RSS
Facebook
Twitter

Friday 6 December 2013





# 001 # Facebook Videos တွေကိုဘယ်လို Download လုပ်မလဲ

Facebook ပေါ်က Videos တွေကိုdownload ရယူတဲ့နည်းအများကြီးရှိပါတယ် IDM လိုမျိုးဆော့ဝ်တွေသုံးပြီးလည်းဒေါင်းလို့ရပါတယ်။
၁. http://www.downvids.net/ ဆိုတဲ့နေရာလေးကိုသွားလိုက်ပါ။
၂.အဲဒီမှာ "Enter The Video Link" ဆိုတဲ့နေရာ မှာ ကိုယ် လိုချင်တဲ့ Video Link လေးကိုထည့်ပေးလိုက်ပါ။
၃. ပြီးရင် Download ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၎. "Download This Video (Right Click>>Save As) " ကို နှိပ်ပေးလိုက်ပါ
၅. ဗီဒီယိုကိုဖွင့်ပြပါလိမ့်မယ်။ အဲဒါဆိုရင် Right Click > Save As ဆိုပြီး ကွန်ပျူတာထဲမှာ သိမ်းထားနိုင်ပါပြီ။

# 002 # Facebook Status ကို schedule ဘယ်လိုလုပ်မလဲ

ကိုယ့်ရဲ့ Facebook Status ကို ကိုယ်ကြိုက်တဲ့ အချိန်ကျမှ တင်ချင်တဲ့ လူတွေအတွက်ပါ။
၁. http://www.laterbro.com/ သွားပါ။
၂. ကိုယ့်ရဲ့ Facebook Account နဲ့ Login ၀င်လိုက်ပါ။
၃. ပြီးရင် တင်ချင်တဲ့ Status ရေးပေးပါ။
၎. သူပေးထားတဲ့ Time နဲ့ Date Settings တွေကို ကိုယ်ကြိုက်တဲ့ အချိန်ကိုပြောင်းပေးပါ။
၅. ပြီးရင် Account နာမည်နဲ့ Checkbox လေးကို click လုပ်ပါ။
၆. ပြီးရင်တော့ Schedule လုပ်လို့ရပါပြီ...

# 003 # ဖေ့စ်ဘုတ် နောက်ခံအရောင် ဘယ်လို ပြောင်းမလဲ

Gmail,Gtalk တို့ကို Google Theme တွေနဲ့ နောက်ခံပြောင်းလဲလို့ ရသလို ဖေ့စ်ဘုတ်ကိုလဲ ပြောင်းလဲ လို့ ရပါတယ်။
၁. stylishprofile ကိုသွားပါ။
၂. plug in ကို install လုပ်ပါ။
၃. ပေးထားတဲ့ အဆင့်တွေက လွယ်ပါတယ်။ အခု နောက်ဆုံးက အနက်ရောင် ခရစ်စတယ် တင်ထားပါလိမ့်မယ်။

# 004 # Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းပြီး သုံးချင်ရင်

Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်လိုက်ပြီဆိုတာနဲ့ Facebook ရှိရာကို မသွားရတော့ပဲ ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Facebook ထဲကို အိမ်မကွာ၊ကြမ်းမကွာ ရောက်သွားနိုင်ပါတယ်။
၁. G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။
၂. ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။
၃. Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို Enable ပေးထားပါ။
၎. Gadget ကိုနှိပ်ပါ။
၅. Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး Add နှိပ်ပါ။ http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml
၆. ပြီးသွားရင်တော့ G-mail ကို Refresh ပြန်လုပ်ပေးပါ။
၇. ဘယ်ဘက်အောက်နားမှာ face book Logo လေး ကို နှိပ်ရင် Box လေးတစ်ခုကျလာပါလိမ့်မယ်။
ဂ. Allow ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Face book ထဲကို Log-in ၀င်လို့ရပါပြီ ။


credit>>>(ဇေယျာစံ)

0 comments:

Post a Comment