RSS
Facebook
Twitter

Wednesday, 2 October 2013

Quick Selection Tool







Quick Selection Tool က ပုံတစ်ပုံရဲ့ အစိတ်အပိုင်းကို လျင်မြန်စွာ ရွေးချယ်နိုင်ပါသည်။ Quick Selection Tool ကိုယူပြီး ပုံတစ်ပုံပေါ်က ကိုယ်ရွေးချယ်လိုတဲ့ နေရာတစ်လျှောက်ကို Mouse လေးဖိဆွဲသွားရုံပါပဲ…..




Magic Wand Tool

Magic Wand Tool သည် အရောင်ဆင်တူသည့် နေရာများကို Mouse လေးဖြင့် ကလစ်တစ်ချက် နှိပ်ရုံဖြင့် အရောင်များ၏ ဆင်တူသည့်နေရာတစ်ခုလုံးကို အလိုအလျောက် ရွေးချယ်ပေးပါသည်။

ပြီးလျှင် Ctrl+Shift+I (Inverse Selection) နှိပ်ပါ။
Tool Box မှ Move Tool ကိုရွေးချယ်ပြီး ရွှေ့ပါ။ Ctrl+D ဖြင့် Selection ဖျောက်ပါ။






Shift + Mouse – Magic Wand Tool ဖြင့် Selection ပေါင်းခြင်းကို အသုံးပြုသည်။

Alt + Mouse – Magic Wand Tool ဖြင့် Selection နှုတ်ခြင်းကို အသုံးပြုသည်။

Magic Wand Tool ၏ Tool Options Bar မှ Tolerance တန်ဖိုးများအသုံးပြုပုံ
Tolerance ဆိုသည်မှာ သူ့တွင် ပမာဏတန်ဘိုး များများ ထည့်သွင်းအသုံးပြုလျှင် ပုံရိပ်အတွင်းရှိ အရောင်ရွေးချယ်နိုင်မှု ဧရိယာ ကျယ်ပြန့်မှာဖြစ်ပြီး တန်ဘိုးနည်းရင်တော့ ရွေးချယ်နိုင်တဲ့ ဧရိယာကျဉ်းနေမှာပါ။
အောက်က ပုံလေးကို ကြည့်လိုက်နော်…..

About these ads

0 comments:

Post a Comment