RSS
Facebook
Twitter

Friday 6 December 2013




‘WhatsApp Messenger’ ကို စမတ်ဖုန်း ကောင်းကောင်းအသုံးပြုသူတိုင်း သိကြမှာပါ။ အခုတစ်ခါမှာတော့ iOS အတွက် အဆိုပါဆော့ဖ်ဝဲလ်ရဲ့ ဗားရှင်းအသစ် ထွက်ရှိလာပါပြီ။ Developer ကတော့ WhatsApp ကပဲ ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပြီး ဖိုင်အရွယ်အစား 18.6MB နဲ့ ဒီနေရာ မှာ Download ရယူနိုင်ပါတယ်။

‘WhatsApp Messenger’ ဟာ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ Message အပြန်အလှန်ပေးပို့ နိုင်တဲ့ App တစ်ခုဖြစ်ကာ အင်တာနက် ရှိထားဖို့တော့ လိုအပ်ပါတယ်။ Text Messages, ရုပ်ပုံတွေ၊ အသံဖိုင်တွေသာမက ဗီဒီယိုဖိုင်တွေကိုပါ Message ပို့နိုင်မှာ ဖြစ်ပြီး ပထမဆုံးအသုံးပြုတဲ့ ၁ နှစ်ကိုတော့ Free ပေးသုံးထားပါတယ်။ နောင်နှစ်တွေကျရင်တော့ ၁ နှစ်ကို ၀.၉၉ဒေါ်လာနဲ့ ပေးဆောင်ရမှာပါ။ ‘WhatsApp’ ဟာ iOS အတွက်သာမက အန်းဒရွိုက်ဖုန်းနဲ့ ၀င်းဒိုးဖုန်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

ဘာကြောင့် WhatsApp ကို သုံးသင့်လဲ?

မြန်မာနိုင်ငံမှာတော့ Viber ကို လူသုံးများကြပါတယ်။ ‘WhatsApp’ ဟာလည်း Viber လိုမျိုးပါပဲ။ ကြိုက်တဲ့ Message ကို ကြိုက်သလို အခမဲ့ ပေးပို့နိုင်ပြီး မည်သည့်ကုန်ကျစရိတ်မှ မလိုအပ်ပဲ အင်တာနက်ပဲ လိုပါတယ်။ Viber ထက် အားသာချက်ကတော့ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကိုပါ ပေးပို့နိုင်ခြင်းပါ။

Viber သုံးနေကျသူ ဆိုရင်တော့ သိမှာပါ။ ဒီ WhatsApp မှာလည်း Group Chat စကားပြောတာ၊ Profile လုပ်တာ၊ Contacts တွေနဲ့ ချိတ်ဆက်ပေးတာ၊ Offline Message တွေ သိမ်းထားပေးတာ၊ ကိုယ့်ရဲ့ Location ကို ဖော်ပြတာ၊ Wallpaper ပြောင်းတာ၊ Sticker လေးတွေ ပို့တာ၊ Message တစ်စောင်ကို လူအများဆီ ဖြန့်ဝေတာ စတဲ့ အလုပ်တွေကိုလည်း ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။

Version အသစ်မှာ ဘာတွေထူးခြား?

အခု ကျွန်တော်ဖော်ပြပေးလိုက်တဲ့ WhatsApp 2.11.5 ဗားရှင်းအသစ်ဟာ iOS အတွက် ဖြစ်တာနဲ့အညီ iOS 7 UI (User Interface) နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ကြီးမားတဲ့ Thumbs တွေ အသစ်ထည့်ပေးထားတဲ့ အပြင် 3D Map View စတဲ့ တည်နေရာဖော်ပြမှု စနစ်တွေဟာလည်း တိုးတက်လာပါတယ်။

App မှာသုံးမယ့် Noti Alerts နဲ့ Noti Sound တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ရုံမက Setting ထဲ ၀င်ပြီးတော့ မိမိသုံးမယ့် Font အရွယ်အစားကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ ဒါ့အပြင် စကားမပြောချင်တဲ့သူတွေကိုလည်း Block လုပ်နိုင်ပြီး Image တွေ ပို့တဲ့အခါမှာ မပို့ခင် လိုသလို ဖြတ်တောက်လို့ ရတဲ့ စနစ်အသစ် စတဲ့ ၀န်ဆောင်မှုတွေ ပါဝင်လာတာကို တွေ့ရပါတယ်။

သင့်အနေနဲ့ ‘WhatsApp’ မှာ Message တွေကို Backup လုပ်ထားချင်တယ်ဆိုရင် iCloud မှာ Backup လုပ်နိုင်ပါတယ်။ WhatsApp Setting>Chat Settings>Chat Backup အဲဒီမှာ “Back Up Now” ကို နှိပ်လိုက်ရင် စိတ်ချရပြီပေါ့။

Ref: Techspot

0 comments:

Post a Comment