Windows နဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့
ဒီကောင်လေးရဲ့ အသုံးပြုနည်းနဲ့၊ အသုံးဝင်ပုံတွေက အရင်တင်ပေးခဲ့ဖူးတဲ့ အသုံးပြုနည်း ပိုစ့်အတိုင်းပါပဲ..။
ဒီကောင်လေးကလည်း ဝင်းဒိုးကို အဓိက လေးစေတဲ့ Clean
Registry, Defragment Registry, Remove Broken Shortcuts, Clean up
Windows and Programs, Clean up Browser, Optimize System Startup and
Shutdown, Defragment Hard Disk စတဲ့ နေရာတွေကို
တချက်ကလစ်ပေးလိုက်ယုံနဲ့
ရှင်းလင်းပေးမှာ ဖြစ်လို့.. လေးတတ်၊ နှေးတတ်၊
ဟမ်းတတ်တဲ့ စက်တွေမှာ ဆိုရင်တော့ မရှိမဖြစ် ဆောင်ထားရမယ့်
ဆော့ဝဲလ်ကောင်းလေးပါပဲ..။
အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ
ဆက်သုံးပါ..။
System ပိုင်းတွေကို ရှင်းလင်းပေးမယ့် ပရိုဂရမ်လေး
ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ရဲ့စက်ကို Restore Point လေးတွေနဲ့
Recover လုပ်ထားသင့်ပါတယ်..။
ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့
အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 29 MB ရှိပါတယ်..။
ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး ၂-ခုနဲ့
တွဲတင်ပေးထားဖြစ်ပြီး.. ဒီ crack ၂-ခုနဲ့ ဖူးသုံးလို့ ရအောင်ပါ အောက်မှာ
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ပိတ်လိုက်ပါ..။
ပြီးရင်တော့ အောက်ကပုံအတိုင်း crack ဖိုင်လေးထဲက Registration ဆိုတဲ့ ကောင်လေးကို ၂-ချက်တောက်ပြီး အရင် Run ပေးလိုက်ပါ..။
နောက် crack တခုကိုတော့ Open file location ကနေ ဒီကောင်လေးရဲ့ Install
ဝင်သွားတဲ့ ဖိုဒါလေးထဲမှာ အောက်ကပုံလေးအတိုင်း
သွားထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့
ရသွားပါပြီ..။
ဒီကောင်လေးကို ဖွင့်သုံးတဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း update
လုပ်ဖို့ ရှာခဲ့ရင် cancel နဲ့ ပိတ်ပစ်လိုက်ပါ..။ update
လုံးဝမလုပ်ပါနဲ့..။
အသုံးပြုတဲ့ အခါမှာတော့ Start analysis now ကို ကလစ်ပြီး
အသုံးပြုယုံပါပဲ..။ အရင်ပိုစ့်က ကောင်လေးအတိုင်း အသုံးပြုနည်း တူပါတယ်..။
အသုံးပြုပြီးတဲ့ အခါတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။


အမှန်ခြစ်တွေ ပေါ်လာပြီဆိုရင်တော့ ပိတ်ပစ်လိုက်ပြီး
Restart ပေးလိုက်ပါ..။ အောက်ကပုံမှာ ပြထားတဲ့ Features တွေကိုတော့ မိမိတို့
ကိုယ်တိုင်ပဲ လေ့လာ အသုံးပြုပေးပါ..။ ဒါဆိုရင်တော့ ဒီကောင်လေးနဲ့
အဆင်ပြေလောက်ပါပြီ..။
လွင်မင်းဗိုလ်မှ မျှဝေသည်။
















0 comments:
Post a Comment