Soft Organizer 3.25 Final
ဒီဆော့ဝဲလ်လေးကတော့ ကျနော်တို့ ဝင်းဒိုးထဲက ပရိုဂရမ်တွေကို Uninstall
နဲ့ ပြန်ထုတ်ပစ်ချင်တဲ့အခါ ဒီကောင်လေးနဲ့အဆင်ပြေပါတယ်..။ ပရိုဂရမ်တွေ
ထုတ်ပစ်တဲ့အခါ Traces လို့ခေါ်တဲ့ ဆော့ဝဲလ်တွေရဲ့ လက်ကျန်ဖိုင်တွေနဲ့
ကီးတွေကိုပါ တခါတည်း လိုက်ရှာပြီး ရှင်းပစ်ပေးနိုင်ပါတယ်..။ ဒီကောင်လေးကို
ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး.. အောက်မှာလည်း
ပုံလေးတွေနဲ့ အစ၊အဆုံး ဖူးဖြစ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ..
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့
သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB
ရှိပါတယ်..။
ှုInstall ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပြီး အောက်ကပုံလေးတွေအတိုင်း crack ဖိုင်လေး ထည့်ပြီး ဖူးသုံးလို့ ရအောင် အရင်လုပ်ပေးလိုက်ပါ..။
Open file location ကနေ crack ဖိုင်လေးကို အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ရင် ရပါပြီ..။
အသုံးပြုတဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်း မိမိတို့
ထုတ်ပစ်လိုတဲ့ ဆော့ဝဲလ်ကို တချက်ကလစ်လိုက်ပါ..။ ပြီးရင်တော့ Uninstall
Application စာသားနေရာကို နှိပ်ပေးလိုက်ရင် ရပါပြီ..။ အစိမ်းရောင်နဲ့
ဝိုင်းပြထားတဲ့ နေရာကတော့ တခြား Features တွေကို ဝင်ယူအသုံးပြုလို့
ရမှာ ဖြစ်ပြီး.. အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကတော့ မိမိတို့စက်ထဲမှာ
Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ ဗါးရှင်းတွေကို တချက်ကလစ်လိုက်တာနဲ့
အားလုံးကို Notepad နဲ့ ဖေါ်ပြပေးမှာပဲ ဖြစ်ပါတယ်..။ တခြား အသုံးဝင်တဲ့
Features တွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။
ဆော့ဝဲလ်တွေ ထုတ်ပစ်တဲ့အခါမှာတော့ အောက်ကပုံလေးတွေအတိုင်း စောင့်နေပေးလိုက်ပါ..။
Search ပေါ်လာတဲ့ အခါမှာတော့ တချက်ကလစ်ပြီး
ဆက်လုပ်ပေးလိုက်ပါ..။ အောက်ကပုံလေးအတိုင်း အမှန်ခြစ်လေးနဲ့ Finish
စာသားပေါ်လာရင်တော့ မိမိတို့ ထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်ကို
မိမိတို့စက်ထဲမှ ကောင်းစွာထုတ်ပစ်ပေးပြီးသား ဖြစ်သွားပါပြီ..။
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးနဲ့ အသုံးပြုလို့ အဆင်ပြေလောက်ပါပြီ..။
လွင်မင်းဗိုလ် မှ မျှဝေသည်...။















0 comments:
Post a Comment