မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ပြင်ဆင်ဖို့နဲ့ မိမိတို့ မလိုချင်တဲ့ ပုံထဲက
အပိုင်းတွေကို အပေါ်ကပုံလိုမျိုး ဒီဆော့ဝဲလ်လေးနဲ့ ဖယ်ထုတ်လို့ ရပါတယ်..။
ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်ထဲမှာ Video ဖိုင်လေးနဲ့
တပိုင်းစီ လုပ်ပြထားတာ ပါရှိပါတယ်..။ ဒါကြောင့် အသုံးပြုလိုတဲ့ သူများအတွက်
လေ့လာလို့ အဆင်ပြေစေမယ့် ကောင်လေးပါ..။
ဒီကောင်လေးကို ဖူးသုံးလို့ ရအောင်
patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး.. Antivirus တွေကို
ခဏပိတ်ထားပြီးမှ patch နဲ့ ဖူးဖြစ်အောင် လုပ်ပေးလို့ ရမှာပါ..။
အောက်မှာလည်း ကျနော် patch နဲ့ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို
ပြပေးထားပါတယ်..။
လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ
ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..။
patch ဖိုင်ထည့်ပြီး ဖူးသုံးလို့ ရအောင် လုပ်မှာဖြစ်လို့ Install ထည့်ပြီးတာနဲ့ အောက်ပုံလေးအတိုင်း အရင် ပိတ်ပစ်လိုက်ပါ..။
patch ထည့်နည်းက အရင်ကပိုစ့်တွေနဲ့ အတူတူပဲမို့ ကျနော် အများကြီး မပြတော့
.. လိုအပ်တဲ့ နေရာလေးကိုပဲ ပြပေးထားပါတယ်..။
အောက်ကပုံအတိုင်း (C:) ထဲက
ဒီကောင်လေး Install ဝင်သွားတဲ့ နေရာက ဒီကောင်လေးကို အောက်ကပုံလေးအတိုင်း
patch စာသားနေရာကနေ သွားယူ ကလစ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့
ရသွားပါပြီ..။
အသုံးပြုတဲ့အခါမှာတော့ အောက်ကပုံအတိုင်း ပုံတခုစီကို ကလစ်ပြီး Start
ပေးလိုက်ရင် Video ဖိုင်လေးနဲ့ ဘယ်လို အသုံးပြုရလဲဆိုတာ
ဖေါ်ပြပေးပါလိမ့်မယ်..။
နမူနာ ဖိုင်လေးတွေကို ကြည့်ပြီးသွားရင်တော့ OK ပေးပြီး ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။









0 comments:
Post a Comment