ဒီ Wallpaper လေးတွေကတော့ Windows 8 မှာ အသုံးပြုတဲ့ Wallpaper လေးတွေ
ဖြစ်ပြီး.. တခြား Windows 7 နဲ့ Windows XP အသုံးပြုတဲ့ သူများအတွက်ပါ
အသုံးပြုလို့ ရအောင် စုပြီး တင်ပေးထားပါတယ်..။
အောက်ကဒေါင်းလော့လင့်မှာ
လင့်တခုစီကို Windows 8 Wallpaper ဖိုင် ၃-ခုစီနဲ့ တင်ပေးထားတာဖြစ်လို့
မိမိတို့ အသုံးပြုချင်တဲ့ ဖိုင်ကို စာသားတွေ ကြည့်ပြီး
ဒေါင်းယူနိုင်ပါတယ်..။
Wallpaper ဖိုင်လေးတွေကို Install ဖေါ်မတ်နဲ့
ချုပ်ပေးထားတာ ဖြစ်ပြီး ဒီဖိုင်လေးတွေကို ၂-ချက်တောက်ပြီး Install
ထည့်လိုက်တာနဲ့ Personalization ဘောက်စ်တန်းပေါ်လာပါလိမ့်မယ်..။
အဲ့ထဲမှာမှ
ပြန်ပြီး ၁၀ စက္ကန့်စီနဲ့ Save ပေးလိုက်ရင် မိမိတို့ ဝင်းဒိုးရဲ့ Desktop
ပေါ်မှာ ဒီ Wallpaper လေးတွေ တပုံပြီးတပုံ ပေါ်နေမှာ ဖြစ်ပါတယ်..။
အသုံးပြုတတ်အောင် အောက်မှာ နမူနာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ မိမိတို့ရဲ့
ဝင်းဒိုး Desktop မှာ Windows 8 Wallpaper လေးတွေ
အသုံးပြုလိုတဲ့
သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင် ၅-ခု ပေါင်း 160 MB
ရှိပါတယ်..။
Winrar နဲ့ ချုပ်ပေးထားတဲ့ ဖိုင်တခုစီမှာ Install ထည့်ပေးရမည့် Wallpaper
ဖိုင် သုံးခုစီပါပြီး.. မိမိတို့ အသုံးပြုလိုတဲ့ ဖိုင်လေးကို ၂-ချက်တောက် ၊
အောက်ကပုံလေးအတိုင်း Install ထည့်ပေးပြီး Personalization မှာ
လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေပါပြီ..။
ပုံတွေအားလုံးကို Select All ပေးပြီး Save လိုက်ရင် ရပါပြီ..။ အားလုံးပဲ Wallpaper အလန်းလေးတွေနဲ့ အဆင်ပြေပါစေ..









0 comments:
Post a Comment