RSS
Facebook
Twitter

Thursday, 10 October 2013






clip_image001

Firefox Browser ဟာ နာမည်ကြီး Browser တစ်ခုဖြစ်ပြီး 
 
Desktop မှာသာမက Mobile App မှာလည်း Add-On တွေကို အသုံးပြုလို့ ရတဲ့ Browser ပါ။ 
 
အသစ်ထွက်လာတဲ့ Version 24.0 မှာ ညအချိန်မှာ စာဖတ်လို့ ကောင်းအောင်ပြုလုပ်ပေးထားတဲ့
 NightMode ၊အလွယ်တကူ 
Share လုပ်နိုင်တဲ့ Quick Share ၊ NFC Sharing Support ၊ WebRTC စတဲ့ Feature အသစ်တွေ 
ပါရှိလာပါတယ်။
ဘာသာစကားအသစ်တွေကိုလည်း Support ပေးလာပါတယ်။
 
 
 
Night Mode
 
ညအချိန်မှာ Firefox Browser ကနေ စာဖတ်လို့ ရအောင်ပြုလုပ်ပေးထားပါတယ်။ 
 
Night Mode ကိုသုံးရင် Elements တွေ တော်တော်များများကို 
 
ဖယ်ရှားပေးထားပြီးစာကို အဆင်ပြေစွာဖတ်နိုင်ပါတယ်။
 
 Night Mode ကိုအသုံးပြုဖို့  Address Bar ဘေးက Reader Icon ကိုနှိပ်ပါ။
 
Bottom Toolbar က Aa link ကိုနှိပ်ပြီးလည်း Night Mode ကိုသုံးနိုင်ပါတယ်။
 
Aa link ကိုနှိပ်ပြီး Dark ကိုနှိပ်ရမှာပါ။
 
 
clip_image002

Quick Share
 
နောက်ထပ် Feature အသစ်တစ်ခုကတော့ Web Page တွေကို အလွယ်တကူ Share လုပ်ပေးနိုင်တဲ့ 
 Quick Share ပါ။
 
သင့် ဖုန်း ဒါမှမဟုတ် Tablet က Menu Button ကိုနှိပ်ပြီး Firefox ရဲ့ Menu ကိုအသုံးပြုလို့ ရပါပြီ။
 
ဒါဆိုရင် Share လွယ်လွယ်လုပ်လို့ ရပါပြီ။
 
 
clip_image003

NFC Sharing Support
 
သင့်ဖုန်းက NFC Support ပေးရင် Firefox ကနေ Websites တွေကို
 
 ဖုန်းတစ်လုံးကနေအခြားတစ်လုံးကို Share လုပ်လို့ ရပါပြီ။
 
 
WebRTC
 
WebRTC ကို Support ပေးလာပါတယ်။ RTC က Real Time Communications လို့ အရှည်ခေါ်ပြီး 
 
 Real-Time Chat,Video Conferencing , File Sharing စတာတွေ ပြုလုပ်လို့ ရလာပါပြီ။
 
 
New Language Support
 
Firefox ကို Swedish,British(English),Catalan,Braille စတဲ့ 
 
ဘာသာစကားတွေ နဲ့ အသုံးပြုလို့ ရလာပါပြီ။
 
Firefox 24.0 မှာဆိုရင်အရင် ဗားရှင်းတွေက Error, Bugs တွေကို ပြင်ဆင်ထားပြီး WebRTC လို
 အသုံးဝင်တဲ့ Features တွေ 
ပါရှိလာတဲ့အတွက် Update လုပ်ပြီးအသုံးပြုသင့်ပါတယ်။
 Firefox မရှိသေးတဲ့သူတွေ ကတော့ အောက်ကလင့်တွေ မှာဒေါင်းလုပ်လုပ်ပါ။
 
 
Download Firefox 24.0  from
 
 
 or
 
 
 
Enjoy!
 
Hnget Ngai
 
 

0 comments:

Post a Comment