RSS
Facebook
Twitter

Saturday 1 February 2014

The Fifth Estate

ကဲ...ဒီတစ်ခါတော့ နာမည်ကြီးတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားလေးကို ပြောပြမယ်ဗျာ။ WikiLeaks ဝက်ဘ်ဆိုဒ်ကိုတည်ထောင်တဲ့ Julian Assange ဆိုရင် သိကြမှာပါ။ 
သူ့အကြောင်းကို ရိုက်တဲ့ဇာတ်ကား နှစ်ကားထွက်ပါတယ်။ The Fifth Estate ရယ် We Steal Secrets : The Story Of Wikileaks ရယ်ပါ။ နှစ်ကားလုံးကို Assange က "ဒီဇာတ်ကားနှစ်ကားလုံးဟာ WikiLeaks အကြောင်းကိုရိုက်ပြတာမဟုတ်ဘဲနဲ့ WikiLeaks ကိုတိုက်ခိုက်ဖို့ရိုက်ပြတာ၊ Anti-WikiLeaks ဇာတ်ကားတွေပဲ" လို့ ဝေဖန်ထားပါတယ်။ 
The Fifth Estate က Biography Movie ဖြစ်ပြီးတော့ We Steal Secrets ကတော့ Documentary ဇာတ်ကားဖြစ်ပါတယ်။
The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။ Daniel Domscheit Berg ဟာ Assange ရဲ့ အရမ်းအားကိုးရတဲ့ သူငယ်ချင်းပါ။ သူတို့နှစ်ယောက် စိတ်ဝမ်းကွဲပြီးတဲ့နောက် Daniel က စာအုပ်ရေးပြီး WikiLeaks ရဲ့အတွင်းရေးတွေကို ဖွင့်ချပြပါတယ်။ အဲဒီစာအုပ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီးတဲ့နောက် ဟက်ကာတွေရဲ့ ဘဝကို နားလည်လာမှာပါ။ ဟက်ကာဖြစ်ဖို့ ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်။ ပိုက်ဆံတွေ ဘယ်လိုရှာခဲ့ရတယ်။ ကိုယ်ပိုင်ဆာဗာထောင်နိုင်အောင် ဘယ်လိုစုခဲ့ရတယ်။ အစိုးရမသိအောင် ဘယ်လိုပုန်းနေရတယ်။ အကယ်၍မိသွားရင်လည်း ကိုယ်အရမ်းချစ်ရတဲ့ကွန်ပျူတာနဲ့ အစိုးရတွေက အဝေးဆုံးမှာ ထားထားတာပါ။
ဒီဇာတ်ကားမှာ Assange က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီဝက်ဘ်ဆိုဒ်ကိုထောင်ခဲ့တယ်ဆိုတာကို လေ့လာရမှာပါ။ နောက်ပြီး သူလုပ်လိုက်တဲ့အမှုက ဘယ်လောက်တောင် ကမ္ဘာကိုတုန်လှုပ်စေခဲ့တယ်ဆိုတာ သိရမှာပါ။ နောက်ပြီး သူဘာလို့ ခေါင်းတွေစွတ်စွတ်ဖြူနေတာလဲဆိုတာကိုလည်း တွေ့ရမှာပါ။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ညွှန်းလိုက်ရပါတယ်။ 
ရုပ်ရှင်အစအဆုံးကြည့်ရန် Movie Locos ကိုနှိပ်ပါ။

ကျွန်တော် အခုလိုရုပ်ရှင်ကားတွေကို တင်ပေးတာဟာ ဝါသနာတူသူငယ်ချင်းတွေ ဇာတ်ကားကောင်းလေးတွေ ကြည့်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဇာတ်ကားကြည့်တဲ့အခါ ရုပ်ထွက်ကောင်းကောင်း၊ အသံကြည်ကြည်နဲ့ ကြည့်ရတာကိုပဲ လူတိုင်းသဘောကျကြမှာပါ။ 

တကယ်တော့ viooz.co ကနေ တင်ပေးနေရတာကို ကျွန်တော်သိပ်မကြိုက်ပါဘူး။ showbox တို့ moviebox တို့ဟာလည်း ဆိုရလောက်အောင် အားမရပါဘူး။ ရုပ်ထွက်ဟာ သိပ်မသိသာပေမယ့် အသံပိုင်းမှာတော့ တအားသိသာပါတယ်။ ဘာလို့အဲသလိုဖြစ်တာလဲဆိုတော့ video encoding system ကွာလို့ပါ။ နောက်အလျဉ်းသင့်လျှင် encoding အကြောင်းကို ပို့စ်ရေးပေးပြပါ့မယ်။ ရုပ်ထွက်ကော အသံထွက်ကော ရှယ်တွေချည်းပဲတင်တဲ့ ဝက်ဘ်ဆိုဒ်တွေ ပေးမယ်လေ။ ဘယ်လိုသဘောရကြလဲ။

0 comments:

Post a Comment