတယ်..။
အခုလိုကူညီပေးတဲ့ ကိုသူရိန်ကိုလည်း အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ရင်း
ဒီပိုစ့်နဲ့ ကျနော့်ဘလော့မှာ မှတ်တမ်းတင်အပ်ပါတယ်..။
ကျနော်ကတော့ ဒေါင်းယူထားတဲ့
ဖိုင်အားလုံးပေါင်း ၂၀ ကို .. E-Z Activator ကို ဖိုဒါတခုဖွင့်ပြီး
ထည့်လိုက်ပါတယ်..။ ကျန်တဲ့ Office 2010 ဖိုင် ၁၉ဖိုင်ကို နောက်ထပ် ဖိုဒါတခု
ထပ်ဖွင့်ပြီး အားလုံးကို စုထည့်လိုက်ပါတယ်..။ အောက်မှာဆက်ကြည့်ပါ..
ကျနော်
ဖိုင်၁.. Part01 ကနေစဖြည်ပြထားပါတယ်..။ Part01 ဖိုင်ပေါ်မှာ R/C (Right
Click) ထောက်ပါ.. Extract Files.. စာသားကိုကလစ်ပါ.. OK ပေါ်ရင်နှိပ်ပါ..
ဖိုင်တွေစဖြည်နေပါပြီ.. ဖိုင်တွေတခုပြီးတခု သူ့ဖာသာဖြည်နေပါတယ်..။ ဒါပေမယ့်
နံပါတ်စဉ်တိုင်း မဟုတ်တဲ့ ဖိုင်တွေကို ဘောက်စ်လေးတခု
ပေါ်လာပြီး တောင်းပါတယ်.။ အောက်ကပုံအတိုင်းပါ..။ ဒါဆိုရင် ကျနော်တို့က
Browse ကနေ သွားပြီး သူတောင်းတဲ့
ဖိုင်နံပါတ်လေးတွေကို ရွေးပေးလိုက်ပါ.. အောက်ကပုံလိုမျိုး part11_2
ကိုတောင်းပါတယ်.. ဖိုင်တွေထဲမှာ part11_2 ဖိုင်မရှိတဲ့ အတွက်..
ရှိနေတဲ့ part11_3 ကို ရွေးပေးပြီး ဒုတိယပုံလိုမျိုး OK,
OK နှိပ်ပေးလိုက်ပါ..။ အဲဒါမျိုး ဘောက်စ်လေးတွေ အများကြီး
ခဏခဏ ပေါ်လာပါလိမ့်မယ်..။ ပေါ်လာတိုင်း သူတောင်းတဲ့
နံပါတ်စဉ်တိုင်း ရွေးပေးလိုက်ပါ..။ ဒါဆိုရင်
ဖိုင်အားလုံးကို ဖြည်ပြီးသား ဖြစ်သွားပါလိမ့်မယ်..
အောက်မှာတော့
ဖိုင်တွေအားလုံးကို ဖြည်ချပြီးသား Microsoft Office Professional Plus
2010 ဆော့ဝဲလ်ကို ရရှိပါပြီ..။ ဖူးဖြစ်အောင် လုပ်နည်းလေးကို အောက်မှာ
ဆက်ကြည့်လိုက်ပါ..
အပေါ်ပုံတွေအတိုင်း Install
ဆွဲထည့်ပြီးသွားပါပြီး.. အောက်ကပုံအတိုင်း Microsoft Word 2010
ကိုအောက်ကပုံအတိုင်း Start ကနေသွားဖွင့်လိုက်ပါ..။
Microsoft Word 2010 ပွင့်လာရင် အပေါ်ကပုံလိုမျိုး ဘောက်စ်လေးကို ကလစ်ပြီး Ok ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Change Product Key ကိုဖွင့်လိုက်ပါ.. Internet လိုင်းပါ ဖွင့်ထားဖို့ မမေ့ပါနဲ့.. သူ့ကို လိုင်းပေါ်ကနေ အစစ်ဖြစ်အောင် လုပ်ယူမှာပါ..
Close ကိုနှိပ်ပြီး Microsoft Word 2010 ကိုပါ အောက်မှာပြထားတဲ့ ပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။
ပြီးရင်တော့ Antivirus ပရိုဂရမ်တွေကို
ခဏပိတ်ထားလိုက်ပါ..။ ကျနော့်မှာ လက်ရှိထီးလေးကို အသုံးပြုနေလို့
ဒီပုံနဲ့ပဲ ပြပေးလိုက်ပါတယ်..။ ထီးသုံးနေတဲ့သူများ အောက်ကပုံလိုမျိုး
ထီးလေးကို ခဏပိတ်ထားလိုက်ပါ..။
ပြီးရင်တော့ E-Z Activator Toolkit ကို ၂ချက်တောက် ဖွင့်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။
Office 2010 was succesfully activated
စာသားပေါ်လာရင် ဖူးဖြစ်သွားပါပြီ.. အပေါ်ပုံအတိုင်း ကြတ်ခြေခတ်ကို နှိပ်ပြီး
ပိတ်လိုက်လို့ ရပါပြီ..။
ဒါကတော့
အခုလုပ်လိုက်တဲ့ Full Activate ဖြစ်သွားတဲ့ Microsoft Office Professional
Plus 2010 နဲ့ စာရိုက်ပြထားတာပါ..။ ပိတ်လိုက်ဖွင့်လိုက်
အကြိမ်ကြိမ်လုပ်ပြီးမှ စာရိုက်ပြထားတာပါ..။ ဘာကီးမှ ထပ်မတောင်းတော့ပါဘူ..။
အဆင်ပြေသွားပါပြီ.. ဒီလောက်ဆိုရင် စာဖတ်ရုံနဲ့ နားမလည်တဲ့သူများအတွက်
အဆင်ပြေလောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..
လွင်မင်းဗိုည်မှ မျှဝေပေးသည်..။
0 comments:
Post a Comment