မိမိတို့ရဲ့ ဝင်းဒိုးထဲက ဖိုင်တွေနဲ့ DVD အခွေမှ ရုပ်ရှင်၊ Video တွေ၊
ဝင်းဒိုးခွေတွေလို Bootable ဖြစ်တဲ့ အခွေတွေကို အလွယ်တကူ ISO ဖေါ်မတ်နဲ့
Convert ပြောင်းပြီး သိမ်းပေးနိုင်တဲ့ AnyToISO Pro ဗါးရှင်းလေးပါ..။
ISO
ဖေါ်နဲ့ ပြောင်းသိမ်းလိုက်တဲ့အတွက် ဝင်းဒိုးခွေတွေနဲ့ တခြား Bootable CD/DVD
ဆိုရင်လည်း အခွေပြန်ကူးရင် Boot တက်မယ်၊ (ရိုးရိုး copy-paste နဲ့ ကူးတဲ့
CD/DVD အခွေတွေဆိုရင် Bootable မဖြစ်ပါ..။)
ရုပ်ရှင်တွေ
အများကြီးထည့်ကြည့်လို့ ရတဲ့ DVD အခွေတွေဆိုရင်လည်း မူရင်းအတိုင်း
အခွေပြန်ကူးလိုက်တာနဲ့ Menu မှာ မူရင်း DVD အတိုင်း ရုပ်ရှင်တွေကို
ရွေးချယ်ပြီး ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။
ISO ရဲ့ သဘောကတော့ မူရင်း DVD
အတိုင်း အားလုံးကို သိမ်းပေးတဲ့ သဘောပါပဲ..။
ISO ဖေါ်မတ်နဲ့ Convert
ပြောင်းပြီး သိမ်းလိုက်တဲ့အတွက် USB Pendrive တွေနဲ့ အလွယ်တကူ
ယူဆောင်သွားလို့ ရမှာဖြစ်ပါတယ်..။
အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့
ပြပေးထားပြီး.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့
ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။
လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ
ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။
Install ထည့်ပြီးတာနဲ့ အပေါ်ကပုံအတိုင်း ပိတ်လိုက်ပါ..။ အောက်ကပုံလေးအတိုင်း
patch ဖိုင်လေးကို ထည့်ပြီး Run ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့
ရသွားပါပြီ..။
ဒီကောင်လေးကို စဖွင့်သုံးတဲ့ အခါမှာ အောက်ကပုံလေးအတိုင်း ၃-နေရာကနေ ရွေးယူ
အသုံးပြုနိုင်ပါတယ်..။ ကျနော်ကတော့ Bootable ဖြစ်တဲ့ DVD အခွေကနေ ISO
ဖိုင်အဖြစ် ပြောင်းပြမှာ ဖြစ်လို့ အနီရောင်နဲ့ ပြထားတဲ့နေရာကနေ ဝင်သွားပြီး
အသုံးပြုပါတယ်..။ မိမိတို့စက်ထဲမှာ ISO ဖေါ်မတ်အဖြစ် ပြောင်းလဲလိုတဲ့ DVD
ကို ထည့်ထားပြီး အောက်ကပုံလေးအတိုင်း Make ISO ကို နှိပ်လိုက်ယုံပါပဲ..။
တခြား ဖိုင်တွေနဲ့ ဖိုင်ဖြည်တာတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာ
အသုံးပြုကြည့်ပါ..။
အောက်ကပုံလေးအတိုင်း အလုပ်လုပ်နေရင် ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ...။
100% ပြည့်သွားရင်တော့ အောက်ကပုံလေးအတိုင်း ကလစ်ပြီး ISO ဖိုင်လေးကို ဝင်ယူလို့ ရသွားပါပြီ..။
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်ပါပြီ..။ တခြား
အသုံးပြုလို့ရတဲ့ နေရာတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာ
အသုံးပြုကြည့်ပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။














0 comments:
Post a Comment