ကျွန်တော်ဒီတစ်ခါ ဆော့ဝဲလ် လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်တဲ့
ဆော့ဝဲလ်လေးပါ။ Miscrosoft တို့ PDF တို့လိုမျိုးလေးပါ။ ဒီကောင်လေးက ဘာ
အားသာလဲဆိုရင် တစ်ရွက်ချင်း လှန်ပြီးဖတ်လို့ရတယ်။ တချို့ က စာရွက်လှန်ပြီး
ဖတ်ရတာကို ပိုပြီးတော့ သဘောကျ ကြတယ်လေ။ အဲလိုလှန်ဖို့ကျတော့ အပြင်မှာ
စာအုပ်ရှိမှ လှန်ဖတ်လို့ရတာပေါ့ ။ ဒါပေ့မယ့် အခုတော့ မိမိ ကွန်ပျူတာမှာပဲ
Ebook တွေကို တစ်ရွက်ချင်းလှန်ဖတ်လို့ရအောင် ဒီကောင်လေးက
လုပ်ဆောင်ပေးပါလိမ့်မယ်။ အရမ်းကောင်းပါတယ်။ တစ်ခုသတိထားရမှာက Ebook က PDF
ပဲ ဖြစ်ရပါ့မယ်။ Mircrosoft office ဆိုရင် တော့ ဖတ်လို့ မရပါဘူး ။
သုံးနည်းက လွယ်လွယ်လေးပါ။ အရင် ဆုံး ကျွန်တော်ပေးထားတဲ့ ဆော့ဝဲလေးကို
ဒေါင်းလော့ချလိုက်ပါ။ ပြီးရင် အဲဒီကောင်လေးကို run လိုက်ပါ။ဘာကီးမှ
မလိုပါဘူး။ ပြီးပြီဆိုရင် မိမိဖတ်ချင်သော PDF ဖိုင် ပေါ်မှာ right click
ထောက်ပါ။ Open with ကိုသွားပါ ။ အဲဒီမှာ Martview ဆိုတာကို
ရွေးပြီးဖွင့်ပါ။ ဒါဆိုရင်တော့ စာအုပ်တွေကို မိမိကွန်ပျူတာမှာပဲ
တစ်ရွက်ချင်းလှန်ဖတ်လို့ရပါပြီ ။ စာရွက်လှန်တဲ့နေရာမှာ left click
လေးဖိပြီးတော့ လှန်ရပါတယ်။ right click ကိုဖိတယ်ဆိုရင်တော့ Move
လုပ်ခြင်းဖြစ်ပါတယ်။ ကဲပုံလေးနဲ့ နမူနာပြမယ်ဗျာ။
မိုက်တယ်ဟုတ်။ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်တော့ဗျာ။
တစ်ခုခု အဆင်မပြေခဲ့ဘူးဆိုရင် C box မှာ ပြောခဲ့ပေးပါနော်။
အဆင်ပြေကြပါစေ....
To download >> Mediafire
အားလုံးကိုလေးစားလျက်.....





0 comments:
Post a Comment