Adobe
က Mobile Flash Development ကိုရပ်နားတော့မယ်လို့  မကြာခင်က
ဆုံးဖြတ်ခဲ့ပါတယ်။နောက်ပိုင်း Android Device တွေမှာ Flash Player
ပါရှိလာမှာမဟုတ်တော့ပါဘူး။
အဲဒီအတွက် Internet က Video,Flash Content တွေကို
သင့်ဖုန်းကနေ ကြည့်လို့  မရတော့ပါဘူး။ဒါပေမယ့် Flash Player ကို
အင်စတောလုပ်ပြီးအသုံးပြုနည်း တော့ရှိပါတယ်။
Download Flash Player
Flash Player ကို Play Store မှာ မတင်ပေးတော့ပါဘူး။
Flash Player ကို Adobe ရဲ့ Official Page
ကနေဒေါင်းလုပ်လုပ်ပါ။အောက်ဘက်ကိုဆင်းကြည့်ရင် Android အတွက် Flash Player
တွေကိုတွေ့ နိုင်ပါတယ်။
သက်ဆိုင်ရာ Android Version
အလိုက်ရွေးချယ်ဒေါင်းလုပ်လုပ်ပါ။Flash Player နောက်ဆုံး Version
ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။
ဥပမာအားဖြင့် Android Version 4.0 အတွက် Flash
Player Version တွေအများကြီးရှိပြီး နောက်ဆုံး Version
ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။
Android 4.0 အထိပဲတွေ့ ရမှာဖြစ်ပါပေမယ့် 4.0
ထက်အမြင့်ဖုန်းတွေအတွက် 4.0 ကိုပဲအင်စတောလုပ်လို့ ရပါတယ်။
Flash ကို Install ပြုလုပ်ခြင်း။
အင်စတာလုပ်ဖို
့အတွက် Settings>Security>Unknown Sources ကို
အမှန်ခြစ်ပေးထားရပါမယ်။
ဖုန်းတစ်လုံးနဲ
့တစ်လုံးတော့တူမှာမဟုတ်ပါ။ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ Flash Player
(apk) ကိုအင်စတောလုပ်လို့ ရပါပြီ။
Flash Player ကိုအသုံးပြုခြင်း။
Flash
Player ကိုအင်စတောလုပ်ပြီးရင် အသုံးပြုဖို့  Browser App တစ်ခုကို
Configure လုပ်ရပါမယ်။
အရင်လို Browser တွေအားလုံးမှာ အလိုလို အသုံးပြုလို
့မရတော့ပါဘူး။Browser တော်တော်များများက Flash Player ကို Support
မပေးတော့လို့ ဖြစ်ပါတယ်။
အကောင်းဆုံး အဆင်အပြေဆုံး ဖြစ်မယ့် Browser ကတော့ Firefox ဖြစ်ပြီး Firefox ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။ Settings>Plugins ထဲဝင်ပြီး Enabled or Tap to play ရွေးပေးထားပါ။
ဒါဆိုရင်တော့
သင့် Android Phone မှာ Flash Content တွေကိုကြည့်ရှုနိုင်ပါပြီ။
ဝက်ဆိုက်တော်တော်များများက Flash Contents တွေကို ကြည့်လို
့ရမှာဖြစ်ပေမယ့်တစ်ချို့ ဆိုက်တွေက သင့် ဖုန်း ရဲ့ User Agent ကိုသိပြီး Block လုပ်ကောင်းလုပ်နိုင်ပါတယ်။
User Agent ဆိုတာကတော့သင်ကြည့်နေတဲ့ Device အမျိုးအစားကိုပြောတာပါ။ Android Device ကနေ ကြည့်နေမှန်းသိလို့  Block လုပ်တာဖြစ်ပါတယ်။
အဲလို အခြေအနေမှာဆိုရင် Firefox Add-on တစ်ခုဖြစ်တဲ့ Phony ကိုသုံးပြီး User Agent ကို Desktop ကိုပြောင်းပြီးကြည့်နိုင်ပါတယ်။
တစ်ခုမှတ်ထားရမှာက
Update မပေးတော့တဲ့ Plugin တွေ အထူးသဖြင့် Flash Player
ကိုအသုံးပြုခြင်းဟာ Security ပိုင်းအရစိုးရိမ်စရာရှိပါတယ်။
အဲဒီအတွက် Flash Player ကို အသုံးပြုဖို့  “Tap to play” option ကိုရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။
IT Helper မှမျှဝေခြင်းဖြစ်သည်။
Enjoy!
Hnget Ngai
0 comments:
Post a Comment