ဒီနေ့ခေတ်မှာ အွန်လိုင်းသုံးသူတိုင်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် သတိထားရမဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် အောက်မှာ အကောင်းဆုံး လုံခြုံရေးဆိုင်ရာ Firefox addons ( 7 )မျိုး ကိုဖော်ပြလိုက်ပါတယ်။
Stealther
Stealther ကတော့ သင် ဝက်ဆိုက်တွေကိုသွားရောက်ကြည့်ရှုပြီးတိုင်း သင့်ကို trace လိုက်လို့မရအောင် ခြေရာလက်ရာတွေ ဖျောက်ပေးပါတယ်။ ဒီ addon ဟာ browsing history, cookies, cache, recent tabs, တွေကို disable လုပ်ပေးပါလိမ့်မယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
Close ‘n’ Forget
Close ‘n’ Forget ကတော့သင် ဝက်ဆိုက်တခုကိုသွားကြည့်ပြီးရင် "special close button" လေးကိုနှိပ်လိုက်ရုံနဲ့ အဲဒီဆိုက်နဲ့ပက်သက်တဲ့အချက်အလက်တွေကို သင့်ရဲ့ web history တွေ cookies တွေကနေဖျက်ပေးမှာဖြစ်ပါတယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
WOT
ဒီ addon လေးကတော့ ကိုယ်ကြည့်မဲ့ ဆိုက်တွေ လုံခြုံမှုရှိမရှိ အဆင့်အတန်းခွဲခြား
သက်မှတ်ပေးမှာဖြစ်ပါတယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
NoScript
ဒီ addon လေးကတော့ လုံခြုံရေးအတွက်မရှိမဖြစ်သုံးသင့်တဲ့ addon လေးပါ။ Javascript, Java code အစရှိသော အန္တရာယ်ရှိတဲ့ code တွေ script တွေသင့်ကွန်ပျူတာထဲမှာ မ run နိုင်အောင် ကာကွယ်ပေးခြင်းဖြင့် သင့်ကို cross-site scripting attack တွေနဲ့ clickjacking attacks တွေ ရန်ကကာကွယ်ပေးမှာဖြစ်ပါတယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
Spamavert
ဒီ addon လေးတွေကတော့ မယ်စိတ်မချရတဲ့ website တွေမှာ register လုပ်တဲ့အခါ သင့် inbox ထဲ spam mail တွေ မရောက်လာစေရန် ကူညီပေးပါလိမ့်မယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
BetterPrivacy
ဒီ addon လေးကတော့ သင့် super cookie တွေကိုကာကွယ်စောင့်လျှောက်ပေးချင်းဖြင့် သင် tracking အလိုက်ခံရခြင်းမှကင်းဝေးအောင် ကာကွယ်ပေးပါလိမ့်မယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
Ghostery
ဒီ addon လေးကတော့ သင်ကြည့်နေတဲ့ဆိုက်က သင့်ကို tracking လိုက်နေသလား မလိုက်ဘူးလားဆိုတာ ဖော်ပြ သတိပေးမှာဖြစ်ပါတယ်။
ဒီမှာနှိပ်ပြီးသွားယူပါ
အားလုံးပဲအဆင်ပြေကြပါစေ.
0 comments:
Post a Comment